HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လမ်းမပေါ်တွင် မီးခိုးအလုံးလိုက် ထွက်သည့် ကားများကို ဖမ်းမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား  

လမ်းမပေါ်တွင် မီးခိုးအလုံးလိုက် ထွက်သည့် ကားများကို ဖမ်းမည်ဟု  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ပြောကြား   

ရန်ကုန်

လမ်းမပေါ်တွင် လေထုညစ်ညမ်းနိုင်သည့် မီးခိုး အလုံးလိုက်ထွက်သည့်ကားများကို ဖမ်းဆီးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။  ဇွန် ၅ ရက်က ရန်ကုန်မြို့၊ ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် ပြုလုပ်ခဲ့သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ်အခမ်းအနား အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဦးဖြိုးမင်းသိန်းက''ကျွန်တော်တို့ မြို့မှာရှိနေတဲ့မောင်းနှင် နေတဲ့ကားတွေကို မီးခိုးထွက်နေတဲ့ကားတွေ့ကို အမှန်အတိုင်းပြော ရမယ်ဆိုရင်တော့ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အင်ဂျင်ကျနေတဲ့ မီး ခိုးထွက်နေတဲ့ကားတွေ လမ်းမပေါ်မှာမောင်းဖို့ မရနိုင်ပါဘူး။ ဒါ ပေမယ့် ကျွန်တော်တို့တတ်နိုင်သမျှ လူထုစီးပွားရေးဖွံ့ဖြိုးမှုအခြေအနေနဲ့ တချို့အခြေအနေတွေကို တတ်နိုင်သလောက်ထိန်းသိမ်းပြီး ဆောင်ရွက်နေတာရှိပါတယ်။ ဒါပေမဲ့ လာမည့်နှစ်မှာ လမ်းမပေါ် မှာသွားနေတဲ့ကားတွေဟာ မီးခိုးထွက်နေလို့တော့ မရနိုင်တော့ဘူး လို့ပြောရမှာဖြစ်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ကျွန်တော်တို့ ဟာ ၂ဝ၁၉ ခုနှစ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာ လေထုမညစ်ညမ်းဖို့ဖြစ်ပါတယ်။ လေထုမညစ် ညမ်းဖို့အတွက် ထိန်းသိမ်းရပါ့မယ်။

 

ကျွန်တော်တို့ဒီနေ့လုပ်တဲ့အခမ်းအနားပွဲတွေဟာ နိုင်ငံတကာကလုပ်လို့၊ ကမ္ဘာမှာလက်မှတ် တွေရေးထိုးထားလို့၊ ကျွန်တော်တို့နိုင်ငံလည်း ဒီကဏ္ဍာမှာပါဝင်ရမှာမို့လို့ ဒီဟာကို အခမ်းအနားတစ်ခုအနေနဲ့လုပ်နေတာမဟုတ် ပါဘူး။ ဒီနေ့ကျွန်တော်တို့ပြောမယ့် စကားတွေ၊ ကျွန်တော်တို့ လုပ် မယ့်လုပ်ငန်းတွေဟာကတိက ဝတ်တစ်ခုအနေနဲ့ ပြုရမှာဖြစ်ပါတယ်။ ၂ဝ၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာ ကျွန်တော် တို့ရဲ့ကတိကဝတ်ဟာ တကယ့်သန့်စင်တဲ့လေကိုရှုရှိုက်နိုင်ဖို့အတွက် ညစ်ညမ်းမှုတွေကိုကာကွယ်ရမှာ ဖြစ်ပါတယ်။ ဒီအတွက် ဒီနှစ်အ တွင်းမှာ လမ်းမပေါ်သွားနေတဲ့ကားတွေမှာ မီးခိုးအလုံးလိုက်ထွက် နေရင်ဖမ်းရပါလိမ့်မယ်။ ဒီနှစ်အတွင်းမှာ စက်မှုလုပ်ငန်းတွေကနေ ပြီးခေါင်းတိုင်တွေကနေပြီး မီးခိုးအမည်းရောင်အလိပ်တွေထွက် နေရင် ထိန်းသိမ်းရပါလိမ့်မယ်။ ဒီကဏ္ဍနယ်ပယ်တွေကို ပြုပြင် ပြောင်းလဲရပါလိမ့်မယ်''ဟု ပြောကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း မီးခိုးအထွက်သည့် CNG ကားများကို Public Transport အနေဖြင့်သုံးစွဲခဲ့ကြောင်း သိရသည်။

AA

#democracytoday

Rate this item
(0 votes)
back to top