HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင် ဒေသထွက် မြန်မာ့ရိုးရာ ဓားများ မှာယူမှုများပြား  

စစ်ကိုင်း၊ မေ ၃၁

စစ်ကိုင်းတိုင်း ဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နောင်ပို အောင်ကျေးရွာမှ ထုတ်လုပ်သော မြန်မာ့ရိုးရာဓားများကို ဓားဝါသနာ ရှင်များမှ နေအိမ်တွင်အလှဆင် ရန် မှာယူမှုများနေကြောင်း ဓား ထုတ်လုပ်သူ ကိုသန့်ဇင်မောင်က ပြောကြားသည်။
နောင်ပိုအောင်ရွာသည် ရှေး ယခင်ကတည်းက ဓားကောင်းများ ထုတ်ခဲ့သော ပန်းပဲကျေးရွာတစ် ရွာဖြစ်ပြီး ရိုးရာဓားများကိုသာ အ ဓိကထုတ်လုပ်ကာ အဆိုပါကျေး ရွာမှ သျှမ်းနီတိုက်ပွဲဝင်ဓား၊ ငှက် ကြီးတောင်ဓားနှင့် ရှမ်းဓားများကို အရိုးတွင် ကြိမ်သုံးကာ ရိုးရာအ တိုင်းထုတ်လုပ်ရောင်းချကြသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ ကြားဖြတ် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ်များအတွက် UNFPA ကူညီမည်  

ရန်ကုန်၊ မေ ၃ဝ

CAPI နည်းပညာ အသုံးပြု၍ဆောင်ရွက်မည့် မြန်မာနိုင်ငံကြားဖြတ်သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်း စဉ်များအတွက် UNFPA  ကကူ ညီမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ကူညီဆောင်ရွက် ပေးနိုင်ရေး မေ ၃ဝ ရက်က ကုလ သမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) မှ ဌာနေကိုယ်စားလှယ် Mr. Ramanathan Balakrishnan က အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ နှင့် ¤င်းဝန်ကြီးဌာနတွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မေ ၃ဝ ရက်က သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နှစ်သက်တမ်း ၁၃ဝ ကျော်ရှိသည့် ပဲခူးကလပ် ကျွန်းသား အဆောက်အအုံကို ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် အပြာရောင် ကမ္ပည်းပြား တပ်ဆင်  

ရန်ကုန်၊ မေ ၃ဝ

နှစ်သက်တမ်း ၁၃ဝ ကျော်ရှိသော ပဲခူးကလပ် ကျွန်းသား အဆောက်အအုံအား ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် အပြာရောင်ကမ္ပည်းပြားတပ်ဆင် လိုက်ပြီဖြစ်ကြောင်း သိရသည်။ ပဲခူးကလပ်အဆောက်အအုံ ကို ရန်ကုန်မြို့ပြ အမွေအနှစ်အ ဖြစ် ရန်ကုန်မြို့၏ ၃ဝ ခုမြောက် အပြာရောင်ကမ္ပည်းပြားကို တပ်ဆင် ခဲ့ခြင်းဖြစ်ပြီး YHT ဥက္ကဋ္ဌ ဒေါက် တာသန့်မြင့်ဦးက ''ယခု ပဲခူးကလပ် ကို တစ်ဖန်ပြန်လည်အသက်ဝင်စေ တဲ့အခါမှာ ကိုလိုနီခေတ်ကအသုံး ပြုခဲ့ပုံနဲ့ ကလပ်ရဲ့သမိုင်းကြောင်း ကိုပြောင်းပြန်လှန်ပြီး ကိုလိုနီစနစ်ရဲ့ ဆိုးကျိုးတွေကို မြန်မာလူမျိုးတွေ သင်ခန်းစာယူနိုင်စေဖို့ ဆောင်ရွက် သင့်ပါတယ်။ ဒီလိုဆောင်ရွက်ခြင်း ဟာ ယခုလို ပြန်လည်ပြင်ဆင်နေ မှုအတွက် စိတ်ကူး၊ စိတ်သန်း ကောင်းပြီး ဆီလျော်သင့်တော်တဲ့ အသုံးပြုမှုဖြစ်ပါလိမ့်မယ်''ဟု အ ကြံပြု ပြောကြားထားသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီနရန္ဒရာမိုဒီ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာ

နေပြည်တော်၊ မေ ၃ဝ

ပြည် ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ်ရှရီ နရန္ဒရာမိုဒီ၏ ဖိတ်ကြားချက်အရ ¤င်း၏ ဒုတိယအကြိမ် ဝန်ကြီးချုပ် သက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ရန် မေ ၃ဝရက် နံနက် ၉ နာရီတွင် နေ ပြည်တော်မှ အိန္ဒိယသမ္မတနိုင်ငံသို့ မြန်မာအမျိုးသား လေကြောင်းလိုင်း အထူးလေယာဉ်ဖြင့် ထွက်ခွာသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရေးကိစ္စ ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခတွင် ဖမ်းဆီးခံ သတင်းထောက်အပါအဝင် ဒေသခံသုံးဦးကို ချုပ်ရက် ထပ်ယူ  

