HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မန္တလေးမြို့တွင် ဓားကိုင် ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းခဲ့ရ

ရန်ကုန်၊ မေ ၁၈

မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့တွင် ငှက် ကြီးတောင်ဓား ကိုင်ဆောင်ပြီး ရမ်းကားနေသူကို သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရာမှ သေဆုံးခဲ့ ကြောင်း သိရသည်။ မန္တလေးမြို့၊ အောင်မြေသာ စံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ ၁၄ လမ်း နှင့် ၆၆ လမ်းထောင့်တွင် မေ ၁၈ ရက်၊ နံနက် ၄ နာရီခန့်က လမ်းသွားလမ်းလာ ပြည်သူများကို လူတစ်ဦးမှ ဓားရှည်ဖြင့်လိုက်လံ ခုတ်၍ ရန်ပြုနေကြောင်းသတင်း အရ ရဲတပ်ဖွဲ့မှ သွားရောက်ဖမ်း ဆီးရာ အသက်(၄၅)နှစ်ခန့် အမျိုး သားတစ်ဦးမှာ အရိုး ၇ လက်မ၊ အသွား ၁၉ လက်မခန့်ရှိ ငှက်ကြီး တောင်ဓားရှည်တစ်ချောင်းကိုင် ဆောင်လျက် လမ်းသွားလမ်းလာ များအား ရန်ပြုနေသည်ကို တွေ့ ရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြို့ပတ်ဘူတာရုံများ အဆင့်မြှင့်ရာ၌ အိမ်ရာစီမံကိန်းများနှင့် ပေါင်းစပ်နိုင်ရန် ပြင်ဆင်ထား

ရန်ကုန်၊ မေ ၁၈

ရန်ကုန်မြို့ပတ် ရထားလမ်းတစ်လျှောက်ရှိ ဘူတာ ရုံများအဆင့်မြှင့်ရာ၌ မြို့ပြအိမ် ရာစီမံကိန်းများနှင့်ပါ ပေါင်းစပ် နိုင်ရန်ပြင်ဆင်နေကြောင်း ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော သည်။မေ ၁၈ ရက် ရန်ကုန်ဘူတာ ကြီးတွင်ပြုလုပ်သည့် ရန်ကုန်-မန္တ လေးရထားလမ်းပြန်လည်မွမ်းမံ ခြင်း (စီမံကိန်းအဆင့်-၁)နှင့် ရန်ကုန်မြို့ပတ်လမ်းပိုင်းအဆင့်မြှင့်တင် ခြင်းစီမံကိန်းဆောင်ရွက်ခြင်းများ အတွက် ပန္နက်တင်အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအ တိုင်းထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခွေးဘီလူးယာဉ် မီးလောင်

ရန်ကုန်၊ မေ ၁၈

ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ခွေးဘီး လူးယာဉ်တစ်စီးသည် အင်ဂျင်ဝိုင် ယာရှော့ခ်ဖြစ်ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပဲခူးတိုင်းဒေသကြီး ဒိုက်ဦး မြို့နယ် ရန်ကုန်-မန္တလေး အမြန် လမ်းအတိုင်း နေပြည်တော်မှ  ရန်ကုန်သို့ ယာဉ်မောင်းကိုချစ်ကောင်း မောင်းလာသည့် Toyota Hijet  (ခွေးဘီလူးယာဉ်)သည် မေ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မိုင် တိုင်အမှတ် (၅ဝ/၂ )နှင့် (၅ဝ/၃) အကြားအရောက် ကားရှေ့ခန်း အင်ဂျင်ဝိုင်ယာရှော့ခ်ဖြစ်ရာမှ ကား မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှု ကို မီးသတ်တပ်ဖွဲ့မှ သွားရောက် ငြှိမ်းသတ်ခဲ့ရာ မိနစ်ပိုင်းအကြာ၌ မီးငြိမ်းခဲ့ကြောင်း ဘောနီအမြန် လမ်းမကြီး မီးသတ်တပ်ဖွဲ့ထံမှစုံစမ်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ တည်ဆောက်နေ

နေပြည်တော်၊ မေ ၁၇

အငြိမ်းစား နိုင်ငံဝန်ထမ်းများအတွက် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် အငှားအိမ်ရာများ ဆောက်လုပ်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီးဦးကျော်လင်း က ပြောသည်။ မေ၁၇ရက် နေပြည်တော်ပြန် ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်တစ်ဦး၏ မေးမြန်း မှုကို ၎င်းကအထက်ပါအတိုင်းပြော ကြားခြင်းဖြစ်သည်။ 'ကျွန်တော်တို့ အမြဲတမ်းနိုင်ငံ ဝန်ထမ်း အငြိမ်းစားတွေအတွက်ကို အမြဲတမ်း စဉ်းစားနေတာရှိပါတယ်။ အခုလက်ရှိ ရန်ကုန်ရယ်၊ မန္တလေး ရယ်၊ နေပြည်တော်ရယ်မှာ နိုင်ငံဝန် ထမ်း အငှားအိမ်ရာဆိုပြီးတော့
ကျွန်တော်တို့ဆောက်နေတာ''ဟု ၎င်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗုဒ္ဓဘာသာအမည်ခံ အမုန်းတရားများ ဖြန့် ဖြူးနေမှုကို ရှုတ်ချသည့် အနေဖြင့် နှင်းဆီဖြူ လှုပ်ရှားမှုပြုလုပ်  

