HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

အခြေခံ ပညာကျောင်းများ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လမ်းညွှန်ထားသည့် လုပ်ငန်းစဉ်ခုနစ်ခုကို အရှိန်အဟုန်မြှင့် ဆောင်ရွက်မည် ဟုဆို  

ရန်ကုန်၊ ဇွန် ၂

ကျောင်းသား၊ ကျောင်းသူများနှင့်ပတ်သက်ပြီး ခြေခံပညာကျောင်းများ၌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လမ်းညွှန်ထားသည့်လုပ်ငန်းစဉ်ခုနစ်ခုကို အရှိန်အဟုန်မြှင့်ဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။ ယခုပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် တက် ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူများနှင့်ပတ်သက်ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်လမ်းညွှန်ထားသည့် လမ်းညွှန်ချက် များနှင့်အညီ ကျောင်းများတွင် မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေး၊ ဆေးလိပ်သောက်သုံးမှုကင်းစင်ပပျောက်ရေး၊ အရက် အလွန်အကျွံသောက်သုံးခြင်းနှင့် နောက်ဆက်တွဲအန္တရာယ်များလျှော့ ချရေးကျန်းမာရေးနှင့်ညီညွတ်သည့် လူမှုဘဝပုံစံများလိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်တို့ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုလျှော့ချရေး၊ မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအသိပညာ ဗဟုသုတများကို ထည့်သွင်းသင်ကြားပေးနိုင်ရေးနှင့် ကျောင်းသား ကျောင်းသူများဂိမ်းအလွန်အကျွံစွဲလမ်းမှုပပျောက်ရေးတို့အတွက် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများအစရှိသည့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စမ်းချောင်း မြေအောက် ရေမြောင်း ရှင်းအပြီး မိုးသည်းသော်လည်း ယခင်လို လမ်းပေါ် ရေမတက်  

ရန်ကုန်၊ ဇွန် ၂

စမ်းချောင်းပင်မ မြေအောက်ရေမြောင်းမှအမှိုက်များကို ဆယ်ယူပြီးနောက် မိုးသည်း ထန်စွာရွာသွန်းခဲ့သော်လည်း ယခင် ကာလများကဲ့သို့ လမ်းမပေါ်ရေလျှံ မှုမရှိသေးကြောင်း သိရသည်။ အောင်ချမ်းသာရေမြောင်း အတွင်း အမှိုက်များမဆယ်ယူခင် ကာလများက မိုးသည်းထန်စွာရွာ လျှင် စမ်းချောင်းမြို့နယ်အတွင်းရှိ လမ်းမကြီးများနှင့် လမ်းသွယ်အချို့ ၌ အနည်းဆုံးဒူးခေါင်းအထိ အများ ဆုံးခါးအထိ ရေတက်လေ့ရှိကာ မိုးရွာပြီး နာရီဝက်အကြာမှသာရေပြန် ကျလေ့ရှိကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ယခု ပညာသင်နှစ်တွင် ကျောင်းကားအစီး ၁ဝဝ ထိ ပြေးဆွဲနိုင်ရန် စီစဉ်ထား

ရန်ကုန်၊ ဇွန် ၂

ယခု ပညာသင်နှစ်အတွင်း တိုင်းအစိုးရဝယ်ယူထားသည့်အထဲမှ ကျောင်းကားစီး ရေ တစ်ရာအထိပြေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၂ဝ၁၈-၂ဝ၁၉ပညာသင်နှစ် ကျောင်းဖွင့်ချိန်မှစ၍ TTC (ကမာရွတ်)နှင့် TTC (ရန်ကင်း)ကျောင်းတို့တွင် ကျောင်းကားစုစုပေါင်း ၆၇ စီးပြေးဆွဲခဲ့ပြီး ယခုပညာသင်နှစ်အတွင်း အစီးရေ ၁ဝဝ ပြည့်မီ အောင်ပြေးဆွဲပေးနိုင်ရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့မှ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က ဇွန် ၂ ရက်တွင် ဒီမိုက ရေစီတူဒေးသို့ ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပါရမီဘေလီတံတား အဆင်း ကာကွယ်ရေး ဝန်ကြီးဌာနပိုင်မြေပေါ်ရှိ ဆိုင်ခန်းများကို ရှင်းလင်းဖယ်ရှား  

ရန်ကုန်၊ ဇွန် ၁

ရန်ကုန်မြို့ ပါရမီလမ်းနှင့် သံသုမာလမ်းထောင့် ဘေလီတံတားအဆင်းရှိ ကာကွယ် ရေးဝန်ကြီး ဌာနပိုင်မြေပေါ် ဖွင့် လှစ်ထားသော လုပ်ငန်းများကို ဇွန် ၁ ရက်က ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း သိရသည်။ ''ကျွန်တော်တို့ ၂ဝ၁၆ ခုနှစ် ကတည်းက ငှားရမ်းထားတဲ့ စာ ချုပ်ကိုဖျက်သိမ်းပြီး ဖယ်ရှားပေးဖို့ အကြိမ်ကြိမ် ညှိနှိုင်းပြောဆိုပြီးပါ ပြီ။ အခုထက်ထိ ကိုယ်ဘာသာကိုယ် မဖယ်ရှားတဲ့အတွက် အစိုးရအဖွဲ့ အစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခွင့် ပြုချက်ရလို့ ခုလိုရှင်းလင်းဖယ်ရှား ရတာပါ''ဟု တပ်မြို့စည်ပင်သာ ယာရေးကော်မတီ အတွင်းရေးမှူး ဦးမိုးမင်းဝင်းက သတင်းမီဒီယာ များကို ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် မိုးပျံရထားလမ်း စီမံကိန်း မလွတ်ကင်းသူများက လျော်ကြေးငွေအစား နေစရာမြေပေးရန် တောင်းဆိုမှုများပြား  

