HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

စမ်းချောင်းမြို့နယ် မြေနီကုန်းတွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု မီးလောင်မှုဖြစ်ပွား၊ ကျပ်သိန်း ၆ဝ ခန့် ပျက်စီးဆုံးရှုံး

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

စမ်း ချောင်းမြို့နယ်တွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု Level-2 အဆင့် မီးလောင်မှုဖြစ်ပွားပြီး ကျပ်သိန်း ၆ဝ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ အောက်တိုဘာ ၁၇ ရက် နံနက် ၆ နာရီခန့်တွင် စမ်းချောင်းမြို့နယ် မြေနီကုန်း(မြောက်)ရပ်ကွက် မြေနီကုန်းဈေးလမ်းရှိ ဦးအောင်မော်ပိုင် သော RC နှစ်ထပ်တိုက်တွင် မီး လောင်နေကြောင်း သတင်းအရ မီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ် စုစု ပေါင်း ၂၂ စီး၊ ကွပ်ကဲမှုယာဉ် ငါးစီး ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး နံနက် ၆ နာရီ ခွဲတွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

နှစ်ပေါင်း ၁၁ဝဝ ကျော် သက်တမ်းရှိသည့် ပုဂံ သရပါတံခါးကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ် ထိန်းသိမ်းပေးရန် ပုဂံ ကမ္ဘာ့အမွေအနှစ်စာရင်း အဆိုပြုလွှာတွင် ထည့်သွင်းတင်ပြထား ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၇

 

မြန် မာနိုင်ငံတွင် တစ်ခုတည်းသာရှိ သော နှစ်ပေါင်း ၁၁ဝဝ ကျော်သက်တမ်းရှိသည့် ပုဂံသရပါတံခါ ကြီးကို ကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ပြီး ထိန်းသိမ်းပေးနိုင်ရန် ပုဂံကမ္ဘာ့အမွေအနှစ်စာရင်းအဆို ပြုလွှာတွင် ထည့်သွင်းတင်ပြထား ပြီဖြစ်ကြောင်း Bagan Heritage Trust အသင်းမှ သိရသည်။ အဆိုပါသရပါတံခါးကြီးကို အေဒီ ၈၄၉ ခုနှစ်၊ ပျဉ်ပြားမင်း လက်ထက်တွင်တည်ဆောက်ထား ခြင်းဖြစ်ပြီးယနေ့ ၂ဝ၁၇ ခုနှစ်တွင် သက်တမ်းနှစ်ပေါင်း ၁၁၆၈ နှစ်ရှိပြီ ဖြစ်သည်။

 

ဆက်လက်ဖတ်ရှုရန် ...

တရားဓမ္မပိုင်းကို ပိုမိုအားစိုက် လုပ်ကိုင်သွားမည်ဟု နိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်က KNU ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့ ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

တရား၊ ဓမ္မပိုင်းကို ပိုမိုအားစိုက်လုပ်ကိုင်သွားမည်ဟု နိုင်ငံတော်သမ္မတ(ငြိမ်း)ဦးသိန်းစိန်က ကရင်အမျိုးသားအစည်းအရုံး (KNU) ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ ကြောင်းသိရသည်။ အောက်တိုဘာ ၁၆ရက် နံနက်ပိုင်းက နေပြည်တော်ရှိနိုင်ငံတော်သမ္မတ(ငြိမ်း) ဦးသိန်းစိန်၏နေအိမ်၌ နိုင်ငံတော်သမ္မတ(ငြိမ်း)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ဦးဆောင်သောအဖွဲ့ဝင်များ တွေ့ ဆုံခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

ဘုရားများ ခိုးထုတ်လာသော အိမ်စီးကား တစ်စီး မြင်းမူ အရာတော်လမ်းတွင် ဖမ်းမိ

မြင်းမူ၊ အောက်တိုဘာ ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့နယ် ထီးဆောင်းရွာနှင့် အရာ တော်မြို့နယ် သွားကားလမ်းဆုံတွင် ဘုရားဆင်းတုတော်များ တင်လာ သော ကားတစ်စင်းအား ရှာဖွေ ရေးရဲတပ်ဖွဲ့မှ အောက်တိုဘာ ၁၅ ရက် နံနက် ၅နာရီခန့်က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ ၎င်းလမ်းဆုံတွင် စစ်ကိုင်းရဲ တပ်ဖွဲမှ ဒုရဲမှူးကြည်စိုးဦးဆောင်၍ ရွှေဘိုခရိုင်ရဲတပ်ဖွဲ့၊ မြင်းမူ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး သတင်းအရ စောင့်ဆိုင်းနေခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

အငြိမ်းစား ယူသွားသည့် သမိုင်းဌာန ဌာနမှူး ပါမောက္ခ ဒေါက်တာ မာဂရတ်ဝေါင်း အား ဂါရဝပြုနှုတ်ဆက်ပွဲ ပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၆

 

