HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ကလေးမြို့နယ်တွင် ကျောက်မီးသွေးမိုင်းတွင်း ပေါက်ကွဲ၊ လေးဦးသေဆုံး၊ လေးဦး ဒဏ်ရာရ  

ရန်ကုန်၊ မေ ၂၈

ကလေးမြို့နယ်တွင် မိုင်းတွင်းထဲ ကျောက်မီးသွေးတူးဖော်နေစဉ် မီးပွားနှင့် မီသိန်းဓာတ်ငွေ့တို့ထိမိရာ မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အလုပ်သမား လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ နယ်၊ ကြက်ဖနက်ချောင်းဒေသရှိ ထူးဟန် သစ်ကျောက်မီးသွေးတူးဖော်ရေး ကုမ္ပဏီ လုပ်ကွက်အတွင်း ကျောက်မီးသွေးမိုင်းတွင်း၌ မေ ၂၇ ရက် ည ၁၂ နာရီခန့်က အလုပ်သမားငါးဦးစီပါသော အဖွဲ့သုံးဖွဲ့ ဖြင့် ကျောက်မီးသွေးတူးဖော်နေစဉ် သံချင်းပွတ်တိုက်ရာမှ ထွက်လာသော မီးပွားနှင့် ကျောက်မီးသွေးတွင်းရှိ မီသိန်း ဓာတ်ငွေ့တို့ထိတွေ့ကာ ပေါက်ကွဲမှုဖြစ် ပွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်သွားပါက ကမ္ဘာ့အမြင့်ဆုံး ကာကွယ်စောင့်ရှောက်မှုအဖြစ် နိုင်ငံတကာစစ်ပွဲများ ဖြစ်ခွင့်မရှိသည့် နယ်မြေ ဖြစ်လာမည်ဟုဆို

ရန်ကုန်၊ မေ ၂၈

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်သွားပါက ကမ္ဘာ့အမြင့်ဆုံးကာကွယ်စောင့်ရှောက်မှုပေးသည့်အနေဖြင့် စစ်ဖြစ်ခွင့်မရှိသော နယ်မြေသတ်မှတ်ကာ နိုင်ငံတကာစစ်ပွဲများဖြစ်ခွင့်မရှိအောင် ကာကွယ်ပေးသွား မည်ဟု ယူနက်စကို၏အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးထံမှ သိရသည်။  နိုင်ငံတကာစစ်ပွဲများ ကမ္ဘာမှာဖြစ်ခဲ့လျှင် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ထားသော အမွေအနှစ်ဒေသများကို ရှောင်ကွင်းသွားရမည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မစိမ့်ထက် မသေဆုံးသင့်ဘဲ သေဆုံးသွားခြင်းကြောင့် ဥပဒေကြောင်းအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု ဖခင်ဖြစ်သူပြော

ရန်ကုန်၊ မေ ၂၇ 

မစိမ့်ထက်မှာ မသေဆုံးသင့်ဘဲ သေဆုံးသွားခြင်းဖြစ်သည့်အတွက် ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားမည်ဟု ဖခင်ဖြစ်သူ ဦးမောင်မောင်လေးက ပြောသည်။ ဧပြီလ ၁၂ ရက်တွင်ပျောက်ဆုံးခဲ့ပြီး ရက်ပေါင်း ၄၄ ရက် အကြာ မေ ၂၅ ရက်တွင် ဖန်ဂရန်ရာဇီ ရေခဲတောင်၌ သေဆုံးလျက် ပြန်လည်တွေ့ရှိခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သုံးခွတွင် ပင်လယ်အတွင်း လေပွေတိုက်ခတ်မှုကြောင့် ငါးဖမ်းစက်လှေနှစ်စင်း တိမ်းမှောက်၊ ရေလုပ်သား ရှစ်ဦးသေဆုံး

ရန်ကုန်၊ မေ ၂၇

သုံးခွမြို့နယ် ပင်လယ်အတွင်း လေပွေတိုက်ခတ်မှုကြောင့် ငါးဖမ်းစက်လှေနှစ်စင်း တိမ်းမှောက်ပြီး ရေလုပ်သားရှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာရန်ကုန်တိုင်း ဒေသကြီး၊ သုံးခွမြို့နယ်၊ သာယာမြိုင် ကျေးရွာမုတ္တမပင်လယ် အရှေ့ဘက်ခြောက်မိုင်ခန့်အကွာ မီး လောင်ချောင်းဝပင်လယ်ကမ်းစပ်၌ ငါးဖမ်းစက်လှေ နှစ်စင်းပေါ်မှ အလောင်းရှစ် လောင်းတွေ့ရှိကြောင်း၊ မေ ၂၆ ရက် မွန်းလွဲ ၁၂ နာရီကျော် ခန့်ကသတင်းအရ သုံးခွမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ ဦးကျော် သူ(၄ဝ)နှစ်ပါ ကျားရှစ်ဦးတို့အား ပြင်ပဒဏ်ရာမတွေ့ရှိဘဲ မျက်နှာ ပြာနှမ်း၊ လက်၊ ခြေချောင်းများ အရေခွံတွန့်ပြီး ရေနစ်သေဆုံးထားသည်ကိုတွေ့ရှိခဲ့သဖြင့် အလောင်း များအား သုံးခွမြို့ပြည်သူ့ဆေးရုံ သို့ ပို့ဆောင်ခဲ့ကြောင်းပြည်ထဲ ရေးဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လာဘ်စားမှုဖြင့် တောင်ငူခရိုင် ဥပဒေအရာရှိနှင့် ရဲအုပ်တို့ကို အမှုဖွင့် အရေးယူ

