HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ရေလှူသွားသော ပရဟိတကားမှန်ကို ကျောက်ခဲဖြင့် ထုခွဲခဲ့သည့် ဗိုလ်ကြီး ပြန်လည်တောင်းပန်

ရန်ကုန်၊ မေ ၂၆ 

ပရဟိတ အသင်းပိုင်ကားမှန်ကို ဗိုလ်ကြီးတစ်ဦးက ခဲဖြင့်ထုခွဲခဲ့မှုအပေါ် ပြန်လည်တောင်းပန်သဖြင့် နှစ်ဖက်ပြေလည်မှုရရှိပြီဖြစ်ကြောင်းသိရသည်။ မေ ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၄ဝ ခန့်တွင် ခလရ (၁၆) မှ ဗိုလ်ကြီးသစ်လွင်ဦးစီးနင်းလာ သော စစ်သုံးမော်တော်ယာဉ်နှင့် ကွမ်းခြံကုန်းမြို့နယ် ဆယ်အိမ်တန်းကျေးရွာသို့ ရေအလှူသွား ရောက်သော ကွမ်းခြံကုန်းမြို့အခြေစိုက် မုဒိတာလူမှုပရဟိတအသင်းမှကားတို့ ထန်းပင်ချောင် ကွေ့တွင်ဆုံကြရာ လမ်းကျဉ်းသဖြင့် ရေလှူကားအား ဗိုလ်ကြီးဆိုသူကဖယ်ခိုင်းရာမှ အချင်း များခဲ့ကြောင်း၊ ဗိုလ်ကြီးသစ်လွင်ဦးသည် ကိုက် ၂ဝဝ ခန့် အကွာ၌ရပ်ထားသော တပ်ကား ပေါ်မှပြေးဆင်းလာကာဆဲဆိုပြီး အသင်းကားမှန်အား ကျောက်ခဲဖြင့် အကြိမ်ကြိမ်ထုခွဲခဲ့ကြောင်း ယင်းဖြစ်စဉ်ကို ဓာတ်ပုံရိုက်နေ သော ဖုန်းတစ်လုံးအားလုယူ၍ ပုံရိုက်လျှင် ရိုက်ခွဲပစ်မယ်ဟု ပြောဆိုပြီးဆဲဆိုခဲ့ကြောင်း၊ ထို့ ကြောင့် ထိုဖြစ်စဉ်အား လူမှုကွန်ရက်မှ တစ်ဆင့်တင်ပြထားခဲ့ရာ တပ်မတော်အရာရှိကြီးများသိရှိပြီး ဖုန်းဖြင့်ဆက်သွယ်ညှိ နှိုင်းသကဲ့သို့ ဆယ်အိမ်တန်းကျေးရွာသို့ ဒုတပ်ရင်းမှူး ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီးတစ်ဦးတို့ ညတွင်းချင်းလာရောက်ကာ ညှိနှိုင်းတောင်းပန်ခဲ့ကြောင်း ၎င်းင်းကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မိမိကိုယ်မိမိ တာဝန်မကျေဟု ယူဆသဖြင့် ရာထူးမှ နုတ်ထွက်ရခြင်းဖြစ်ဟု ကရင်ပြည်နယ်ဝန်ကြီးဟောင်းပြော  

ဘားအံ၊ မေ ၂၅

ကိုယ်ရေးကိုယ်တာများနှင့် မိမိကိုယ်မိမိတာ ဝန်မကျေဟုယူဆသဖြင့် ရာထူးမှ နုတ်ထွက်ရခြင်းဖြစ်ဟု မေ ၂၅ ရက် နံနက် ၁ဝ နာရီက ဘားအံ မြို့ ထောင်စုရပ်ကွက် အထက (၄) လမ်းရှိအိမ်တွင် မြို့ခံသတင်းထောက် များနှင့်တွေ့ဆုံစဉ် ကရင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာ ဝန် ကြီးဟောင်း ဦးတေဇထွဋ်လှိုင်ထွေး ကပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံအတွင်းရှိ မည့်သည့်နေရာဒေသနှင့် အဆောက်အအုံ အတွက်မဆို နှစ်ရှည်အရစ်ကျစနစ်ဖြင့် အဆောက်အအုံများ တည်ဆောက်ပေးနိုင်တော့မည်