ရန်ကုန်တက္ကသိုလ် သမိုင်းဌာနမှ သက်ပြည့်အငြိမ်းစားယူသွားသည့် ဆရာမကြီး ပါမောက္ခ(ဌာနမှူး) ဒေါက်တာမာ ဂရတ်ဝေါင်းကို ဂါရဝပြုနှုတ်ဆက်ပွဲကို အောက်တိုဘာ ၁၆ရက်က အဆိုပါသမိုင်းဌာနတွင် ပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားသို့ သမိုင်းပညာရှင်ကြီးများဖြစ်ကြသည့် ဒေါက်တာခင်မောင်ညွှန့်၊ ဒေါက်တာ ကျော်ဝင်း၊ ဒေါက်တာမြင့်သိန်း၊ ဦးသန်းလွင်တို့နှင့် ပါမောက္ခများ၊ ကထိကများနှင့် လက်ထောက်ကထိကများနှင့် ဖိတ်ကြားထားသူများ တက် ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ပထမဦးစွာ ဆရာမကြီးပါမောက္ခ(ဌာနမှူး) ဒေါက်တာမာဂရတ်ဝေါင်း၏ ကိုယ်ရေးအတ္ထုပ္ပတ္တိကို သမိုင်းဌာနမှ ပါမောက္ခဒေါက်တာသင်းသင်းအေးက ဖတ်ကြားခဲ့ပြီး ဆရာကြီး ဒေါက်တာကျော်ဝင်းက အမှာစကားပြောကြားခဲ့သည်။

 

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့လာမှု ပညာမဟာဘွဲ့ သင်တန်းကို မန္တလေး တက္ကသိုလ်တွင် စတင်ဖွင့်လှစ်ရန် စီစဉ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

 

မြန်မာ နိုင်ငံတွင် ပထမဦးဆုံး နိုင်ငံရေးလေ့ လာမှုပညာမဟာဘွဲ့သင်တန်း(Master of Political Studies) ကို မန္တလေးတက္ကသိုလ်တွင် ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ မဟာဘွဲ့သင်တန်းကို ဒီဇင်ဘာ ၈ ရက်တွင် စတင်ဖွင့်လှစ်သွားရန် စီစဉ်ထားပြီး ပညာသင်နှစ်အဖြစ် နှစ်နှစ်ကြာမြင့်မည် ဖြစ် ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

နံရံ ပန်းချီကပြောသော ပုဂံခေတ် ပုံရိပ်များ၊ နှင်းဆီလှလှ စိုက်ပျိုးကြနှင့် ဦးဆောင်သူများ သိစေသားဆိုသည့် စာအုပ်များနှင့် ဒူးယားစာပေတိုက်သစ် မိတ်ဆက်ပွဲပြုလုပ်

ရန်ကုန်၊ အောက်တိုဘာ ၁၅

 

ပုဂံ ရှိ နံရံပန်းချီများအကြောင်းကိုရေး သားထားသည့် နံရံပန်းချီကပြော သော ပုဂံခေတ်ပုံရိပ်များ၊ နှင်းဆီလှလှစိုက်ပျိုးကြနှင့် ဦးဆောင်သူများသိစေသားဆိုသည့်စာအုပ် များနှင့် ဒူးယားစာပေတိုက်သစ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၁၅ ရက်က စိမ်းလန်းစိုပြည်ပန်းခြံ တွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...

လုပ်ငန်းခွင် ဘေးကင်းရေး ဥပဒေဖြင့် စည်းကြပ်မှ လုပ်ငန်းရှင်အများစု လိုက်နာမည် ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၁၅

 

လုပ်ငန်းခွင်များ ဘေးအန္တရာယ်ကင်းရှင်းရေး ဥပဒေဖြင့်စည်းကြပ်မှသာ လုပ်ငန်းရှင်အများစုလိုက်နာမည့် သဘောရှိကြောင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ သင်တန်းကျောင်းများဖွင့် လှစ်လျက်ရှိသည့် WSH Myanmar မှ မန်နေဂျင်းဒါရိုက်တာဦးဟန်မျိုး နောင်ကပြောသည်။ ၁၉၅၁ ခုနှစ်အလုပ်ရုံများ အက်ဥပဒေနှင့် အကျုံးဝင်သည့် စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ တွင်ပင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် နှစ်စဉ်လုပ်သားဦး ရေ ၁ဝဝ မှ ၂ဝဝ ကြားသေဆုံး နေရပြီး ကျန်ဆောက်လုပ်ရေးလုပ်ငန်းများ၊ သတ္တုတွင်းလုပ်ငန်း များနှင့်ပေါင်းပါက နှစ်စဉ်လူဦး ရေ ၄ဝဝ မှ ၁ဝဝဝ ကြားခန့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် သေဆုံးနေရကြောင်း၊ လက်ရှိတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်း ရှင်းရေးအတွက် ဥပဒေမရှိသဖြင့် လိုက်နာဆောင်ရွက်မှုအားနည်း နေဆဲဖြစ်ကြောင်း အောက်တိုဘာ ၁၅ ရက်က ရန်ကုန်မြို့  UMFCCI တွင်ပြုလုပ်သည့်လူသားတိုင်းဘေး အန္တရာယ်ကင်းရှင်းရေးအသိပညာ ပေးဆွေးနွေးပွဲမှသိရသည်။

 

ဆက်လက်ဖတ်ရှုရန် ...