HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကလေးပြုစုရေး သင်တန်းကျောင်းများသို့ စွန့်ပစ်ခံ ကလေးသူငယ် လက်ခံရရှိမှု တစ်နှစ်ထက် တစ်နှစ် များလာနေ၊ ကလေးသူငယ် စွန့်ပစ်မှုမဖြစ်ရေး ပညာပေးရန် အရေးကြီးနေ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆

 

ကလေး ပြုစုရေးသင်တန်းကျောင်းများသို့ ရောက်ရှိလာသည့် စွန့်ပစ်ခံကလေးသူငယ်လက်ခံရရှိမှု တစ်နှစ်ထက် တစ်နှစ်များလာနေပြီး ကလေးသူငယ်စွန့်ပစ်မှုမဖြစ်ရေး ပညာပေးရန် အရေးကြီးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောသည်။

 

စက်တင်ဘာ ၂၆ ရက်က နေပြည်တော်ရှိ သင်္ဂဟိုတယ်တွင် ပြုလုပ်သော စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများထောက်ပံ့ရေးလုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ/သင်တန်း ကျောင်းများတွင် အနိမ့်ဆုံးထားရှိရမည့် ပြုစုစောင့်ရှောက်ခြင်းနှင့် အကာကွယ်ပေးခြင်းဆိုင်ရာစံချိန် စံညွှန်းများစာအုပ် မိတ်ဆက်ဖြန့်ချိ ခြင်းအခမ်းအနားအပြီး သတင်းမီဒီယာနှင့်တွေ့ဆုံစဉ် ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ နိုင်ငံအတွင်း တစ်နှစ်လျှင် ကလေးသူငယ်စွန့်ပစ်မှုပမာဏမည် မျှရှိသည်ကို အတိအကျ မသိရှိရ ကြောင်း၊ သတင်းအချက်အလက် ကောက်ယူသည့်စနစ်တစ်ရပ်ပေါ်ရန် များစွာအရေးကြီးနေကြောင်း၊ ယင်းသို့ စနစ်တစ်ရပ် ပေါ်လာပါက အချက်အလက်များကို တိကျစွာ ပြောနိုင်မည်ဟု ဒေါက်တာစန်း စန်းအေးက ပြောသည်။

 


''အခုတော့ သင်တန်းကျောင်းမှာ လက်ခံရရှိတဲ့ ကလေးအရေ အတွက်ကတော့ တစ်နှစ်ထက်တစ် နှစ်များလာတယ်။ များလာတယ်ဆိုတာက အရမ်းကြီး လျင်လျင် မြန်မြန် များလာတာမဟုတ်ဘူး။ ဒါကြောင့်မို့ ဒီမိတ်ဆက်တဲ့အခမ်း အနားမှာ ပွင့်ပွင့်လင်းလင်းပဲ ပြောပါတယ်။ ကျွန်မတို့ လူမှုဝန်ထမ်းဦးစီးဌာနရဲ့ လုပ်ငန်းဝန်ဆောင်မှု တွေကို တကယ်ကို ပြည်သူလူထု အတွက်လိုအပ်တဲ့ ကိစ္စရပ်တွေအတွက် တိုးချဲ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ ကလေးပြုစုရေးဂေဟာတွေကို တော့ တိုးမဖွင့်ချင်ပါဘူး'' ဟု ဒေါက်တာစန်းစန်းအေးက ပြောသည်။ ကလေးသူငယ်စွန့်ပစ်မှုမဖြစ် ရေးအတွက်အသိပညာပေးမှုက ပိုမိုအရေးကြီးကြောင်း၊ ယင်းပညာ ပေးမှုလုပ်ငန်းစဉ်အတွက် ဝန်ကြီးဌာနက ဦးစားပေးဆောင်ရွက်နေ ကြောင်းလည်း ၎င်းက ထပ်လောင်း ပြောသည်။ ကလေးသူငယ်အခွင့်အရေး ခေတ်နှင့်လျော်ညီစွာ ကာကွယ်ပေး နိုင်ရန် ရေးဆွဲထားသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေကိုလည်း လွှတ်တော်သို့ တင်သွင်း တော့မည်ဟု ဒေါက်တာစန်းစန်း အေးက ပြောသည်။

 


''ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေကို ရေးဆွဲနေတာ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ အခုလာမယ့်လွှတ်တော်မှာတော့ ဥပဒေအသစ် ပေါ်လာပါလိမ့်မယ်။ ပြစ်ဒဏ်တွေကို ထည့်ထားတဲ့အတွက် နောက်ပိုင်းမှာဆိုရင် ဥပဒေအရပဲ ကိုင်တွယ်ရတော့မယ်'' ဟု ဒေါက်တာစန်းစန်းအေးကဆိုသည်။ လက်ရှိအခြေအနေတွင် ၁၉၉၃ခုနှစ် ကလေးသူငယ်ဥပဒေရှိကြောင်း၊ ခေတ်အခြေအနေအရ လိုအပ်ချက်များရှိကြောင်း၊ ယခုတင်သွင်း မည့်ဥပဒေမှာလိုအပ်ချက်များ၊ အခန်းများကို ဥပဒေတွင်ထည့်သွင်းရေးဆွဲထားကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနညွှန် ကြားရေးမှူး ဦးအောင်ကျော်မိုးက ပြောသည်။

 

MP

#democracytoday

Rate this item
(0 votes)
back to top