HIGHLIGHT NEWS
Main menu

Others အထွေထွေ သတင်းများ

သံဃနာယက အဖွဲ့၏ သြဝါဒကို မခံယူပါက သံဃာ့ဆိုင်ရာဥပဒေဖြင့် ဦးဝီရသူကို တရားစွဲဆိုမည်

ရန်ကုန်

ဦးဝိစိတ္တာဘိဝံသ (ခ) ဦးဝီရသူ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး သံဃမဟာနာယက အဖွဲ့က ခေါ်ယူ၍ ဆုံးမသြဝါဒပေးခြင်းကို လိုက်နာခြင်းမရှိပါက သံဃာ့ဆိုင်ရာအဖွဲ့အစည်း ဥပဒေဖြင့် တရားစွဲဆိုမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။ တရားစွဲဆိုရာတွင် သံဃာ့ဆိုင်ရာအဖွဲ့အစည်း ဥပဒေအမှတ်(၂ဝ/၉ဝ)ဖြင့် တရားစွဲဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရ၏ ဆောင်ရွက်ချက်ကို ပြည်သူများ ထိရောက်စွာ ခံစားရရှိစေရန် အနစ်နာခံ အားစိုက်ထုတ်သည့် တာဝန်ရှိသူများ လိုအပ်နေဟုဆို

ရန်ကုန်

အစိုးရ၏ ဆောင်ရွက်ချက်များကို ပြည်သူများ ထိရောက်စွာခံစားရရှိနိုင်စေရန် အတွက် တာဝန်ရှိသူများအနေဖြင့် အနစ်နာခံ အားစိုက်ထုတ်ဆောင်ရွက်ခြင်းများ လိုအပ်နေ ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန် လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဆိုသည်။ ပြည်ထောင်စုဝန်ကြီးအနေဖြင့် တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများအား စွမ်းဆောင်ရည်မြှင့် တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဖွားသေစာရင်း မှတ်ပုံတင်ခြင်းကို Digital Mobile နည်းပညာဖြင့်ပြောင်းလဲဆောင်ရွက်မည်  

ရန်ကုန်၊ ဇွန် ၎

မြန်မာနိုင်ငံ၏ဖွားသေစာရင်း မှတ်ပုံတင်ခြင်းလုပ်ငန်းကို Digital Mobile နည်းပညာသို့ ပြောင်းလဲရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်စနစ် ပိုမိုအား ကောင်းလာစေရန်နှင့် နိုင်ငံတကာ အဆင့်အတန်းမီစေရန် နည်းပ ညာပြောင်းလဲ အသုံးပြုခြင်းများ ဆောင်ရွက်နေသလို မွေးဖွားမှုနှင့် သေဆုံးမှုမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းစာရင်းဇယားများ ကောက် ယူပြုစုရေးအဖွဲ့ကိုလည်း ဖွဲ့စည်း ဆောင်ရွက်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန် မိုးပျံ အပြင်ပတ် ကားလမ်းစီမံကိန်းအတွက် မကြာမီ နယ်နိမိတ် သတ်မှတ်မည်  

ရန်ကုန်၊ ဇွန် ၎

ရန်ကုန်မိုးပျံ အပြင်ပတ်ကားလမ်းစီမံကိန်းအတွက် နယ်နိမိတ်များကိုမကြာမီသတ်မှတ်သွားမည်ဖြစ်ကြောင်းသိရသည်။ ဇွန် ၃ ရက်က ရန်ကုန်တိုင်းဒေ သကြီးအစိုးရအဖွဲ့ရုံးတွင်ပြုလုပ် သော Yangon Project Bank အကြောင်း ရှင်းလင်းခြင်းအခမ်းအနားတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အထက်ပါအတိုင်းထည့် သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့ကို သွားလာရေး လွယ်ကူစေရန်အတွက် ရန်ကုန်မိုးပျံအမြန်လမ်းစီမံကိန်းကိုအတွင်း ပတ်လမ်းနှင့် အပြင်ပတ်လမ်းဟူ၍ နှစ်မျိုးတည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လာမည့် တက္ကသိုလ်ဝင်ခွင့် ခေါ်ယူချိန်၌ လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ခွင့်ရရှိစေနိုင်ရန်စီစဉ်ထား  

