HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား ထိုင်းတာဝန်ရှိသူများက မြန်မာဘက်သို့ လာရောက် လွှဲပြောင်းပေး  

ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများအား ထိုင်းတာဝန်ရှိသူများက မြန်မာဘက်သို့ လာရောက် လွှဲပြောင်းပေး   

မြဝတီ၊ ဇွန် ၂၇

ထိုင်းနိုင်ငံအတွင်း လူကုန်ကူးခံရသူ မြန်မာအလုပ်သမားများအား ဇွန် ၂၇ ရက် နံနက် ၉ နာရီက မြဝတီမြို့ မြဝတီခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ယာယီ စောင့် ရှောက်ရေးဂေဟာသို့ ထိုင်းတာဝန်ရှိသူများမှ လာရောက်လွှဲ ပြောင်းပေးအပ်ခဲ့သည်။  ယင်းသို့ လွှဲပြောင်းပေအပ်ရာတွင် ထိုင်းနိုင်ငံ လူသားဖွံ့ဖြိုးတိုး တက်ရေးနှင့် လူထုလုံခြုံရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Mr; Ratchapon Meneetek  ခေါင်းဆောင်သည့် တာဝန်ရှိသူများမှ လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး၊ စုစုပေါင်း ၂၉ ဦးအား မြဝတီ ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက် ထောက်ညွှန်ကြားရေးမှူး ဦးနေဝါထွန်းနှင့် တာဝန်ရှိသူများထံ လာ ရောက် လွှဲပြောင်းပေးအပ်ခဲ့သည်။

''သူတို့ကို မြဝတီက ယာယီ စောင့်ရှောက်ရေးဂေဟာမှာ လိုအပ်တာတွေ စီစဉ်ပေးထားပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေကို သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်မှာဖြစ်ပါတယ်။ အဲဒီလို ဆောင်ရွက်ပြီးရင် သူတို့နေထိုင်ရာ နေရပ် ဒေသတွေကို အခမဲ့ ပြန်လည်ပို့ ဆောင်ပေးမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မပါရှိရင်လည်း ရက်ပိုင်းအတွင်း မှတ်ပုံတင်ရရှိအောင် သက်ဆိုင်ရာဌာနက မှတ်ပုံတင် ပြုလုပ်ပေးမှာ ဖြစ်ပြီး လုပ်ကိုင်လိုတဲ့ စီးပွားရေး လုပ်ငန်းတွေကို အတတ်နိုင်ဆုံးကျွန်မတို့ ပြန်လည်ထူထောင်ရေး ဦးစီးဌာနအနေနဲ့ ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်''ဟု မြဝတီ ခရိုင် ပြန်လည်ထူထောင်ရေးဦးစီး ဌာနမှ ဒုဦးစီးမှုး ဒေါ်ခင်မာထွေး ကပြောသည်။


''ကျွန်တော်က ပွဲစားကို ငွေကျပ် ၁ဝ သိန်းပေးရပြီး ထိုင်းကို ကော့သောင်းဘက်ကနေ ဝင်ခဲ့တာပါ။ ပွဲစားက အလုပ်ရမယ်ပြောပြီး ဘယ်အရပ်မှန်းလည်း မသိရဘူး။ ထိုင်းနိုင်ငံထဲမှာ ပစ်ထားခဲ့လို့ ယောင်လည်လည် ဖြစ်နေတုန်း ထိုင်းရဲတွေနဲ့တွေ့လို့ အဖမ်းခံရပြီး လူမှုရေးစောင့်ရှောက်တဲ့ဂေဟာမှာ ခြောက်လကြာ နေခဲ့ရပါတယ်။ ပြီးတော့ ဒီနေ့ မြဝတီကို ပြန်ပို့ခံရ တာဖြစ်ပါတယ်''ဟု ရခိုင်ပြည်နယ် ကျောက်တော်ပြန်မည့် ဦးမောင်ရွှေက ပြောသည်။ အဆိုပါ ကူကုန်ကူးခံရသူများ အား မြဝတီမြို့ လူမှုဝန်ထမ်းဦးစီး ဌာနမှ လက်ထောက်ညွှန်ကြားရေး မှုး ဦးနေဝါထွန်း၊ မြဝတီခရိုင် အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြဝတီခရိုင် ပြန်လည်ထူထောင်ရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ အ မျိုးသမီးရေးရာ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေးမှ တာဝန်ရှိသူများမှ ကြိုဆိုကြပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

KKTM(MWD

#democracytoday

Rate this item
(0 votes)
back to top