HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

တောင်းဆိုချက်များကို အလုပ်ရှင်နှင့် သဘောတူစာချုပ် ချုပ်ဆိုနိုင်သဖြင့် ပဲခူး ဟွာရှိန်အထည်ချုပ်စက်ရုံမှ လုပ်သား ၃ဝဝဝကျော် လုပ်ငန်းခွင်ပြန်ဝင်မည်

ရန်ကုန်၊ မေ ၂၃ 

တောင်းဆိုချက် ပေါင်း ၃ဝ ခုဖြင့် ဆန္ဒထုတ်ဖော် ခဲ့သည့် ပဲခူးရှိ ဟွာရှိန်အထည်ချုပ် စက်ရုံမှလုပ်သား ၃ဝဝဝ ကျော်၏ တောင်းဆိုမှုကို အလုပ်ရှင်အလုပ် သမားသဘောတူစာချုပ် ချုပ်ဆိုနိုင်သဖြင့် လုပ်ငန်းခွင်ပြန်ဝင်မည် ဖြစ်ကြောင်းသိရသည်။  ပဲခူးရှိ ဟွာရှိန်အထည်ချုပ် စက်ရုံမှ လုပ်သား ၃ဝဝဝ ကျော် တောင်းဆိုချက် ပေါင်း ၃ဝ ချက် ဖြင့် မတ်လ၂၂ ရက်၊ ၂၃ ရက်နေ့ တွင် လုပ်ငန်းခွင်ရပ်ဆိုင်း၍ ဆန္ဒ ထုတ်ဖော်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒါရိုက်တာ မင်းထင်ကိုကိုကြီး အမှု အာမခံ မလျှောက်တော့ဘဲ အမှုအမြန်ဆုံး ပြီးပြတ်အောင် ဆောင်ရွက်မည်ဟုဆို

ရန်ကုန်၊ မေ ၂၃

ဒါရိုက်တာ မင်းထင်ကိုကိုကြီး၏ အာမခံကို ထပ်မံလျှောက်ထားတော့မည် မဟုတ်ဘဲ အမှုအမြန်ဆုံးပြီးပြတ် အောင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ၎င်းင်း၏ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောကြားလိုက်သည်။  ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နှင့် ပုဒ်မ ၅ဝ၅ (က)တို့ဖြင့် တရားစွဲဆိုထားသည့် ဒါရိုက်တာ မင်းထင်ကိုကိုကြီးအား အင်းစိန် တရားရုံးတွင် မေ ၂၃ ရက်က ရုံး ထုတ်စစ်ဆေးချိန်အပြီးတွင် တရား လွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

သံရုံးအများစု နေပြည်တော်တွင် မြေကွက် ယူထားပြီးဖြစ်

နေပြည်တော်၊ မေ ၂၃ 

သံရုံး အများစုမှာ နေပြည်တော်တွင် မြေကွက်နေရာယူထားပြီးပြီဖြစ် ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန မှအမြဲတမ်းအတွင်းဝန် ဦးမြင့်သူကပြောသည်။ မေ ၂၃ ရက်က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာပူး ပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့ ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းက အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြို့တော် စည်ပင်အကြောင်း တစေ့တစောင်း

အမ္ဗနဒီကျော်စွာ

 

ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အတွင်းမှာ မှီတင်းနေထိုင်ပြီး မွေးဖွားရှင်သန်ကြီးပြင်းနေထိုင်ကြရသူမှန်သမျှတို့သည် မြေ၊ ရေ၊ လေ၊ မီး၊ သဘာဝပတ်ဝန်းကျင်၊ အုပ်ချုပ်ရေးအာဏာပိုင်အစိုးရအဖွဲ့အစည်းများ၊ ဥပဒေပြုရေးအာဏာပိုင်အဖွဲ့အစည်းများ၊ တရားစီရင်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် မည်သည့်နည်းလမ်းကိုမဆို အသုံးပြု၍ ဖြစ်စေ မပတ်သက်ဘဲ မသက်ဆိုင်စေဘဲ နေထိုင်မှုပြုလုပ်ရန် ရှောင်ရှားနေထိုင်ကာ အသက် မွေးခြင်းတို့ကို မပြုလုပ်နိုင်စကောင်းပေ။

ဆက်လက်ဖတ်ရှုရန် ...

