HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

လုပ်သား အခက်အခဲရှိသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ စပါးစိုက်ခင်းများကို စက်ဖြင့် ရိတ်သိမ်းပေးရန် အစိုးရ စီစဉ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂ဝ

 

ရခိုင် ပြည်နယ်မြောက်ပိုင်းတွင် လုပ်သားအခက်အခဲ ဖြစ်ပေါ်နေခြင်း ကြောင့် စပါးစိုက်ခင်းများကို စက်များဖြင့် ရိတ်သိမ်းပေးရန် အစိုးရကစီစဉ်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောသည်။ အောက်တိုဘာ ၂ဝ ရက်က အင်းစိန်မြို့နယ်၊ ဘုရင့်နောင်လမ်းရှိ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ရုံးခန်းမ၌ကျင်းပသည့် မြန်မာနိုင်ငံ တောင်သူလယ်သမားနှင့် စိုက်ပျိုး ရေး အလုပ်သမားသမဂ္ဂများအဖွဲ့ ချုပ် (AFFM)  တတိယအကြိမ် ညီလာခံသို့ တက်ရောက်စဉ် မီဒီယာများသို့ ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားဝန်ကြီးအဖြစ်ပါ တာဝန်ယူထားသည့် ဦးဇော်အေးမောင် က အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ချိတ်ထဘီ ပုသိမ်ထီး နဲ့

ရွှေကူမေနှင်း

----------------

 

သီတင်းကျွတ် အလုပ်နားရက်အတွင်း မန္တလေး၊ မေမြို့၊ ဂုတ်ထိပ် ခရီးဆန့်ခဲ့တဲ့ မြေးမကြီးက သူ့လက်ပ်တော့ကြီးမလာပြီး သူရိုက်ခဲ့တဲ့ဓာတ်ပုံတွေလာပြတယ်။ ရှုခင်းနောက်ခံနဲ့ ဘာအဝတ်အစား ရွေးရမယ်ဆိုတာ သူကျွမ်းကျင်တာမို့ သူ့ပုံတွေအားလုံး ''လှ''နေကြတယ်။ သူက ဒစ်ဂျစ်တယ်ကြော်ငြာ ကုမ္ပဏီ (နယူးယောက်အခြေစိုက်)ရဲ့ ရုံးခွဲ မြန်မာနိုင်ငံမှာ လုပ်နေတာမို့ စိတ်ကူးစိတ်သန်းကလည်းလှတယ်။

 

ဆက်လက်ဖတ်ရှုရန် ...

ပြည်ထဲအရေး ပေါက် နှင့် ကျေး

ဆာသော်ဒိုး

-----------------

 

ရာသီဥတုကတော့ အားကစားသမား တွေအကြိုက်ပဲ'လို့ ဆိုရမလောက်ပင် နေပြည်တော်လေဆိပ်မှာလက်နက်တွေဖမ်းဆီးရမိတဲ့သတင်းဟာ 'သတင်းသမားတွေအကြိုက်' မြိန်ရေယှက်ရေ ရေဆုံး ရေဖျားလိုက်ကြရမယ့် တကယ့်မျက်နှာဖုံး သတင်းကြီးပါခင်ဗျ။ နေပြည်တော်လို ဟိုးဟိုး ကျော်တဲ့အရပ်လေဆိပ်မှာ လူသတ်လက်နက် တွေကို ခရီးဆောင်အိတ်ထဲ ထည့်သယ်ပြီးသွားရဲလာရဲဖို့ဆိုတာ 'တော်ရုံစကေး'တော့ မဟုတ်ဘူး။

 

ဆက်လက်ဖတ်ရှုရန် ...

ကွန်တိန်နာထဲ ပြန်ရောက်လာတဲ့ မှောင်ခိုသစ်များ

မြန်မာနိုင်ငံ အာဏာရှင်တွေလက်ထက် စီမံခန့်ခွဲမှု အားနည်းခဲ့တာကြောင့် သစ်တောဖုံးလွှမ်းမှု ဧရိယာနည်းပါးခဲ့တယ်။ သစ်တောဖုံးလွှမ်းမှု ဧရိယာ ၅၇ ဒသမ ၉၇ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၅ ခုနှစ် မှာ ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာရှိကာ ကမ္ဘာပေါ်မှာ သစ် တောပြုန်းတီးမှု တတိယအများဆုံးဖြစ်ကာ သစ်တောကရရှိတဲ့ ဝင်ငွေလည်း အခြားနိုင်ငံတွေထက် လျော့ကျသွားခဲ့ပြီး သစ်ထုတ်လုပ်မှုတွေ ကန့်သတ်ထားခဲ့ပြီးလည်း ဖြစ်တယ်။ ကမ္ဘာပေါ်မှာ သစ်တောအများဆုံး ပြုန်းတီးမှုနိုင်ငံမှာ ဘရာဇီးဖြစ်ပြီး ဒုတိယ အင်ဒိုနီးရှားဖြစ်ကာ မြန်မာကတတိယရှိပါတယ်။

 

ဆက်လက်ဖတ်ရှုရန် ...

