HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

ဆေးခြောက် ဧက ၂ဝ စိုက်ပျိုးမှုဖြင့် ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား တစ်ဦးနှင့် စိုက်ခင်းတာဝန်ခံ နှစ်ဦးကို မူးယစ်ပုဒ်မငါးခုဖြင့် တရားစွဲတင်

ရန်ကုန်၊ မေ ၂၁

-ဆေးခြောက် ဧက ၂ဝ စိုက်ပျိုးမှုဖြင့် ဖမ်းဆီးထားသည့် အမေရိကန်နိုင်ငံသား တစ်ဦးနှင့် စိုက်ခင်းတာဝန်ခံနှစ်ဦး ကို မူးယစ်ပုဒ်မငါးခုဖြင့် တရားစွဲတင်လိုက်ကြောင်းသိရသည်။ မေ ၂၁ ရက်တွင် မြင်းခြံ ခရိုင်တရားရုံးသို့ ၁၉၉၃ ခုနှစ် မူး ယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(က)(ခ)၊ ၁၉(က)၊ ၂ဝ (က)(ခ) ပုဒ်မငါးခုဖြင့် တရား စွဲတင်ခဲ့ခြင်းဖြစ်ကြောင်း ငါန်းဇွန်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းဝင်းက ဒီမိုကရေစီတူဒေးသို့ အတည် ပြုပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အိမ်ထောင်စုပေါင်း (၁၁) သန်းခန့် ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းသည် ထင်း၊ မီးသွေးလောင်စာအတွက် သစ်တောများကို မဖြစ်မနေမှီခိုနေရဟု ပြည်ထောင်စုဝန်ကြီးပြော

ရန်ကုန်၊ မေ ၂၁

အိမ်ထောင်စုပေါင်း ၁၁ သန်းခန့်ရှိသည့်အနက် ၈၁ ရာခိုင်နှုန်းဟာ လောင်စာအတွက် ထင်းနှင့်မီးသွေးကိုအသုံးပြုနေပြီး နေအိမ်အဆောက်အအုံများအတွက်လည်း သစ်နှင့်ဝါးကို အသုံးပြုနေသည့်အတွက် သစ်တောများကို မဖြစ်မနေမှီခိုနေရကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြော ကြားသည်။ မေ ၂၁ ရက်က နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမတွင် ပြုလုပ်သည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းနှင့် ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် နှစ်တို၊ နှစ်ရှည်ချေးငွေရရှိရေးအလုပ်ရုံဆွေးနွေးပွဲတွင် အဖွင့်မိန့်ခွန်းပြောကြားရာ တွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လှိုင်သာယာတွင် ကျူးကျော်များကို မြေဧကသုံးရာ ကွက်လပ်တွင် အစားထိုးနေရာ ချထားပေးရန် ဆွေးနွေးနေ  

ရန်ကုန်၊ မေ ၂ဝ

လှိုင်သာယာ မြို့နယ်အတွင်းရှိ ကျူးကျော်များ နေထိုင်ရန် မြို့နယ် မြေဧကသုံးရာ မြေကွက်လပ်တစ်ခုတွင် အစားထိုး နေရာချထားပေးရန် ဆွေးနွေးလျက် ရှိကြောင်း လှိုင်သာယာမြို့နယ် တိုင်း ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။  ''ကျူးကျာ်တွေနေထိုင်ဖို့ အစားထိုးနေရာချပေးဖို့ စီစဉ်နေတာဟုတ်တယ်။ ဝန်ကြီးချုပ်နဲ့ တွေ့တဲ့အခါမှာ ဝန်ကြီးချုပ်ကလည်း အဓိက တော့ ညောင်ရွာက မီးလောင်သွားတဲ့ကျူးတွေနဲ့ လှိုင်သာယာတစ်မြို့ လုံးမှာရှိတဲ့ ကျူးတွေအတွက်ကို ဘယ်လိုဆောင်ရွက်မလဲဆိုတာ ဆွေး နွေးတာပေါ့။ ဧက ၃ဝဝ ပေါ်မှာ ဘယ်လို ဘယ်လိုတွေလုပ်မယ်ဆို တာ ဆွေးနွေးတုန်းအချက်ပဲ ရှိ သေးတယ်''ဟု ၎င်းက ဒီမိုကရေစီ တူဒေး၏မေးမြန်းမှုကို မေ ၂ဝ ရက်တွင် ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် နည်းပညာတက္ကသိုလ်ရှိ ရုပ်ဝတ္ထုနှင့် ပတ်ဝန်းကျင်ကိုးခုကို တက္ကသိုလ် အမွေအနှစ်အဖြစ် သတ်မှတ်

ရန်ကုန်၊ မေ ၂ဝ

ရန်ကုန်နည်း ပညာတက္ကသိုလ်ရှိ ရုပ်ဝတ္ထုနှင့်ပတ်ဝန်းကျင်ကိုးခုကို တက္ကသိုလ်အမွေအနှစ်အဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။ ရန်ကုန်နည်းပညာတက္ကသိုလ်တည်ထောင်မှုကာလနှင့် သမိုင်းတန်ဖိုးမြင့်မားသည့်အားလျော်စွာ တက္ကသိုလ်အတွင်းရှိ ဖြစ်တည်မှုအသီး သီးသည် ရေရှည်တည်တံ့သောအမှတ်အသားများအဖြစ် ကာလအဆက်ဆက်ထင်ကျန်နိုင်စေရေးအတွက် ရန်ကုန်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်က ရုပ်ဝတ္ထုများနှင့် ပတ်ဝန်းကျင်ကိုးခုကို တက္ကသိုလ်ရပ် ဝန်းမဟာဗျူဟာအစီအစဉ် (campus master plan)နှင့်အညီ တက္ကသိုလ်၏ ထိန်းသိမ်းစောင့်ရှောက်ရ မည့် တက္ကသိုလ်အမွေအနှစ်များအ ဖြစ်သတ်မှတ်လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အထည်ချုပ် လုပ်သားများ လစာတစ်ပြေးညီ ရရှိစေရန် စနစ်တစ်ခုရေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဆို

