HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ခဲ့သည့် ဒေသခံတစ်ဦး မန္တလေး အိုးဘိုထောင်တွင် သေဆုံး

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ စီမံကိန်းကို ကန့်ကွက်ခဲ့သည့် ဒေသခံတစ်ဦး မန္တလေး အိုးဘိုထောင်တွင် သေဆုံး

ရန်ကုန်

ပုသိမ်ကြီး မြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်းကို ကန့်ကွက်မှုကြောင့် ဖမ်းဆီးခံထားရသည့် အောင်သပြေကျေးရွာသားတစ်ဦး မန္တလေး အိုးဘိုထောင်ထဲတွင် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူမှာ အသက် (၃ဝ) ကျော်အရွယ် ဦးထွန်းမြင့်ဝင်း (ခ) ကိုထွန်းသည် ဇွန် ၅ ရက်၊ နံနက် ၇ နာရီခန့်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ မန္တလေးဗဟို အကျဉ်း ထောင်(အိုးဘို)၊ အချုပ်ထောင် ဆေးရုံတွင် ဆေးကုသနေစဉ် သေဆုံးခြင်းဖြစ်ကြောင်း ပုသိမ်ကြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်ဇော်မင်း ဦးက အတည်ပြုပြောသည်။

''ထောင်ထဲမှာသေဆုံးတာ ဟုတ်ပါတယ်။ သူ့ကို ဇွန် ၂ ရက်က ဖမ်းဆီးရေးအဖွဲ့က ဖမ်းလာတယ်။ အမှုနဲ့စစ်ဆေးဖို့ ချုပ်ရမန် တောင်း ပြီးတော့ အကျဉ်းထောင်ကို ပို့ရ တာ။ အကျဉ်းထောင်ထဲမှာပဲ အ ရက်စွဲတဲ့ဒဏ်နဲ့ သေဆုံးတာ''ဟု ¤င်းက ဒီမိုကရေစီတူဒေးသို့ ဇွန် ၅ ရက်ကပြောသည်။ သေဆုံးသူ ဦးထွန်းမြင့်ဝင်း (ခ)ကိုထွန်းကို ဇွန် ၂ ရက်က ဖမ်းမိထားခြင်းဖြစ်ပြီး ¤င်းကို ပုသိမ်ကြီးမြို့မရဲစခန်းတွင် မီးဖြင့် သို့မဟုတ် ပေါက်ကွဲတတ်သည့် အရာဖြင့် အကျိုးဖျက်ဆီးမှုပုဒ်မ ၄၃၆၊ သေစေမှု သို့မဟုတ် နာကျင် စေမှုအတွက် ပြင်ဆင်ပြီးနောက် အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၄ဝ၊ အခြား သူ၏ အသက်ကို သို့မဟုတ် လုံခြုံ ရေးကို ဘေးဖြစ်စေသောပြုလုပ်မှု ပုဒ်မ ၃၃၆၊ ပူးပေါင်းပါဝင်မှု ပုဒ်မ ၁၁၄ စုစုပေါင်း ပုဒ်မလေးခုဖြင့် အမှုဖွင့်ထားပြီး ချုပ်ရက်ယူကာ စစ်ဆေးနေခြင်းဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောသည်။


''သူက ကျောက်မီးသွေး ဘိလပ်မြေစက်ရုံစီမံကိန်းကိစ္စမှာ အမှုဖွင့်ထားလို့ စာရင်းထဲမှာ ပါနေတာ''ဟု ရဲအုပ်ဇော်မင်းဦးကပြောသည်။  သေဆုံးမှုနှင့်ပတ်သက်ပြီး အောင်မြေသာစံမြို့နယ်၊ အမှတ် (၂) နယ်မြေရဲစခန်းတွင် သေမှု သေခင်းဖွင့်ထားကြောင်း ၎င်းင်းက ပြောသည်။ အောင်သပြေကျေးရွာသားတစ်ဦးဖြစ်သူ ဦးကျော်ဇေယျက ''သေဆုံးတာ အတည်ပြုလို့ရတယ်။ သူက အောင်သပြေကျေးရွာမှာ ရောက်လာတာ သိပ်မကြာသေးဘူး။ သူ့မိဘတွေရှိတာနဲ့ ဒီမှာလုပ် ငန်းလေးတွေရှိတာနဲ့ လုပ်ငန်းလုပ်ရင်းနဲ့ ဒီမှာခဏနေတယ်။ အဲ့ ဒါကို ဇွန် ၂ ရက်က ဆိုင်ဆောက် ဖို့ ရွာနောက်ဘက်ကိုထွက်သွား တဲ့အချိန်မှာ ရဲကဖမ်းဆီးခေါ်ဆောင် သွားတယ်လို့ သိရတယ်'' ဟု ဒီမို ကရေစီတူဒေး၏ မေးမြန်းမှုကို ဇွန် ၅ ရက်တွင် ဖြေကြားသည်။


ဇွန် ၅ ရက်၊ ညနေပိုင်းအထိ သေဆုံးသူအလောင်းကို မိသားစု မှ တွေ့ခွင့်မရသေးကြောင်း ၄င်းက ပြောသည်။ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ် ကြီးမြို့နယ်၊ အောင်သပြေကျေးရွာ အနီး တည်ဆောက်ထားသော ကျောက်မီးသွေး စွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ စီမံ ကိန်းကို ဖျက်သိမ်းပေးရန်နှင့် ဖမ်း ဆီးထားသည့် တောင်သူများကို အမြန်ဆုံးလွှတ်ပေးရန် အောင်သ ပြေကျေးရွာ ရွာသူ၊ ရွာသားများက ကျေးရွာ အဝင်လမ်းကို ပိတ်ဆို့ကာ ပြီးခဲ့သည့် မေ ၁၄ ရက် ၊ နံနက်ပိုင်း မှစတင်ကာ ယာယီတဲများထိုး၍ ဆန္ဒပြရာမှရွာသူ၊ ရွာသားများနှင့် ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှု ဖြစ်ခဲ့ပြီး မေ ၁၅ ရက်၊ နံနက် ၅ နာရီခန့်က ပိတ်ဆို့ဆန္ဒပြနေကြ သည့် ဒေသခံများကို ရဲတပ်ဖွဲ့မှ ရာဘာကျည်များဖြင့် ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။


ယင်းနောက် နံနက် ၈ နာရီ ကျော်တွင် ဒေသခံဆန္ဒပြသူအချို့က စက်ရုံစီမံကိန်းထဲသို့ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက ရာဘာကျည်များဖြင့် ပစ်ခတ်တားဆီးပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးခဲ့ပြီး ရဲတပ်ဖွဲ့၏ပစ်ခတ်မှုကို Live  လွှင့်ကာသတင်းတင်ဆက်နေသည့် Channel Mandalay TV မှ သတင်းထောက်နန္ဒ (တစ်ကိုယ် တော်)ကိုလည်း ဖမ်းဆီးခဲ့သည်။  ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းကို စိစစ် ဖြေရှင်းပေးရန် သမ္မတနှင့် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ ဒေသခံများက တောင်းဆိုထားသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top