HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

မြန်မာ့အမျိုးသား လေကြောင်းလိုင်းမှ လေယာဉ်မှူးနှင့် အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဂုဏ်ပြု  

ရန်ကုန်၊ မေ ၁၆

 ရှေ့ဘီးချမရသော်လည်း လေယာဉ် အောင်မြင်စွာဆင်းသက်နိုင်ခဲ့သည့် လေယာဉ်မှူးနှင့်အဖွဲ့ကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဂုဏ်ပြုခဲ့ကြောင်းသိရသည်။ ပြီးခဲ့သည့် မေ ၁၂ ရက်က မြန်မာ့အမျိုးသားလေကြောင်းလိုင်း၏ ရန်ကုန်-မန္တလေး-ရန်ကုန်ခရီးစဉ်အဖြစ် လေယာဉ်မှူး ဦးမြတ်မိုးအောင်ဦးဆောင်သည့်အဖွဲ့မောင်းနှင်လာသော လေယာဉ်သည် မန္တလေးလေဆိပ်သို့ဆင်းသက်စဉ် ရှေ့ဘီးချမရခဲ့ပေ။ ယင်းကဲ့သို့ ရှေ့ဘီးချမရဘဲ ဆင်းသက်ခဲ့ရသော်လည်း လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည် ၈၂ ဦးအပါ အဝင် လိုက်ပါလာသူအားလုံး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့သည့်အပြင် လေယာဉ်ပျက်စီးထိခိုက်မှု နည်း စွာဆင်းသက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လူတန်းစား အလွှာစုံ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စုကောင်းကျိုးဆောင် ပါတီခေါင်းဆောင် သူရဦးရွှေမန်းပြောကြား

ရန်ကုန်၊ မေ ၁၅

လူတန်းစား အလွှာစုံ၏ အခွင့်အရေးရရှိအောင် ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေ မန်းကပြောကြား လိုက်သည်။ ပြည်ထောင်စုကောင်းကျိုး ဆောင်ပါတီ၏ ပါတီဝင်အဆိုပြု လွှာပေးအပ်ပွဲကို မေ ၁၅ရက် နံနက် ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ မြို့တွင်ကျင်းပခဲ့ပြီး ယင်းအခမ်းအ နားတွင် ပါတီခေါင်းဆောင် သူရဦး ရွှေမန်းက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း ယင်းပါတီ က ထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရ လူမှုဖူလုံရေး အာမခံထားသူ လုပ်သား ၁ ဒသမ ၃ သန်းကျော်အထိ တိုးလာသော်လည်း အကျိုးခံစားခွင့်စနစ် နှစ်မျိုးသာ အာမခံပေးနိုင်သေး

ရန်ကုန်၊မေ ၁၅

အစိုးရလူမှုဖူ လုံရေးအာမခံတွင် လုပ်သား ၁ ဒသမ ၃ သန်းကျော်အထိ အာမခံ ထားရှိသူတိုးလာသော်လည်း အ ကျိုးခံစားခွင့်စနစ်နှစ်မျိုးသာ အာ မခံပေးနိုင်သေးကြောင်း သိရသည်။  ၂ဝ၁၂ ခုနှစ်လူမှုဖူလုံရေး ဥပဒေအရ အာမခံထားရှိသည့် လုပ်သားများအတွက် အကျိုးခံ စားခွင့်အာမခံစနစ်ခြောက်မျိုးပါရှိပြီး ယင်း ခြောက်မျိုးအနက် ဥပ ဒေအရ သုံးမျိုးကိုအကောင်အ ထည်ဖော်ဆောင်ရွက်ရမည်ဖြစ် သော်လည်း ကျန်းမာရေးနှင့် လူမှု ရေးစောင့်ရှောက်မှုအာမခံစနစ် (မကျန်းမာမှု၊ မီးဖွားမှု၊ မီးဖွားစ ရိတ်၊ သေဆုံးမှု၊ ဆေးကုသမှု ဆက် လက်ခံယူခွင့်)၊ အလုပ်တွင် ထိခိုက် မှုအကျိုးခံစားခွင့်အာမခံစနစ် နှစ် မျိုးသာအကောင်အထည်ဖော် ဆောင်ရွက်နိုင်သေးကြောင်း လူမှု ဖူလုံရေးအဖွဲ့မှ မေ ၁၅ ရက်က သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်း ဖျက်သိမ်းပေးရန် ပိတ်ဆို့ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ ပဋိပက္ခဖြစ်ပွား

ရန်ကုန်၊ မေ ၁၅

ပုသိမ်ကြီးမြို့နယ်တွင် ဘိလပ်မြေစက်ရုံစီမံကိန်းဖျက်သိမ်းပေးရန် ပိတ် ဆို့ဆန္ဒပြနေသည့် ဒေသခံများနှင့် ရဲတပ်ဖွဲ့တို့ အကြား ပဋိပက္ခဖြစ်ပွားရာ စီမံကိန်းဝင်းအ တွင်း ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သော ဒေသခံ နှစ်ဦးနှင့် Live လွှင့်ကာ သတင်းတင်ဆက် နေသည့် သတင်းထောက်တစ်ဦးတို့ကို ဖမ်းဆီး ကာ ပုဒ်မသုံးခုဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရသည်။ အဆိုပါအခင်းဖြစ်စဉ်တွင် ဒေသခံ ၁၇ ဦးဒဏ်ရာရရှိပြီး ရဲ တပ်ဖွဲ့ဝင်ရှစ်ဦးလည်း ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်တွင် တရားမဝင်နေထိုင် လောင်းကစား လုပ်ကိုင်သည်ဟုဆိုကာ ဖမ်းဆီးထားသူများအနက် တရုတ် လေးဦးနှင့် မြန်မာသုံးဦးကို အမှုသုံးမှုဖွင့်ထား