ရန်ကုန်၊ မေ ၁၇

ဗုဒ္ဓဘာသာကို အမည်ခံ၍ အမုန်းတရားများ ဖြန့်ဖြူးနေမှုကို ရှုတ်ချသည့်အနေဖြင့် နှင်းဆီဖြူလှုပ်ရှားမှုကို လူငယ်တစ်စုက မေ ၁၇ ရက်က ပြုလုပ်ခဲ့သည်။ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ဖပါရ်ရှားဒါရ်ဗလီကျောင်းတွင် ဝတ်ပြုသည့် အစ္စလာမ်ဘာသာဝင်များကို ဗုဒ္ဓဘာသာဝင်လူငယ် ၂ဝကျော်က နှမ်းဆီဖြူများ ကမ်းလှမ်းပေးခဲ့ကြခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို နှင်းဆီဖြူကမ်ပိန်းဟု အမည်ပေးထားကာ မေ ၁၅ရက်က တောင်ဒဂုံမြို့နယ်ရှိ အစ္စလာမ်ဘာသာဝင် များ ဝတ်ပြုသည့် သုံးနေရာကို မျိုးချစ်ဆိုသူများက အင်အား ၁ဝဝကျော်ဖြင့် တားဆီးပိတ်ပင်နှောင့်ယှက်မှုကို ဆန့်ကျင်သည့် အနေဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကမ်ပိန်းဦးဆောင်သူ ကိုသက် ဆွေဝင်းက ဒီမိုကရေစိတူဒေးသို့ မေ ၁၇ ရက်တွင် ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းရှိ မြန်မာအလုပ်သမား သံအရာရှိတစ်ဦးကို အလုပ်ခေါ်စာ စိစစ်ရာတွင် လာဘ်စားသည်ဟုဆိုကာ အေဂျင်စီများ တိုင်ထား

ရန်ကုန်၊ မေ ၁၇

ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမားသံအရာရှိ တစ်ဦးကို အလုပ်ခေါ်စာစိစစ်ရာ တွင် လာဘ်စားသည်ဟုဆိုကာ အေဂျင်စီများက တိုင်ကြားထား ကြောင်းသိရသည်။ ၂ဝ၁၈ ခုနှစ်မှ ၂ဝ၁၉ ခုနှစ် ဧပြီလအထိ ၁၆ လတာအတွင်း စေလွှတ်ခွင့်ရအလုပ်သမား တစ် ဦးစီအတွက် စိစစ်ခအဖြစ်ပေးချေ ခဲ့ရသည့်ငွေတွင်ပင် ထိုင်းဘတ် ငွေ ၂၅ သန်းရှိခဲ့ကြောင်း၊ ယင်း ကြောင့်စာဖြင့်ရေးပို့တိုင်ကြားခြင်း ဖြစ်ကြောင်း တိုင်ကြားသူများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

(၁၄) ကြိမ်မြောက် သုတစွယ်စုံ စာပေဆုအတွက် ဆုရရှိသူများစာရင်း ထုတ်ပြန်

ရန်ကုန်၊ မေ ၁၆

၂ဝ၁၇ ခုနှစ်အတွင်း ထုတ်ဝေခဲ့သည့် စာအုပ် များမှ ရွေးချယ်ချီးမြှင့်မည့်(၁၄)ကြိမ်မြောက် သုတစွယ်စုံစာပေဆုအ တွက်ဆုရရှိသူများ စာရင်းကို မေလ ၁၆ရက်က ထုတ်ပြန်ကြေညာ လိုက်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ခင်ဦးမြို့နယ် တရားသူကြီး အပါအဝင် သုံးဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်၊ တရားသူကြီး ရှောင်တိမ်းနေ

နေပြည်တော်၊ မေ ၁၆ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် တရားရုံးတွင် ရာဇဝတ်ကြီးမှုအမှတ် ၃၁၉/၁၇ သစ်တောအမှုဖြင့် အမှု ရင်ဆိုင်နေစဉ် ငှားရမ်းခဲ့သော တရား လွှတ်တော်ရှေ့နေ ဒေါ်ဇာခြည်ဝင်း မှ တရားသူကြီးနှင့် တရားရုံးဝန်ထမ်း များအားပေးရန်အတွက်ဟုဆို၍ ငွေ များပေးခဲ့ရသော်လည်း အမှုမအောင် မြင်ခဲ့ခြင်း၊ ခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့ရာတွင် ငွေပေးခဲ့ရ ခြင်းတို့အပေါ် အရေးယူပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့သဖြင့် အရေးယူခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...