ရန်ကုန်၊ မေ ၂၇ 

တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေရဲ စခန်းမှူး ရဲအုပ်နေလင်းအောင်တို့အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူလိုက်ကြောင်းသိရသည်။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့၊ ဆွာမင်းလမ်း ကျေးရွာအုပ်စု၊ အေးသာယာရွာနေ မောင်ပိုင် (ခ)ရဲထက်ပိုင်နှင့် မတိုးတိုးဝေတို့ ချစ်ကြိုက်ကြပြီး ခိုးရာလိုက်ခဲ့ရာ ရပ်ရွာဓလေ့အရ လက်ထပ်စာချုပ်ချုပ်ဆိုခဲ့ခြင်းအား မတိုးတိုးဝေ၏ ဖခင်ကမကျေနပ်၍ ဆွာမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာတွင် မောင်ပိုင်(ခ) ရဲထက်ပိုင်၏ အဘိုးပါ နှစ်ဦးအား အချုပ်ထဲထည့်ကာ ငွေကျပ်သိန်း ၃ဝ ပေးလျှင် လွှတ်ပေးမည်ဟုပြောဆို၍ ပေးခဲ့ရခြင်း အား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင် ကြားခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် သတင်းထုတ်ပြန်ချက်အရသိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

ဖန်ဂရန်ရာဇီ ရေခဲတောင်တက် ခရီးစဉ်တွင် ပျောက်ဆုံးသွားသည့် မစိမ့်ထက်၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ၊ စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားမည် ဟုဆို

ရန်ကုန်၊ မေ ၂၆

ဖန်ဂရန်ရာဇီ ရေခဲတောင်တက်ခရီးစဉ်တွင် ပျောက်ဆုံးသွားသည့် မစိမ့်ထက်၏ ရုပ်အလောင်းအား ပြန်လည်ရှာဖွေ တွေ့ရှိပြီဖြစ်ကြောင်းသိရသည်။ မစိမ့်ထက်၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိသည်မှာ မှန်ကန် ကြောင်း ပူတာအိုမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။ ''အလောင်းကို ရေခဲတောင်မှ ပြန်လည်တွေ့ရှိပြီဆိုတာ မှန်ပါတယ်။ သယ်ဆောင်လာပါပြီ။ ရေ ခဲတောင်ကနေ အခုထိ မဆင်းလာ သေးဘူး။ အလောင်းကို စောင့်နေတာ။ အလောင်းကို တွေ့ရပြီဆို တော့ သေမှုသေခင်း စဖွင့်မယ်။ Dead Body သဘာဝအတိုင်း သေတာလား။ ဘယ်သူတစ်ဦးတစ် ယောက်က လုပ်တာလားပေါ့။ နောက်တော့မှ စုံစမ်းစစ်ဆေးတာ တွေ လုပ်ရမှာပေါ့''ဟု ၎င်းင်းက ဒီမိုကရေစီတူဒေး၏ မေးမြန်းမှုကို မေ ၂၆ ရက်တွင် ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဆည်များကို ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဂရုတစိုက်စိစစ်ဖို့ လိုအပ်ဟုဆို  

ရန်ကုန်၊ မေ ၂၆

ဆည်များနှင့် ပတ်သက်ပြီး ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဂရုတစိုက် စိစစ်ဖို့လိုအပ်ကြောင်း မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဦးဝင်း မောင်က အကြံပြုပြောကြားလိုက် သည်။ မေ ၂၆ ရက်က ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံ တမံကြီးများဆိုင်ရာ အမျိုးသားကော်မတီမှ ဦးဆောင်ကျင်းပသည့်ဆည် တမံများဆိုင်ရာ နည်းပညာအ တွေ့အကြုံ မျှဝေခြင်းစာတမ်းဖတ် ပွဲအခမ်းအနားတွင် သတင်းမီဒီယာ များ၏ မေးမြန်းချက်များအပေါ် အထက်ပါအတိုင်း ပြန်လည်ဖြေ ကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ရောက်နိုင်ရန် မြေပုံတစ်ခုတည်းသာ အသုံးပြု၍ဆောင်ရွက်ရမည်၊ ယင်းမြေပုံကို မြန်မာနိုင်ငံတွင် ယနေ့တိုင် မထုတ်နိုင်သေး ဟုဆို

ရန်ကုန်၊မေ ၂၆

ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရောက်နိုင်ရန်ဌာနအသီးသီး၊ အဖွဲ့အစည်းအသီးသီးမှ မြေပုံတစ်ခုတည်းသာ အသုံးပြု၍ ဆောင်ရွက်ရမည်ဖြစ်ပြီး ယင်းမြေပုံကို မြန်မာနိုင်ငံတွင် ယနေ့တိုင်မထုတ်နိုင်သေး၍ စီမံခန့်ခွဲမှုများလုပ်ဆောင်ရန် ခက်ခဲ နေကြောင်း ယူနက်စကိုမှ အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးထံမှ သိရသည်။ အဆိုပါကိစ္စကို မေ ၂၆ ရက်တွင် အတွင်းဝန်များရုံး၌ မြန်မာနိုင်ငံဧည့်လမ်းညွှန်အသင်းမှကြီးမှူးကျင်းပသည့် 'ပုဂံဒေသကို မြန်မာ့အမွေအနှစ်မှ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်း(၂ဝ၁၉) ဝင် ရောက်ရေးကြိုဆိုပွဲနှင့် ဆွေးနွေးပွဲ အခမ်းအနား'တွင် ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...