အဂတိလိုက်စားမှု မကျဆင်းရခြင်း အဓိကအကြောင်းရင်းသည် အစိုးရဌာနများ၌ အရိုးစွဲနေသော အဂတိလိုက်စားမှုကြောင့် ဖြစ်ဟုဆို

ရန်ကုန်

မြန်မာနိုင်ငံတွင် အဂတိလိုက်စားမှုများ မကျဆင်းရခြင်း၏ အဓိအကြောင်းရင်းသည် အစိုးရဌာနများ၌ အရိုးစွဲနေသည့် အဂတိ လိုက်စားမှုများကြောင့်ဖြစ်ရခြင်းဟု အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောဆိုလိုက်သည်။ မေ ၁၃ ရက်မှစတင်ကာ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၃၃ ဦးက ဆွေးနွေး နေသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက် နှစ် ပတ်လည် အစီရင်ခံစာနှင့်ပတ်သက်၍ မေ ၂ဝ ရက်တွင် ပြုလုပ်သည့် လွှတ်တော်အစည်း အဝေး၌ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြန်လည် ရှင်းလင်းမှုများပြုလုပ်ခဲ့စဉ် ပြောဆိုခဲ့ခြင်းဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

YBS ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ ပြေးဆွဲပေးနိုင်ရန် စီစဉ်

ရန်ကုန်

ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ည ၁ဝ နာရီအထိ ပြေးဆွဲ ပေးနိုင်ရန်စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့(YRTA)မှ တွဲဖက်အတွင်း ရေးမှူး ဦးလှအောင်က ပြောသည်။ YBS  ယာဉ်လိုင်းများ စတင်ပြေးဆွဲစဉ် မှစတင်ကာ ယခုအချိန်အထိ ည ၈ နာရီခန့် ထိသာ နောက်ဆုံးထားပြေးဆွဲမှုများ ရှိနေ ခြင်းဖြစ်သည်။ ယခုနှစ် အစပိုင်းမှစတင်ကာ ယာဉ်လိုင်းအချို့ကို ၂၄ နာရီ ပြေးဆွဲမှုများ ပြုလုပ်ပေးခဲ့သော်လည်း ထိရောက်မှုမရှိသေး ပေ။ ''အခုလက်ရှိ ပြေးဆွဲနေတဲ့အချိန်ကို ကျွန်တော်တို့မျှော်မှန်းတဲ့ ၁ဝ နာရီတိုးရေးဆိုတာက ဆက်လက်ကြိုးပမ်းသွားမယ်။ ကျွန် တော်တို့ မျှော်မှန်းထားတာက ၁ဝ နာရီအထိ လိုင်းတွေကို မျှော်မှန်းထားတယ်။ မတည်ငြိမ်တဲ့ ယာဉ်အင်အားကြောင့် ကျွန်တော်တို့မျှော် မှန်းတဲ့ ၁ဝ နာရီကလဲ မရောက်တာအများ ကြီးပဲ။ ကျွန်တော်တို့သတ်မှတ်ထားတဲ့ ၁ဝ နာရီကို ကျွန်တော်တို့သတ်မှတ်ထားတဲ့အတိုင်း ရအောင်လုပ်ဖို့ ကြိုးစားနေပါတယ်''ဟု ဦးလှ အောင်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပညာရေးစနစ် မှန်ကန်ပါက အခြားနိုင်ငံများကို အချိန်တိုအတွင်း ရင်ပေါင်တန်း အမီလိုက်နိုင်မည်ဟု နိုင်ငံတော်အတိုင်ပင်ခံပြောကြား

ရန်ကုန်

ပညာရေးစနစ်မှန်ကန်ပါက အခြား နိုင်ငံများကို အချိန်တိုအတွင်း ရင်ပေါင်တန်း အမီလိုက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကဆိုသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အနေ ဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနား မြို့ အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ ပညာရေးဝန်ကြီးဌာန၊ အခြေခံ ပညာဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချလျက် ရှိသည့် နေပြည်တော် ဒက္ခိဏခရိုင်၏ အခြေခံ ပညာ အလယ်တန်းအဆင့် (သင်ရိုးသစ်) Grade -6 ခရိုင်အဆင့်ဆွေးနွေးပွဲ/သင်တန်း သို့ လာရောက်စဉ် ထိုကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပေ ၆ဝဝ ခန့် အနက်ရှိ ချောက်ထဲသို့ ကားထိုးကျ၊ ယာဉ်ပေါ်ပါ လေးဦးစလုံးသေဆုံး

ရန်ကုန်၊ မေ ၂၁

တီးတိန်မြို့နယ်တွင် ပေ ၆ဝဝ ခန့်အနက်ရှိ ချောက်ထဲသို့ ကားတစ်စီးထိုးကျခဲ့ရာ ယာဉ် ပေါ်ပါ လေးဦးစလုံး သေဆုံးခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ချင်းပြည်နယ် တီးတိန်မြို့နယ် လမ်းဇန်ကျေးရွာအနီး တီးတိန်-ရိဒ်သွား ကားလမ်းအတိုင်း မောင်းလာသည့် မော်တော်ယာဉ် တစ်စီးသည် မေ ၂၁ ရက် နံနက် ပိုင်းက မိုင်တိုင်အမှတ် (၇/၁) နှင့် (၇/၂)အကြားအရောက် လမ်းဘေး ပေ ၆ဝဝ ခန့်အနက်ရှိ ချောက်ထဲ သို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...