HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရနောင်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာရေလုပ်သားလေးဦး အယူခံအနိုင်ရပြီးနောက် လွတ်မြောက်  

ရနောင်း လူသတ်မှုဖြင့် ဖမ်းဆီးခံ မြန်မာရေလုပ်သားလေးဦး အယူခံအနိုင်ရပြီးနောက် လွတ်မြောက်   

ရန်ကုန်၊ ဇွန် ၂၇-

ရနောင်းလူသတ်မှုဖြင့် ဖမ်းဆီးခံခဲ့ရသည့် မြန်မာရေလုပ်သားလေးဦးအမှု ပထမအယူခံတွင် အနိုင်ရရှိ၍ အကျည်းထောင်မှ လွတ်မြောက်ပြီဖြစ်ကြောင်းသိရသည်။ အဆိုပါအမှုသည် ၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့က ထိုင်းနယ်စပ်၊ ရနောင်းမြို့တွင် အသက်(၁၈)နှစ်အရွယ်ထိုင်း-မြန်မာ ကပြားကျောင်းသူတစ်ဦးကို သတ်သည်ဟုဆိုကာ မြန်မာရေလုပ်သားများဖြစ်သည့် စိန်ကတုံး၊ ဝေလင်း၊ မိုးဇင်အောင်နှင့် ကျော် စိုးဝင်းတို့လေးဦး ကိုထိုင်းရဲတပ်ဖွဲ့က သံသယတရားခံအဖြစ် စွပ်စွဲဖမ်းဆီး၍ရနောင်းတရားရုံးမှ အပြစ်ရှိသည်ဟုဆိုကာ ၂ဝ၁၈ ခုနှစ်အတွင်းက အလုပ်သမားတစ်ဦးစီကိုအမိန့်များ အသီးသီးချမှတ် ခဲ့သည့်အမှုဖြစ်သည်။

ယင်းသို့ အမိန့်များအသီးသီးချမှတ်ပြီးနောက် ထောင်ဒဏ် နှစ်နှစ်၊ လေးနှစ်စသည်ဖြင့်ချမှတ်ခံရသည့် အသက်(၁၈)နှစ်မပြည့် သေးသူ ကျော်စိုးဝင်းနှင့် မိုးဇင် အောင်တို့သည့် ပြစ်ဒဏ်ချမှတ်ပြီး မကြာမီတွင် ပြန်လည်လွတ်မြောက်ခဲ့သော်လည်း အသက် (၁၈) နှစ် ပြည့်ပြီးသည့် စိန်ကတုံးနှင့် ဝေလင်းတို့ နှစ်ဦးမှထောင်ဒဏ်ရှစ်နှစ် ဖြင့် အသီးသီးအမိန့်ချမှတ်ခဲ့ခြင်း ရခြင်းဖြစ်ကြောင်း FED မှသိရသည်။ ယင်းသို့ ထောင်ဒဏ်ရှစ်နှစ် ကျခံနေရသည့် လုပ်သားနှစ်ဦးအတွက် ၂ဝ၁၈ခုနှစ်အတွင်း၌ပင် ရနောင်းတရားရုံးသို့ အယူခံတင် သွင်းခဲ့ပြီး ၂ဝ၁၉ခုနှစ် ဇွန်၂၆ ရက်တွင်အယူခံအနိုင်ရကာ ထိုင်းအကျဉ်းထောင်မှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း FED မှသိရသည်။


''အခုသူတို့နှစ်ဦးက ထိုင်းအကျဉ်းထောင်ကနေတော့ လွတ်ပြီး လက်ရှိတော့ လဝကအချုပ်ထဲမှာပေါ့။ ထိုင်းလဝက အချုပ်ကနေ မြန်မာနိုင်ငံကိုလာမယ့် အင်္ဂါနေ့ လောက်ပြန်လွှဲမယ်လို့တော့သိရတယ်။ လက်ရှိအမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က အယူခံနိုင် တာကို တရားလိုဘက်ကမကျေနပ်ရင်အယူခံသုံးပတ်အတွင်းတက်ခွင့်ရှိတယ်သို့ပေမယ့်အခုထိတော့ သူတို့ဘက်က အယူခံထပ်တက် မယ်မတက်ဘူး ဆိုတာတော့အ ကြောင်းမပြန်သေးဘူး အဲဒီအခြေ အနေကတော့ စောင့်ကြည့်ရအုံးမယ်။ '' ဟု FED မှ ကိုဇော်မင်းဦး ဇွန်၂၇ရက်တွင်ပြောသည်။


ထို့ပြင် ၎င်းင်းတို့သည်ပြစ်ဒဏ် မချမှတ်ခံရမီက ထိုင်းနိုင်ငံအတွင်း တရားမဝင်လုပ်သားအဖြစ်လုပ်ကိုင်ခဲ့သူများ ဖြစ်သဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးပြီးပါကထိုင်းနိုင်ငံသို့ပြန်လည် အလုပ်လုပ်ကိုင်ခွင့် ရရှိတော့မည်မဟုတ်ဘဲ ပြည်နှင်ဒဏ်ပါပေးခံရသည့် သဘောဖြစ်ကြောင်း ကိုဇော်မင်းဦးကဆိုထားသည်။


ရနောင်းလူသတ်မှု အယူခံနိုင်ခြင်းနှင့်ပတ်သက်၍ ထိုင်းတရားရုံးများအနေဖြင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများကို အပြစ်မရှိဘဲ အထောက်အထား မခိုင်လုံဘဲ ပြစ်ဒဏ်ပေးနေခြင်းကို ပေါ်လွင်နေပြီး အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များအနေဖြင့်စနစ်တကျကူညီပေးပါက အောင်မြင်နိုင်သည်ကို ပြသနေခြင်းဖြစ်ကြောင်းနှင့် ရ နောင်းအမှုသည် လိပ်ကျွန်းအမှုနှင့်အလားသဏ္ဌာန်တူသည့်အမှု ဖြစ်ကြောင်းသိရသည်။

ZC

#democracytoday

Rate this item
(0 votes)
back to top