ရန်ကုန်၊ မေ ၂၉

ဘိလပ်မြေစက် ရုံစီမံကိန်းဖျက်သိမ်းပေးရန် ပိတ်ဆို့ဆန္ဒပြစဉ်က ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခအတွင်း ဖမ်းဆီးခံခဲ့ရသည့် Channel Mandalay TV သတင်းထောက်အပါ အဝင် ဒေသခံသုံးဦးကို ချုပ်ရက် ထပ်ယူခဲ့သည်။ မေ ၂၉ ရက် နေ့လယ်ပိုင်း တွင် ၎င်းင်းတို့သုံးဦးကို ပုသိမ်ကြီး မြို့နယ်တရားရုံး၊ တွဲဖက်မြို့နယ် တရားသူကြီးထံတွင် ဒုတိယအ ကြိမ် ချုပ်ရမန်ယူခဲ့ခြင်းဖြစ်သည်။ ပုသိမ်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ''ချုပ်ရမန် ၁၄ ရက်ပြန်တောင်းထားပါတယ်။ သတင်းထောက်နဲ့ဒေသခံနှစ်ဦး အား လုံးသုံးဦးပေါ့''ဟု ဒီမိုကရေစီတူ ဒေး၏မေးမြန်းမှုကို ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ကောက်ကွက်များ ရွေးချယ်သတ်မှတ်ရေးလုပ်ငန်း စတင်  

ရန်ကုန်၊ မေ ၂၉

ကြားဖြတ် သန်း ခေါင်စာရင်း ကောက်ယူရန် တိုင်း ဒေသကြီးနှင့် ပြည်နယ်အလိုက် နမူနာကောက်ကွက်များ ရွေးချယ် သတ်မှတ်ရေးလုပ်ငန်း စတင်ပြီဖြစ် ကြောင်း သိရသည်။ ၂ဝ၁၉ ခုနှစ် နိုဝင်ဘာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီး သီးရှိ စာရင်းကောက်ကွက်ပေါင်း ၄၂ဝဝ ဖြင့် ကောက်ခံရန် လျာထား သည့် ကြားဖြတ်လူဦးရေ သန်းခေါင်း စာရင်းအတွက် လက်ရှိတွင် နမူနာ ကောက်ကွက်များ ရွေးချယ်သတ် မှတ်၍ စာရင်း ကောက်ကွက်မြေ ပုံများ Update ပြုလုပ်ခြင်း လုပ် ငန်းများအား ပြည်သူ့အင်အားဦး စီးဌာနမှ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း ယင်းဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လူကုန်ကူးခံ လုပ်သားများကို လိင်ဖျော်ဖြေရေး လုပ်ငန်းများသို့ပါ ထပ်ဆင့်ရောင်းချနေကြောင်း ဟောင်ကောင်နှင့် မကာအိုရှိ မြန်မာလုပ်သားများအား ကောင်စစ်ဝန်ရုံး သတိပေး

ရန်ကုန်၊ မေ ၂၉

လူကုန်ကူးခံရသည့် လုပ်သားများကို လိင်ဖျော် ဖြေရေးလုပ်ငန်းများသို့ပါထပ်ဆင့် ရောင်းချ၍ အဓမ္မခိုင်းစေနေသည် ကို တွေ့ရှိနေရသဖြင့် ဟောင် ကောင်နှင့် မကာအိုရှိ မြန်မာလုပ်သားများသတိထားကြရန် ဟောင်ကောင်မြို့ရှိ မြန်မာကောင် စစ်ဝန်ရုံးမှ သတိပေးချက်ထုတ်ပြန် လိုက်သည်။  အဆိုပါသတိပေးချက်ကို ဟောင်ကောင်မြို့ရှိ မြန်မာကောင် စစ်ဝန်ချုပ်ရုံးမှ မေ ၂၉ ရက် နေ့ လယ်ပိုင်းက ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တိမ်ကောနေသော စမ်းချောင်းရှိ အောင်ချမ်းသာရေမြောင်းကို စတင်ဆယ်ပြီ  

ရန်ကုန်၊ မေ ၂၈

စမ်းချောင်းမြို့နယ်အတွင်းရှိ တိမ်ကောနေသည့် အောင် ချမ်းသာရေမြောင်းကို စတင်ဆယ်နေပြီ ဖြစ်ကြောင်းသိရသည်။ စမ်းချောင်းဂါးဒင်းမှ ရှင်စောပု လမ်းထိပ်အထိ အရှည် ပေ ၄ဝဝဝ ရှိ အောင်ချမ်းသာ ရေမြောင်းတစ်လျှောက် ရှိ နုန်းပို့ချမှုများသည့် နေရာများကို မေ ၂၈ ရက်မှ စတင်ကာ ရွေးချယ်ဆယ်မည် ဖြစ်ပြီး ခန့်မှန်းအားဖြင့် တစ်လကျော် ကြာနိုင်ကြောင်း စမ်းချောင်းမြို့နယ်စည် ပင်သာယာရေးကော်မတီ အဖွဲ့ဝင်(၁) ဦးညီညီမြင့်မြတ်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...