ရန်ကုန်၊ ဇွန် ၁

လှိုင်သာယာမြို့နယ်အတွင်းရှိ ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်းနှင့်မလွတ်ကင်းသူ များက လျော်ကြေးငွေအစား နေစရာမြေပေးရန် တောင်းဆိုမှုများကြသည်။ ဇွန် ၁ ရက်က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာ ယာမြို့နယ်၊ ကျန်စစ်သားလမ်းရှိသာ သနာ့ဗိမာန် ဓမ္မာရုံတွင် အသိပေးရှင်းလင်းပွဲပြုလုပ်ခဲ့ရာ လှိုင်သာ ယာပြည်သူ ၅ဝဝ ခန့် တက်ရောက်ခဲ့ပြီး အများစုက အထက်ပါအတိုင်း တောင်းဆိုသူများကြခြင်းဖြစ် သည်။ လှိုင်သာယာအတွင်း ပဒန် ရပ်ကွက်မှ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသားကြီးတစ်ဦးက ''ရွှေ့ ပြောင်းနေထိုင်သူတွေ ဘဝကတ ကယ့် တကယ်ငွေ ပေးမယ်ဆိုရင် အားလုံးကို နှင်လိုက်သလိုဖြစ်မှာ စိုးတယ်။ ဘဝရပ်တည်မှုအတွက် မြေပိုင်လေးတွေဖြစ်အောင် အထက်လူကြီးများ အတတ်နိုင်ဆုံး ဖန်တီးပေးပါလို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်''ဟု အဆို ပါအခမ်းအနားတွင် တင်ပြခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖမ်းဝရမ်းထုတ်ခံ ဦးဝီရသူကို ဝန်းရံသူများက ရွှေတိဂုံစေတီတော် အောင်မြေတွင် နောက်ဆုံးနေ့အဖြစ် ဆုတောင်း  

ရန်ကုန်၊ ဇွန် ၁

ဖမ်းဝရမ်းထုတ်ထားသော ဆရာတော်ဦးဝီရသူကို ဝန်းရံသူများက ရွှေတိဂုံစေတီတော်အောင်မြေတွင် နောက်ဆုံးနေ့အဖြစ် ဆုတောင်းခဲ့ကြသည်။ ဇွန် ၁ ရက် မွန်းလွဲ ၂နာရီခန့်တွင် ဦးဝီရသူကို ဝန်းရံသူများက သပြေပန်းများ ကိုင်ကာ ကြေးသွန်းဘုရားကြီးရှေ့၌စုပြီး ရွှေတိဂုံအရှေ့ဘက်မုခ်အတိုင်း စီတန်းလမ်း လျှောက်ကာ ရွှေတိဂုံဘုရားအောင်မြေ၌ နောက်ဆုံးနေ့အဖြစ် သွားရောက်ဆုတောင်း ခြင်းဖြစ်ကာ ဝန်းရံသူများမှာ ယခင်နေ့များထက်များပြားခဲ့ပြီး အင်အားထောင်ချီရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

(၄၄) ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ်ခြားကော်မတီ အစည်းအဝေး မြဝတီမြို့ ၌ ကျင်းပ  

မြဝတီ၊ မေ ၃၁

(၄၄)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ-ထိုင်း နယ် ခြားကော်မတီအစည်းအဝေးကို မေ ၃၁ရက် နံနက် ၉နာရီက မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည် နယ် မြဝတီမြို့ အာရှလမ်းမကြီး နံဘေးရှိ Grade One ဟိုတယ် ၌ကျင်းပခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်ခြားကော်မတီ ဥက္ကဋ္ဌများဖြစ်ကြသော မြန်မာနိုင်ငံ ဘက်မှ မြဝတီမြို့နယ်မြေခံတပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်ဆန်း ဝင်းနှင့် ထိုင်းနိုင်ငံဘက်မှ နယ်ခြား ကော်မတီဥက္ကဋ္ဌအမှတ် (၁၄) ခြေ လျင်အထူးတပ်ရင်းမှူး ဗိုလ်မှူးကြီး မိုင်းတရီးချူးပရီးချားတို့က အဖွင့် စကားများပြောကြားကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးဝီရသူကို ဝန်းရံသူများ ရွှေတိဂုံအောင်မြေတွင် ဆုတောင်းပွဲ ထပ်မံပြုလုပ်  

ရန်ကုန်၊ မေ ၃၁

ဖမ်းဝရမ်းထုတ်ထားသော ဦးဝီရသူကို ဝန်းရံသူ များက ရွှေတိဂုံစေတီ၊ အောင်မြေတွင် ဆုတောင်းပွဲထပ်မံပြုလုပ်ခဲ့သည်။ မေ ၃၁ ရက် မွန်းလွဲ ၂ နာရီ ခန့်တွင် ရာနှင့်ချီသောဦးဝီရသူကို ဝန်းရံသူများက သပြေပန်းများကိုင်ကာ ကြေးသွန်းဘုရားကြီးရှေ့ ၌စုပြီး ရွှေတိဂုံအရှေ့ဘက်မုခ် အတိုင်း စီတန်းလမ်းလျှောက်ကာ ရွှေတိဂုံဘုရားအောင်မြေ၌ ထပ်မံသွားရောက် ဆုတောင်းခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...