ရန်ကုန်

မြန်မာနိုင်ငံအတွင်းရှိ မည့်သည့်နေရာဒေသနှင့် အဆောက်အအုံအတွက်မဆို နှစ်ရှည်အရစ်ကျစနစ်ဖြင့် အဆောက်အအုံများ တည်ဆောက်ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။ ကမ္ဘောဇဘဏ်သည် Myanmar Art Construction & Development Co.,Ltd, iMyanmar House.com တို့နှင့် ပူးပေါင်း၍ အဆောက်အအုံဆောက်လုပ်လိုသူများအတွက် မြန်မာနိုင်ငံတွင် နှစ်ရှည်အရစ်ကျငွေပေးချေခြင်းစနစ်ကို စတင်ဝန်ဆောင်မှုပေးလျက်ရှိပြီး ယင်းနှစ်ရှည်အရစ်ကျစနစ်ဖြင့် ဆောက်လုပ်လိုသူများအနေဖြင့် ကနဦး စတင်လျှောက်ထားရာတွင် မြေပိုင်ဆိုင်မှုအထောက်အထား မိတ္တူ၊ ဝင်ငွေရလမ်းဖော်ပြချက်မိတ္တူ၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင် စာရင်းမိတ္တူ၊ အသုံးပြုနေသည့် ဘဏ်စာရင်းရှင်းတမ်း ခြောက်လ စာတို့ဖြင့် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပညာရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်

နေပြည်တော်

ထူးချွန် သော်လည်း ငွေကြေးမတတ်နိုင်သည့်အတွက် အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်တက်ရန် အခက်အခဲရှိသည့် ကျောင်းသားလူငယ်များသည် အလုပ်ခွင်ကိုဆောလျင် စွာဝင်ရောက်သွားရခြင်းသည် လူ့ စွမ်းအား အရင်းအမြစ်ဆိုင်ရာဆုံး ရှုံးမှုတစ်ခုဖြစ်ကြောင်း ရခိုင်ပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်ထုမေက ပြောသည်။ မေ ၂၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ်အမျိုးသား လွှတ် တော် (၁၂) ကြိမ်မြောက်ပုံမှန်အစည်း အဝေးဒသမနေ့တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်ထုမေက အသက်မွေးဝမ်းကျောင်း တက္ကသိုလ် များအပါအဝင် အစိုးရတက္ကသိုလ် အသီးသီးတွင် အဆင့်မြင့်ပညာရပ် များတက်ရောက်သင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ အတွက်အတိုးနှုန်းနည်းပါးသည့် ပညာ ရေးဆိုင်ရာ ချေးငွေအစီအစဉ်များ ရေးဆွဲအကောင်အထည်ဖော်ပေး ရန်ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

Google ဂယက် ရက်ပိုင်းသာရှိသေးသဖြင့် မြန်မာနိုင်ငံတွင်း ဟွာဝေးရောင်းအားအခြေအနေ မပြောနိုင်သေးဟုဆို

ရန်ကုန်၊ မေ ၂၄-

Google ကုမ္ပဏီက Huawei ၏ Android လည် ပတ်မောင်းနှင်မှုစနစ် အဆင့်မြှင့်တင် မှုအချို့ကို ကန့်သတ်ချက်ထုတ်ပြန် လိုက်သည်မှာ ရက်ပိုင်းသာရှိသေး သဖြင့် မြန်မာနိုင်ငံတွင်ရောင်းအား ကျ၊ မကျ မပြောနိုင်သေးကြောင်းံကတေနင ပြညောမေ၏ Huawei Myanmar\ CEO Mr. Zhang Liman က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တရားမကြောင်းဖြင့် တရားစွဲဆိုထားမှု ရင်ဆိုင်သွားမည်ဟု မဟာမုနိရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့ပြောကြား