ရေနံချောင်းမြို့၌ နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိ စေတီတစ်ဆူ ဖောင်းရစ်တော် ပြိုကျပြီး စိန်ဖူးတော်မြေခ

ရေနံချောင်း၊ အောက်တိုဘာ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်း မြို့ရှိ အရှင်ဇေယျမာန်အောင်ကျမ်း ကိုင်စေတီတော်ဝင်းအတွင်းမှ နှစ် ပေါင်းတစ်ရာကျော်သက်တမ်းရှိ လောကမာန်အောင်စေတီတော်မြတ်ကြီး၏ဖောင်းရစ်တော်မှာပျက်စီးနေပြီး အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီခွဲခန့်တွင်ပြိုကျကာ စိန်ဖူး တော်မြေခခဲ့ကြောင်းသိရသည်။ အဆိုပါစေတီ၏ အုတ်များ ဆွေးမြည့်ပျက်စီးမှုဖြစ်နေသည့်အ ချိန် ၂ဝ၁၆ ခုနှစ် သြဂုတ်လက လှုပ်ခတ်ခဲ့သော မြေငလျင်ဒဏ် ကြောင့် ယင်းစေတီ၏ ဖောင်းရစ် တော်များပိုမိုပျက်စီးခဲ့ကာ အပေါက် ဖြစ်ပေါ်၍ ပြိုကျလုနီးဖြစ်နေခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ချမ်းမြသာစည်မြို့နယ်မှ ဆရာမ ၁၂ဝ ကို စွန့်ပစ် ပစ္စည်းများမှ လူသုံးကုန်ပစ္စည်း ပြုလုပ်နည်း သင်တန်းပေး

မန္တလေး၊ အောက်တိုဘာ ၁၈

 

မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာ့သဘာဝချစ်သူများ(Myanmar Nature Lovers) တို့ပူး ပေါင်း၍ မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်အတွင်းမှ ဆရာမ ၁၂ဝ တို့အား စွန့်ပစ်ပစ္စည်းများမှ လူသုံးပစ္စည်းအဖြစ်ပြုလုပ်နည်း(Recycle) သင်တန်းကို အောက်တိုဘာ ၁၇ ရက်က ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၂၆) အခြေခံပညာ အထက်တန်း ကျောင်း တကောင်းအောင်သာခန်းမ၌ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်းသိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

အောက်တိုဘာ ဒုတိယပတ်က မိုးရွာသွန်းမှုကြောင့် မန္တလေးတိုင်းဒေသကြီး အတွင်း၌ ရေဘေးသင့် အိမ်ခြေ ၁၃၉၈ အိမ်ရှိ

မန္တလေး၊ အောက်တိုဘာ ၁၈

 

မန္တလေး တိုင်းဒေသကြီးအတွင်း အောက်တို ဘာဒုတိယအပတ်က မိုးရွာသွန်းမှု ကြောင့် ရေဘေးသင့်အိမ်ခြေ ၁၃၉၈ အိမ်ရှိခဲ့ပြီး အဆိုပါအိမ်များကို ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ ကြောင်း မန္တလေးတိုင်းဒေသကြီး ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာနမှ သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

သဲတင်လာသော ယာဉ်တစ်စီး ကျေးရွာချင်းဆက် တံတားပေါ် မောင်းနှင်စဉ် တံတားကျိုးကျပြီး ချောင်းအတွင်း ထိုးကျ

သထုံ၊ အောက်တိုဘာ ၁၇

 

သထုံ မြို့နယ်၊ ကျောက်တန်းကျေးရွာနှင့် ပေါင်မြို့နယ် ကျောက်ရေတွင်းကျေး ရွာအကြား ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်တံတားပေါ်တွင် သဲတင်ဆောင်လာသော မော်တော်ယာဉ်တစ်စီးသည် အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းက ဖြတ်သန်း မောင်းနှင်စဉ် တံတားကျိုးကျခဲ့ပြီး ချောင်းအတွင်း ထိုးကျသွားခဲ့ကြောင်း ကျေးရွာဒေသခံများထံမှ သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...