ရန်ကုန်၊ မေ ၁၄

တာချီလိတ်တွင် တရားမဝင်နေထိုင်ပြီး လောင်းကစားလုပ်ကိုင်သည်ဟု ဆိုကာ ဖမ်းဆီးထားသူများအနက် တရုတ်နိုင်ငံသားလေးဦးနှင့် မြန် မာသုံးဦးကို မူးယစ်မှု၊ လက်နက်မှုနှင့် တရားမဝင်လောင်းကစားမှု တို့ဖြင့်အမှုဖွင့်အရေးယူလိုက်သည်။ ကျန်ရှိ တရုတ်နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသားများကို လဝက မှ စစ်ဆေးပြီးဖြစ်ကာ မည်သို့အရေး ယူရန် အထက်သို့တင်ပြထားကြောင်း တာချီလိတ်မြို့မရဲစခန်းမှူး ဒုရဲမှူး သန်းထွန်းအောင်က ဒီမိုကရေစီ တူဒေးသို့ မေ ၁၄ တွင် ပြောသည်။ '' မူးယစ်မှုနဲ့က တစ်ဦးပါ။ တရုတ်နိုင်ငံသားပဲ။ လက်နက်မှုနဲ့ က မြန်မာတိုင်းရင်းသားသုံးဦး။ လောင်းကစားမှုနဲ့ ပတ်သက်တာက တရုတ်နိုင်ငံသားသုံးဦး။ သက်ဆိုင်ရာ သက်ဆိုင်ရာပေါ့။ မသက် ဆိုင်တဲ့သူတွေကို ဒီတိုင်းပဲထား တယ်။ လဝကကစစ်ဆေးလို့ ပြီး သွားပြီ။ နိုင်ငံခြားသားဆိုတော့ ဘယ်လိုဆောင်ရွက်မလဲဆိုတာ သူတို့က အထက်ကိုတင်ထား တယ်''ဟု ၎င်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်မြို့တွင်း စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို မေ ၁၅ ရက်မှ စတင်ကာ ပညာပေးမှုနှင့်အတူ အရေးယူတော့မည်

ရန်ကုန်၊ မေ ၁၄

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်တွင် စည်း ကမ်းမဲ့လမ်းဖြတ်ကူးသူများကို တိုးမြှင့် အရေးယူနေပြီဖြစ် ကြောင်းသိရသည်။ ''လူဖြတ်သန်းသွားလာမှု အများဆုံးဖြစ်တဲ့ ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ကို ဦးစား ပေးလုပ်ဆောင်သွားမယ်''ဟု အမှတ်(၇) ယာဉ်ထိန်းရဲတပ်ဖွဲ့ မှရဲမှူး မျိုးအောင်မြင့်ကပြော သည်။ စည်းကမ်းမဲ့လမ်းကူးသူများ ကို အရေးယူမှုထက် ပညာပေးမှု ကိုသာ ဦးစားပေးလုပ်ဆောင်ခဲ့ သော်လည်း စည်းကမ်းချိုးဖောက် မှု ပိုများလာခြင်းကြောင့် မေ ၁၅ ရက်မှစတင်ကာ ပညာပေးမှုနှင့် အတူ အရေးယူမှုပါပူးတွဲတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

လျှပ်စစ်မီး ပုံမှန်ရရှိရေးအတွက် လှိုင်သာယာမြို့နယ်တွင် ပြည်သူ ၁ဝဝ ခန့် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ မေ ၁၄

လျှပ်စစ်မီးပုံမှန် ရရှိရေးအတွက် လှိုင်သာယာမြို့နယ် နေ ပြည်သူ ၁ဝဝခန့်က ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။ မေ ၁၄ ရက် နံနက် ၇ နာရီ ခွဲမှစတင်ကာ မြို့နယ်နေ ပြည်သူ ၁ဝဝခန့်က လှိုင်သာယာမြို့နယ် ရန်ကုန်-ညောင်တုန်း ကားလမ်း စနေမမှတ်တိုင်မှ ယင်းလမ်းတစ် လျှောက်၊ ထို့နောက် ယင်းမြို့နယ်ရှိ အောင်မြေသာယာ ဘောလုံးကွင်း အထိ လမ်းလျှောက်ချီတက်ကာ ဆန္ဒထုတ်ဖော်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးတွင်းကာလတွင် ရခိုင်စစ်ရှောင်များကို ယာယီစခန်း တည်ဆောက်ပြီး ထောက်ပံ့ပေးမည်

ရန်ကုန်၊ မေ ၁၃

မိုးကာလတွင် ရခိုင်ပြည်နယ်ရှိ စစ်ရှောင်ပြည်သူ များအတွက် ယာယ်ီစခန်းများ တည် ဆောက်ကာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူကယ်ပြန် ပြည်ထောင်စုဝန်ကြီးကပြောသည်။ မေ ၁၃ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ကျင်းပသည့် နိုင်ငံတော်အစိုးရ တတိယတစ်နှစ်တာကာလအတွင်း ဝန်ကြီးဌာနသုံးခုတို့၏ သတင်းစာ ရှင်းလင်းပွဲ၌ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...