မန္တလေး၊ မေ ၂၄

မဟာမုနိရုပ် ရှင်တော်မြတ် ဂေါပကအဖွဲ့အနေ ဖြင့် ဈေးဆိုင်ခန်းပိုင်ရှင်တစ်ဦးကဆိုင်ခန်းပိုင်ဆိုင်သည်ဟု ဆိုကာ တရားမကြောင်းဖြင့် တရားစွဲဆို ထားမှုအပေါ် ရင်ဆိုင်ဖြေရှင်းသွား မည်ဖြစ်ကြောင်း သိရသည်။ မဟာမုနိ ရုပ်ရှင်တော်မြတ် ဂေါပကအဖွဲ့မှ ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်သုံးဦးကို ဈေးတိုက်ခန်းနေ ပြည့်စုံလက်ဖက်ရည်ဆိုင်က မန္တလေး ခရိုင်တရားရုံး၌ တရားမမှုဖြင့် တရားစွဲဆိုထားသည့်အပေါ် ဂေါပ ကအဖွဲ့အနေဖြင့်မေ ၂၄ ရက် နံ နက်ပိုင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံ၍သတင်းစာရှင်းလင်းပွဲ ပြုလုပ်ကာ ဂေါပက အဖွဲ့အတွင်း ရေးမှူးက ယင်းကဲ့သို့ပြောကြားခဲ့ သည်။

ဆက်လက်ဖတ်ရှုရန် ...

နေပြည်တော်တွင် တရားရေးကောလိပ် တည်ဆောက်မည်

နေပြည်တော်၊ မေ ၂၄

တရား သူကြီးများ၏ ပညာရပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည် တိုးတက်ရေးအတွက် စနစ်တကျလေ့ကျင်သင်ကြားပေးနိုင်သောတရားရေးကောလိပ်( Judicial Collage ) အဆာက်အအုံကို ၂ဝ၁၉-၂ဝ၂ဝခု ဘဏ္ဍာနှစ်မှ စတင်၍ ဆောက်လုပ်သွားမည်ဖြစ် ကြောင်း ပြည်ထောင်စုတရားလွှတ် တော်ချုပ် တရားသူကြီးဦးမျိုးတင့်က ပြောသည်။ မေ ၂၄ ရက် အမျိုးသားလွှတ် တော်အစည်းအဝေးတွင် ရန်ကုန် တိုင်းဒေသကြီးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖေ ချစ်က ပြည်ထောင်စုတရားလွှတ် တော်ချုပ်အနေဖြင့် အခြားနိုင်ငံအ များစုကဲ့သို့ တရားစီရင်ရေးဆိုင်ရာ သင်တန်းများ စနစ်တကျပို့ချနိုင်ရန် တရားရေးကောလိပ်(Judicial Collage)သို့မဟုတ် တရားရေးအကယ် ဒမီ (Judicial Academy)  တည် ထောင်ပေးရန် အစီအစဉ်ရှိ/ မရှိ မေးခွန်းအပေါ် ၎င်းင်းကအထက်ပါ အတိုင်းပြောခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လာမည့် ပညာသင်နှစ်အတွက် အခမဲ့ပေးမည့် ကျောင်းသုံးဖတ်စာအုပ် ကိုးသန်းကျော် ရိုက်နှိပ်ထား

ရန်ကုန်၊ မေ ၂၄

လာမည့်ပညာ သင်နှစ်အတွက် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ပေးမည့် ကျောင်းသုံးဖတ်စာအုပ် ကိုးသန်း ကျော် ရိုက်နှိပ်ထားကြောင်း သိရ သည်။ ပညာရေးဝန်ကြီးဌာန အနေ ဖြင့် နှစ်စဉ် ကျောင်းသား၊ ကျောင်း သူများကို အခမဲ့ပေးနေသည့် ကျောင်းသုံးဖတ်စာအုပ်များကို လာ မည့် ပညာသင်နှစ်ဖြစ်သော ၂ဝ၁၉- ၂ဝ၂ဝ ပညာသင်နှစ်တွင် တက် ရောက်လာမည့် ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေး နိုင်ရန်အတွက် ရိုက်နှိပ်ထားသော ဖတ်စာအုပ်မှာ ဘာသာရပ်မျိုးစုံ ၉ဝ ရှိပြီး မူလတန်းအတွက် ၃၈ဝ၈၆၁၆၂ အုပ်၊ အလယ်တန်းအတွက် ၄၄၂၈၅၈ဝ၄ အုပ်၊ အထက်တန်း အတွက် ၁၅၂၂ဝ၄ဝ၆ အုပ်၊ ဆရာ ကိုင် ဆရာလမ်းညွှန်စာအုပ် ၅၄ မျိုး စုစုပေါင်း ၉၁၅ဝဝဝဝ အုပ် ရိုက် နှိပ်ထားကြောင်း အခြေခံပညာဦးစီး ဌာန စာရင်းများအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...