HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ဇွန် ၈ ရက် ထုတ်ပြန်မည်  

တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်း ဇွန် ၈ ရက် ထုတ်ပြန်မည်   

ရန်ကုန်၊ ဇွန် ၅

တက္ကသိုလ်ဝင်စာ မေးပွဲအောင်စာရင်းကို လာမည့် ၈ ရက်တွင် ထုတ်ပြန်သွားမည်ဖြစ် ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဝက်ဘ်ဆိုဒ်တွင်လည်း ဝင်ရောက် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ၏ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ဇွန် ၈ ရက် နံနက် ၆ နာရီတွင်ထုတ်ပြန်သွားမည်ဖြစ်ပြီး အောင်စာရင်းကိုသက်ဆိုင်ရာ စာစစ်ဌာနအသီးသီးတွင်ကပ်ထားမည်ဖြစ်သလို အမှတ်(၁)အ ခြေခံပညာအထက်တန်းကျောင်း အင်းစိန်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း ရန်ကင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစမ်းချောင်း၊ လမ်းမ တော်မြို့နယ်အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း၊ ဒဂုံ မြို့နယ်အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းတို့တွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အောင်စာရင်းများကို ကပ်ထားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ သိရသည်။

''ဝက်ဘ်ဆိုဒ်မှာလည်းတင်မယ်။ ဒီနှစ်တော့တစ်နိုင်ငံလုံး ကြည့်လို့ရတဲ့ကျောင်းက စမ်း ချောင်း အထက(၂)တိုးလာတယ်''ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှညွှန်ကြားရေးမှူးချုပ်ဦးမျိုးညွှန့်က ဒီမိုကရေစီတူဒေးသို့ ဇွန် ၅ ရက်က ပြောကြားသည်။  တိုင်းဒေသကြီးပြည်နယ်အ လိုက်အောင်စာရင်းများကို တိုင်း ဒေသကြီးပြည်နယ်ပညာရေးမှူး ရုံးများတွင်လည်းကောင်း၊ ခရိုင်အလိုက်သိရှိလိုပါက ခရိုင်ပညာရေးမှူးရုံးများတွင်လည်းကောင်း၊ မြို့နယ်အလိုက်သိရှိလိုပါက မြို့နယ် ပညာရေးမှူးရုံးများတွင်လည်း ကောင်း ၈ ရက် နံနက် ၆ နာရီ နောက်ပိုင်းတွင် စုံစမ်းမေးမြန်းနိုင်မည်ဖြစ်သည်။


အောင်စာရင်းထုတ်ပြန်မည့်ရက်တွင် ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုဒ်ဖြစ်သည့် www.edu.gov.mmနှင့်မြန်မာနိုင်ငံစာစစ်ဦးစီးဌာနဝက်ဘ်ဆိုဒ်ဖြစ်သော www. myanmarexam.org တွင်လည်း ကောင်းဝင်ရောက်ကြည့်ရှုနိုင်ရန်စီစဉ်ထားမည်ဖြစ်ကြောင်းသိရ သည်။  ၂ဝ၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျောင်းသား၊ ကျောင်းသူရှစ်သိန်းခွဲဝန်းကျင် ဝင်ရောက်ဖြေဆိုထားပြီး အောင်စာရင်းထွက်ပြီး တစ်ပတ်အတွင်း အမှတ်စာရင်းများကို ထုတ်ပြန် ပေးမည်ဖြစ်သည်။

ATK

#democracytoday

Rate this item
(0 votes)
back to top