HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မဖြင့် ကိုထင်ကျော်ကို အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်  

နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မဖြင့် ကိုထင်ကျော်ကို အလုပ်နှင့်ထောင်ဒဏ် နှစ်နှစ်ချမှတ်   

ရန်ကုန်၊ ဇွန် ၂၇

နိုင်ငံတော်အ ကြည်ညိုပျက်စေမှုပုဒ်မဖြင့် စွဲ ချက်တင်ခံထားရသည့် MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား အလုပ်နှင့် ထောင်ဒဏ်နှစ် နှစ်ချမှတ်လိုက်ကြောင်းသိရသည်။ ဇွန် ၂၇ ရက် နေ့လယ်ပိုင်းတွင် ရန်ကင်းမြို့နယ် တရားရုံး၌အမှုမှ တရားခံကိုထင်ကျော်အား ရဲသီးသန့်ယာဉ်ဖြင့် ရုံးထုတ်ပြီး မြို့နယ်တရားသူကြီးကအပြီးသတ် အမိန့်ချမှတ်ခြင်း ဖြစ်သည်။ ပြစ်မှုထင်ရှားပေါ်ပေါက်သ ဖြင့် ကိုထင်ကျော်ကို တရားစွဲဆိုထားသည့် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မ၅ဝ၅(ခ) ဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ်နှစ်ချမှတ်ပြီး ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြု ကြောင်း ရန်ကင်းမြို့နယ်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ မြို့ နယ် တရားသူကြီး ဦးထွန်းနိုင်ဝင်းကမီဒီယာများကို ပြောကြားသည်။

''ဒီနေ့ကကိုထင်ကျော် အမှုကပုဒ်မ ၅ဝ၅ (ခ) နဲ့စွဲတဲ့အမှုက စီရင်ချက်ချမှတ်တာပေါ့။ ရာဇသတ် ကြီးပုဒ်မ ၅ဝ၅(ခ) အရအလုပ်နဲ့ ထောင်ဒဏ်နှစ်နှစ်။ ချုပ်ရက်ကို ထုတ်နုတ်ခံစားခွင့်ပြုတယ်။ ပြစ်မှု ထင်ရှားပေါ်ပေါက်လို့။ ပြစ်မှု အင်္ဂါရပ်တွေကို ငြိစွန်းတဲ့အတွက် အပြစ်ပေးလိုက်တယ်'' ဟု ၎င်းင်းက ပြောသည်။ ကိုထင်ကျော်အား ၂ဝ၁၈ ခုနှစ်၊ သြဂုတ် ၃၁ ရက်ကဖမ်းဆီးခံရသဖြင့်ချုပ်ရက်မှာ ၁ဝ လနီးပါး ခန့်ရှိပြီဖြစ်ကြောင်း ၎င်းင်းကပြောသည်။ ယနေ့ရုံးချိန်းသို့ MDCF အဖွဲ့ဝင် ၂ဝ ဦးထက်မနည်းလာ ရောက်ဝန်းရံပြီး တရားရုံးအတွင်း နှင့်အပြင်ဘက်တို့တွင် အော်ဟစ် ပြောဆိုမှုများရှိသည်။ အမှုတွင် တရားလိုပြသက် သေငါးဦးနှင့် တရားခံပြသက်သေ နှစ်ဦးကို စစ်ဆေးပြီးရုံးချိန်းမှာ ၂၅ ချိန်းအထိရှိသည်။


ဒီမိုကရေစီအရေးစဉ်ဆက်မ ပြတ်လှုပ်ရှားမှုအင်အားစု (MDCF) ခေါင်းဆောင် ကိုထင်ကျော်သည် ၂ဝ၁၈ ခုနှစ် ဇူလိုင် ၁၂ ရက်က ရန်ကင်းမြို့နယ်တရားရုံးရှေ့တွင် တပ်မတော်နှင့် ပတ်သက်သည့် ပြောကြားမှုများမှာ နိုင်ငံတော် အကြည်ညိုပျက်စေသည်ဟုဆိုကာ ရန်ကင်းမြို့နယ် ဒုတိယအုပ်ချုပ် ရေးမှူး ဦးအောင်ကျော်ထွန်းက တရားလိုပြုလုပ်ပြီးရာဇသတ်ကြီး ဥပဒေပုဒ်မ၅ဝ၅(ခ) ဖြင့် မြို့နယ် တရားရုံး၌ သြဂုတ် ၃ဝ ရက်တွင် ဦးတိုက်လျှောက်ထား တရားစွဲဆို ခဲ့ခြင်းဖြစ်သည်။ ကိုထင်ကျော်အား သြဂုတ် ၃၁ ရက်တွင်ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ ရှေ့တွင် ဆန္ဒထုတ်ဖော်နေစဉ် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ် သည်။


ကိုထင်ကျော်မှာအကျိုးဖျက်ဆီးမှု၊ ရာဇဝတ်မကင်းသောကျော်နင်းမှုပုဒ်မတို့ဖြင့် တရားစွဲဆိုထားသည့်အမှုကိုရန်ကင်းမြို့နယ်တရားရုံးတွင် ဆက်လက်ရင်ဆိုင်ရမည် ဖြစ်သည်။ ပုဒ်မ ၅ဝ၅(ခ)မှာ နိုင်ငံတော် အစိုးရကိုဖြစ်စေ၊ နိုင်ငံတော်ငြိမ် ဝပ်ရေးကိုဖြစ်စေ ထိခိုက်သည့်ပြစ် မှုကိုတစ်ဦးတစ်ယောက်သော သူက ကျူးလွန်ချင်လာအောင် အများ ပြည်သူကို သော်လည်းကောင်း၊ အများပြည်သူ၏ သီးခြားလူစုကို သော်လည်းကောင်း ကြောက်ခြင်း၊ ထိတ်လန့်ခြင်း တစ်ခုခုဖြစ်စေရန် အကြံရှိလျှင် သို့တည်းမဟုတ်ထိုသို့ဖြစ်စေတန်ရာသည့် အကြောင်း ရှိလျှင်ထိုသူကို နှစ်နှစ်ထိထောင် ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေချ မှတ်ရမည်ဟု ရာဇသတ်ကြီးဥပဒေ တွင်ပြဋ္ဌာန်းထားသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top