HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကလေးပြုစုရေး သင်တန်းကျောင်းများသို့ စွန့်ပစ်ခံ ကလေးသူငယ် လက်ခံရရှိမှု တစ်နှစ်ထက် တစ်နှစ် များလာနေ၊ ကလေးသူငယ် စွန့်ပစ်မှုမဖြစ်ရေး ပညာပေးရန် အရေးကြီးနေ ဟုဆို

ရန်ကုန်၊ စက်တင်ဘာ ၂၆

 

ကလေး ပြုစုရေးသင်တန်းကျောင်းများသို့ ရောက်ရှိလာသည့် စွန့်ပစ်ခံကလေးသူငယ်လက်ခံရရှိမှု တစ်နှစ်ထက် တစ်နှစ်များလာနေပြီး ကလေးသူငယ်စွန့်ပစ်မှုမဖြစ်ရေး ပညာပေးရန် အရေးကြီးနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စန်းစန်းအေးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေနံ လုပ်ကွက်တွင် သံဂဟေဆက်ရာမှ မီးပွားလွင့်စဉ်၍ ရေနံလက်ယက်တွင်းကို မီးစွဲလောင်၊ လူလေးဦး ဒဏ်ရာရ

ပေါက်၊ စက်တင်ဘာ ၂၆

 

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် လက်ပံတိုရေနံလုပ်ကွက်တွင် စက်တင်ဘာ ၂၅ ရက် နံနက် ၈ နာရီ မိနစ် ၅ဝ တွင် သံဂဟေဆက်လုပ်ငန်း လုပ်ကိုင်ရာမှ မီးပွားလွင့်စဉ်၍ ရေနံလက်ယက်တွင်းကို မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး လူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း မကွေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေသတွင်း လူငယ်များ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရန် ဆွေးနွေးပွဲကျင်းပ

သထုံ၊ စက်တင်ဘာ ၂၆

 

မွန်ပြည်နယ် သထုံမြို့နယ်အတွင်းရှိ လူငယ်များ၏ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သထုံမြို့ ကျုံး ကြီးလမ်းရှိ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ သထုံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌ ဦးစောစံတင်က အဖွင့်အမှာစကား ပြောကြားပြီး Green Day Youth Network  ဥက္ကဋ္ဌကိုနေထက်မိုးက တွေ့ဆုံဆွေး နွေးပွဲ ကျင်းပခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကာ မိမိတို့ရပ်ရွာ ဒေသတွင် လူငယ်များ လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲနှင့် စိန်ခေါ်မှုများကို အစုအဖွဲ့ အလိုက်ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေကြီးရေလျှံမှုကြောင့် ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိနေသည့် ရေဘေးသင့်များ ရေကျချိန် နေအိမ်များသို့ စနစ်တကျပြန်လည်ပို့ဆောင်နေ

ကလေး၊ စက်တင်ဘာ ၂၄-စစ်ကိုင်း တိုင်းဒေသကြီး၊ ကလေးမြို့နယ် အတွင်း ရေကြီးရေလျှံခဲ့ပြီး ယခု အခါရေများ ပြန်လည်ကျ ဆင်းနေ ပြီဖြစ်သောကြောင့် ကယ်ဆယ်ရေး စခန်း ၁၇ ခုမှ ဒေသခံပြည်သူများ အား စက်တင်ဘာ ၂၃ ရက် နံနက် ပိုင်းမှစတင်၍ မိမိတို့ရပ်ကွက်၊ ကျေးရွာ၊ နေအိမ်များသို့ စနစ်တကျ ပြန်လည်ပို့ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ဥက္ကလာတွင်မီးလောင်မှုဖြစ်ပွား နေအိမ်ငါးလုံးပြာကျ

ရန်ကုန်၊ စက်တင်ဘာ ၂၄-မြောက် ဥက္ကလာပမြို့နယ်တွင် ၀ိုင်ယာကြိုး ဟောင်းအသုံးပြုရာမှ အပူလွန်ကဲ ပြီး မီးလောင်ရာ နေအိမ်ငါးလုံး၊ လုံးဝပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ စက်တင်ဘာ ၂၄ ရက် နံနက် ၁၁ နာရီ ၃၇ မိနစ်ခန့်တွင် မြောက် ဥက္ကလာပမြို့နယ်၊ အမှတ် (၂)ရပ် ကွက်၊ ယုဇနလမ်း(၁)လမ်းရှိ သွပ် မိုး၊ အုပ်ညှပ်၊ ကွန်ကရစ်ခင်း (၁)ထပ်၊ ပိုင်ရှင်ဦးအောင်ဇော်မျိုး (ခ)ဇော်မျိုး၏အိမ်တွင်း ဖိနပ်လုပ်ငန်း တွင် မီးလောင်နေကြောင်း သတင်း အရ မီးသတ်တပ်ဖွဲ့မှ သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၅၅ မိနစ် ခန့်တွင် မီးထိန်းနိုင်ခဲ့ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် မီးငြိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းမီးသတ်ဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အင်းစိန်ထောင်တွင်း အစာငတ်ခံသပိတ်တိုက်ပွဲ (၂၇)နှစ်ပြည့် အထိမ်းအမှတ်ပြုလုပ်

ရန်ကုန်၊ စက်တင်ဘာ ၂၄-၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင် အထည်မဖော်ပေးသည့်အတွက် အင်းစိန်ထောင်တွင်း အစာငတ်ခံ သပိတ်တိုက်ပွဲဆင်နွှဲခဲ့သည့် (၂၇) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားဟောင်း များတွေ့ဆုံပွဲပြုလုပ်ခဲ့သည်။

ယင်းတွေ့ဆုံပွဲကို တိုက်ကြီး မြို့နယ် နိုင်ငံရေးအကျဉ်းသား ဟောင်း ကိုသက်ဦး၏ အမေ့အိမ် ဥယျာဉ်ခြံတွင် စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းကပြုလုပ်ခဲ့ရာ နိုင်ငံရေး အကျဉ်းသားဟောင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်းသိရသည်။

၁၉၉၀ ပြည့်နှစ်ရွေးကောက် ပွဲရလဒ်ကို အကောင်အထည်မ ဖော်ပေးသည့်အတွက် အင်းစိန် ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်း သားများက စက်တင်ဘာ ၁၈ ရက် မှစတင်ကာ အစာငတ်ခံဆန္ဒပြခဲ့ ကြရာမှ တစ်စထက်တစ်စ အရှိန် မြင့်တက်လာပြီး ထောင်အာဏာ ပိုင်များနှင့် နှစ်ဖက်အခြေအနေ တင်းမာခဲ့ကြောင်း ထောင်တွင်း သပိတ်တိုက်ပွဲကို တစ်ပတ်ကြာပြု လုပ်ခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်း သားတချို့ တိုက်ပွဲဒဏ်ကြောင့် ဆေးရုံသို့ရောက်ခဲ့ရသလို တချို့မှာ ထောင်ပြောင်းရွှေ့ခံခဲ့ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...