ရန်ကုန်၊ မေ ၂ဝ

အထည်ချုပ်လုပ်သားများလုပ်ခလစာ တစ်ပြေးညီရရှိနိုင်ရန် စနစ်တစ်ခုကိုရေးဆွဲမည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ်က ပြောကြားလိုက်သည်။ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ နိုင်ငံခြားသားပိုင် Myanmar Hoa Yaung အထည်ချုပ်စက်ရုံရှိ အလုပ် သမားများနှင့် မေ၂ဝရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးရှေ့၌တွေ့ဆုံစဉ် ဝန်ကြီးချုပ်က အထက်ပါအတိုင်း ပြောကြားလိုက် ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ဆရာ ဆရာမများ၏ စာမေးပွဲခန်းကြီးကြပ်ခများကို ရက်အလိုက် သတ်မှတ်ချီးမြှင့်မည်  

ရန်ကုန်၊ မေ ၁၉

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများ၏ စာမေးပွဲခန်းကြီး ကြပ်ခချီးမြှင့်ငွေနှုန်းထားများကို ရက်အလိုက် သတ်မှတ်ချီးမြှင့်သွား မည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာန၏ စီမံ ခန့်ခွဲရေးကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ အဆင့်မြင့်ပညာ ဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ဒီ ဂရီကောလိပ်၊ကောလိပ်များတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ၊ဆရာမများ၏စာမေးပွဲခန်း ကြီးကြပ်ခချီးမြှင့်ငွေများကို စာမေး ပွဲအချိန်နှင့်ချီးမြှင့်ခြင်းအစား တစ် ရက်တာဝန်ထမ်းဆောင်မှုဖြင့် ချီး မြှင့်ပေးသွားရမည်ဖြစ်ကြောင်း၊ စာ မေးပွဲကြီးကြပ်ခများအဖြစ် တစ်ရက် လျှင်ကျပ်(၃ဝဝဝ၊၁၅ဝဝ၊ ၁ဝဝဝ)နှုန်းဖြင့် ခံစားခွင့်ပြုရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး အခြားဌာနသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခြင်း မပြုဘဲ မြဝတီမြို့၌သာ ဆက်လက်တာဝန် ထမ်းဆောင်နိုင်ရန် ဒေသခံပြည်သူအချို့ ဆန္ဒထုတ်ဖော်

မြဝတီ၊ မေ ၁၉

ကရင်ပြည်နယ် မြဝတီမြို့၌ တာဝန်ထမ်းဆောင်နေ သော မြဝတီခရိုင် ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီးအား အခြားဌာနတစ်နေရာသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင် ခြင်းမပြုဘဲ မြဝတီမြို့၌သာ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ရန် ဒေသခံပြည်သူအချို့ကဆန္ဒထုတ် ဖော်ပွဲကို မေ ၁၉ ရက် နံနက် ၉ နာရီက မြဝတီမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေပြည်သာမြို့နယ်တွင် လျှပ်စစ်မီးရရှိရေးအတွက် ပြည်သူ ၁၅ဝ ခန့် ဆန္ဒထုတ်ဖော်၊ ကုန်ဈေးနှုန်းမြင့်တက်မှု ရပ်တန့်ရေးအပါအဝင် အချက် ၁၁ ချက်ကိုတောင်းဆို

ရွှေပြည်သာ၊ မေ ၁၉ 

လျှပ်စစ်မီးပုံမှန်ရရှိရေး အပါအဝင် တောင်းဆိုချက် ၁၁ ချက်ဖြင့် ရွှေ ပြည်သာမြို့နယ်၌ ပြည်သူ့ဆန္ဒ ဖော်ဆောင်ရေး လူထုတောင်းဆို ပွဲကို အင်အား ၁၅ဝ ခန့်ဖြင့် ပြု လုပ်ခဲ့ကြောင်း ဆန္ဒထုတ်ဖော်သူ များထံမှ သိရသည်။ ဆန္ဒထုတ်ဖော်ရာတွင် ဦး ဆောင်သူ ဦးစန်းနိုင် အပါအဝင် အင်အား ၁၅ဝ ခန့်တို့သည် မေ ၁၉ ရက် နံနက် ၈ နာရီကအမှတ် (၅) ရပ်ကွက်လမ်းဆုံတွင် စတင် စုဝေးကြပြီး ဘုရင့်နောင်လမ်းမ ကြီးမှတစ်ဆင့် အမှတ်(၆)ရပ်ကွက် သံလွင်လမ်းနှင့် မဲခေါင်လမ်းထောင့် မှစတင်ကာ ဗီနိုင်းများကိုင်ဆောင် ပြီးထွက်ခွာခဲ့ကြကြောင်း သိရ သည်။ အဆိုပါအဖွဲ့သည်ရပ်ကွက် ကို တစ်ပတ်ပတ်ပြီး စုရပ်ဖြစ်သည့် အမှတ်(၆)ရပ်ကွက် သံလွင်လမ်း နှင့် မဲခေါင်လမ်းထောင့်မြို့နယ် ပြန်ကြားရေးနှင့် ပြည့်သူ့ဆက် ဆံရေးရုံးရှေ့ထိြေ<ွကးကြော်သံများ အော်ဟစ်ကာ ဆန္ဒထုတ်ဖော်ခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...