ရန်ကုန်၊ ဇွန် ၎

လာမည့် တက္ကသိုလ်ဝင်ခွင့်ခေါ်ယူချိန်၌ လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ခွင့်ရရှိစေနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အသက်မွေးဝမ်းကြောင်း တက္ကသိုလ်များနှင့် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်များ လျှောက်ထားခြင်းဆိုင်ရာ ကိစ္စများကိုလည်း အဆင့်မြင့်ပညာဦးစီးဌာန၊ ပါမောက္ခချုပ် ကော်မတီ၊ ဆရာ၊ ဆရာမအဖွဲ့များဖြင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိရာ လာမည့်တက္ကသိုလ် ဝင်ခွင့် ခေါ်ယူသည့်အခါ ပိုမိုကောင်းမွန်သော လျှောက်ထားသည့် ပုံစံများဖြစ်စေရန် နှင့် လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူတိုင်း ဝင်ခွင့် မလွဲချော်စေရန် စီစဉ် ထားကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တညင်းကုန်းဈေးဟောင်းမှ ဈေးသည်အချို့ စည်ပင်လက်အောက်တွင်ပင် ရောင်းချလို  

ရန်ကုန်၊ ဇွန် ၃

ဈေးဟောင်းမှ ဈေးသစ်ပြောင်းရွှေ့ပေးရေး ငြင်း ဆန်လျက်ရှိသော တညင်းကုန်းဈေး ဟောင်းမှ ဈေးသည်တချို့က စည်ပင် သာယာ၏လက်အောက်တွင်သာ ရောင်းချလိုကြကြောင်း ပြောသည်။ ''အန်တီတို့ ပြောင်းရွှေ့ရမယ်ဆိုရင် အန်တီတို့ ဈေးသူဈေးသား တွေအတွက် ဈေးသစ်မှာ နေရာတစ် နေရာစီစဉ်ပေးပြီး စည်ပင်ရဲ့လက် အောက်မှာပဲထားစေချင်တယ်။ ကုမ္ပဏီဆိုတာ ယုံရတာမဟုတ်ဘူး။ ဒီ နှစ်မှာ ဒီလောက်ဆိုပေမယ့် နောက်နှစ်ဆို သူ တောင်းချင်သလောက် တောင်းမှာလေ''ဟု ဈေးသည်တစ်ဦး ဖြစ်သူ ဒေါ်ထွေးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၁၉ - ၂ဝပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်  

ရန်ကုန်၊ ဇွန် ၃

၂ဝ၁၉-၂ဝပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ကြောင်း သိရသည်။ ၂ဝ၁၉-၂ဝ ပညာသင်နှစ်၏ အခြေခံပညာအတန်းများကို ဇွန် ၃ရက်တွင် စတင်ဖွင့်လှစ်လိုက်ပြီဖြစ် ပြီး ယခင်နှစ်က ကျောင်းသား၊ ကျောင်းသူဦးရေ ကိုးသန်းခန့်တက်ရောက်ခဲ့ကာ ယခုနှစ်တွင်လည်း ယင်းပမာဏထက် ပိုမိုများပြားလာနိုင်သည်ဟုခန့်မှန်းထားကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ယခုပညာသင်နှစ်၏ အခြေခံပညာကျောင်းအပ်လက်ခံခြင်းများကို မေလ ၂၅ရက်မှ ၃၁ ရက်အထိဆောင်ရွက်ခဲ့ပြီး အဆိုပါ ရက်များအတွင်း ကျောင်းအပ်နှံခြင်း မရှိသော ကျောင်းသား၊ ကျောင်းသူ များကိုစာရင်းပြုစုပြီး ကျောင်းအပ်နှံ လာစေရန်အတွက် ဆောင်ရွက်မည် ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန မှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နေရေးခက်ခဲနေသူများကို ခြောက်လအတွင်း နေရာဖန်တီးပေးနိုင်ရန် ပြင်ဆင်နေဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆို  

ရန်ကုန်၊ ဇွန် ၃ 

နေထိုင်ရေး အလွန်ခက်ခဲနေသူများကို ခြောက်လအတွင်း နေစရာဖန်တီးပေးနိုင်ရန်ပြင်ဆင်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။ ဇွန် ၃ ရက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သည့် Yangon Project Bank ရှင်းလင်း ဆွေးနွေးပွဲအခမ်းအနားတွင် ၎င်းင်းက အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်သူ တစ်သိန်း ကျော်ရှိပြီး ထိုသူများအတွက် တန်ဖိုးနည်းအိမ်ရာများ တည်ဆောက် ပေးရန်ကြိုးစားနေကြောင်း၊ ယင်းတန်ဖိုးနည်းအိမ်ရာများကို မြေတန်ဖိုးထည့်မတွက်ဘဲ အိမ်တန်ဖိုးကိုသာ အရစ်ကျစနစ်ဖြင့် ရောင်းချပေး နိုင်ရန်မျှော်မှန်းထားကြောင်း ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...