HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင်သုံးမည့် သံလမ်းတန်ချိန် ၂၈ဝဝ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ  

ရန်ကုန် - မန္တလေး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းတွင်သုံးမည့် သံလမ်းတန်ချိန် ၂၈ဝဝ ကျော် ရန်ကုန်ဆိပ်ကမ်းသို့ ထပ်မံရောက်ရှိ   

ရန်ကုန်

ရန်ကုန်-မန္တ လေးရထားလမ်းပိုင်း အဆင့်မြှင့် တင်ရေးစီမံကိန်းတွင် အသုံးပြုမည့် အရှည် ၈၂ ပေရှိ ရထားသံလမ်းတန်၂၈၅ဝ မှာ ဇွန် ၄ ရက်က ရန် ကုန်ဆူးလေဆိပ်ကမ်းသို့ ထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။ ယင်းသံလမ်းများကို တင် ဆောင်လာသည့် M.V SPN BANGKOK သင်္ဘောသည် ဇွန် ၄ ရက် ညနေပိုင်းက ရန်ကုန်မြို့ ဆူး လေဆိပ်ကမ်းသို့ရောက်ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။ အဆိုပါသံလမ်းများကို ဂျပန် နိုင်ငံမှ ဝယ်ယူထားခြင်းဖြစ်ပြီး ထို သံလမ်းများအား ရန်ကုန်မြို့ ဆူးလေ ဆိပ်ကမ်းမှ ရွာသာကြီး ကုန်းတွင်း ဆိပ်၊ ယင်းမှတစ်ဆင့် ရန်ကုန်- တောင်ငူရထားလမ်းပိုင်းတွင် အသုံးပြုရန်အတွက် ဆက်လက်ပို့ ဆောင်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အထွေထွေမန် နေဂျာ ဦးကျော်ကျော်မျိုးက ဇွန် ၅ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြော သည်။

''သံလမ်းတွေကိုသင်္ဘောနဲ့ ၂၂ ခေါက်နဲ့သယ်ယူမှာဖြစ်ပါ တယ်။အခုသံလမ်းတွေရောက်တာ ဒုတိယအသုတ်ပါ။ နောက်ထပ် သင်္ဘောတွေက တစ်လကိုနှစ် ခေါက်(သို့မဟုတ်)တစ်ခေါက် ရန် ကုန်ကိုရောက်လာမှာဖြစ်ပါတယ်''ဟု ၎င်းင်းကပြောသည်။  လက်ရှိ ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းတွင် အရှည် ၃၉ ပေသံချောင်းများကို အသုံးပြု ထားခြင်းဖြစ်ပြီး ရထားလမ်းပိုင်းအဆင့်မြှင့်တင်မှုစတင်လျှင် ယခု ရောက်ရှိထားသည့်သံလမ်းအသစ်များအား အစားထိုးအသုံးပြုမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သံလမ်းအမျိုးအစား များကို အသုံးပြုခြင်းအားဖြင့် ရန်ကုန်-မန္တလေးလမ်း အမြန်ရထား လမ်းပြေးဆွဲချိန်ကို ကီလို ၁ဝဝ မြန်နှုန်းမြင့်သွားမည်ဖြစ်ပြီး ပြေးဆွဲ ချိန်နှစ်ဆကွာခြားသွားနိုင်ကြောင်း၊ လက်ရှိ အမြန်ရထားလမ်းပြေး ဆွဲချိန်မှာ ၁၄ နာရီကြာမြင့်ပြီး စီမံကိန်းပြီးစီးသွားပါက ပြေးဆွဲ ချိန် ၈ နာရီသာကြာမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှ သိရ သည်။


ရန်ကုန်-မန္တလေးအမြန်ရ ထားလမ်းပိုင်းအဆင့်မြှင့်တင်မှုကို ဂျပန်နိုင်ငံမှ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံ အကူအညီဖြင့် လုပ် ဆောင်နေခြင်းဖြစ်ပြီး စီမံကိန်း ကာလ လေးနှစ်ကြာမြင့်မည်ဖြစ်ကာ ယင်းစီမံကိန်းပြီးစီးပါကလေအေးပေးစက်တပ်ဆင်ထားသည့်တွဲဆိုင်းအသစ်များပါသော လေ အိတ်ရထားများဖြင့် ပြေးဆွဲပေး မည်ဖြစ်ကြောင်း သိရသည်။ ပထမအသုတ်အဖြစ် ပြီးခဲ့ သည့်မေလ ၁ ရက်ကဂျပန်နိုင်ငံမှ ဝယ်ယူထားသော သံလမ်းတန် ချိန် ၂၈၅ဝ ကျော်ရောက်ရှိခဲ့ပြီး ယခုအခါ မန္တလေးတိုင်းဒေသကြီး၊ ပြွန်တန်ဆာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။


ရန်ကုန်-မန္တလေးရထား လမ်းပိုင်းအရှည် ၃၆၅ မိုင်ရှိပြီး လမ်းပိုင်းအဆင့်မြှင့်တင်မှုကို ရန်ကုန်မှ တောင်ငူလမ်းပိုင်းနှင့် တောင်ငူမှ မန္တလေးလမ်းပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။ လက်ရှိအချိန်တွင် စီမံကိန်းအတွက် လမ်းခင်းကျောက် များစုပုံခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ထားကြောင်း သိရသည်။ 

TTMT

#democracytoday

Rate this item
(0 votes)
back to top