HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးလာမည့် ရက်သတ္တပတ်အတွင်း အီရန်သို့ သွားရောက်မည်

တိုကျို 

အီရန်နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့အကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်းတွင် ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် လာမည့် ရက်သတ္တပတ်အတွင်း အီရန်နိုင်ငံသို့ သွားရောက်မည် ဟု မျှော်လင့်ရကြောင်း အင်န်အိတ်ခ်ျကေသတင်းတွင် ဖော်ပြသည်။ ဇွန် ၁၂ ရက်တွင် စတင်မည့် ဂျပန်နိုင်ငံ ဝန်ကြီးချုပ်၏အီရန်နိုင်ငံသို့ သွားရောက်မည့်ခရီးစဉ် အတွင်း နောက်ဆုံးသဘောတူညီချက်အဖြစ် ဝန်ကြီးချုပ် အာဘေးသည် အီရန်သမ္မတ ဟတ်ဆန် ရိုဟာနီနှင့် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီတို့နှင့် မြို့တော်တီဟီရန်တွင် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ရန် စီစဉ်ထားကြောင်း ဂျပန် တာဝန်ရှိသူများက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူများ ယခုနှစ်ကုန် နောက်ဆုံးထား လျှောက်ထားရန် ကော်မရှင်မှ အသိပေး ကြေညာ  

ရန်ကုန် ၊ ဇွန် ၇

နိုင်ငံရေးပါတီ တည်ထောင်ခွင့် လျှောက်ထားလိုသူများသည် ယခုနှစ် ဒီဇင်ဘာလ ၃၀ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC)သို့ လျှောက်ထားကြရန် ကော်မရှင်မှ အသိပေးကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးကိုနီ လုပ်ကြံမှု နှစ်ဖက်အယူခံ ဇွန် ၂၄ ရက်တွင် အပြီးသတ်လျှောက်လဲမည်

ရန်ကုန်

တရားလွှတ် တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှ တရားခံများအား ပြစ်ဒဏ်များအပေါ် နှစ်ဖက်အယူခံတင်သွင်း ထားမှုအတွက် အပြီးသတ်လျှောက်လဲချက် ကြားနာတော့မည် ဖြစ် ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇွန် ၂၄ ရက် ၌ ကြားနာမည်ဖြစ်ကြောင်း တရားလိုရှေ့နေ၊ တရားလွှတ်တော်ရှေ့ နေ ဦးနေလက ဒီမိုကရေစီတူဒေးသို့ ဇွန် ၅ ရက်တွင် အတည်ပြု ပြောသည်။ ''ကြားနာမယ်ဆိုတာ ဟုတ် ပါတယ်။ ကျွန်တော်တို့ကနေ ဇေယျာဖြိုးကို ချမှတ်ထားတဲ့ ပြစ်မှုအမျိုးအစားရယ်၊ ပြစ်ဒဏ်ကို မ ကျေနပ်တဲ့အတွက်ကြောင့် ရာဇဝတ် ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်ပါတယ် '' ဟု ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အကဲဆတ်မှုတွေ ပြည့်နှက်နေတဲ့ နိုင်ငံရေး အခင်းအကျင်းနှင့် ပြည်သူ  

ရန်ကုန်

NLD အစိုးရ တက်လာပြီး နောက်ပိုင်းတွင် အစိုးရမှ ၎င်းင်းတို့၏ ဦးစားပေးကဏ္ဍများအတွက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြသည်။ ယင်းတို့အနက် တိုင်းရင်းသားအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအားအကာ အကွယ်ပေးနိုင်သည့် အုပ်ချုပ်မှုစနစ် ပေါ် ပေါက်လာရေးတို့လည်း ပါဝင်ခဲ့သည်။ NLD အစိုးရသက်တမ်း နှစ်နှစ်ကျော်ချိန် တွင် သမ္မတဦးထင်ကျော် ရာထူးတာဝန်မှ အနားယူခဲ့ပြီးနောက် လုပ်ရဲကိုင်ရဲရှိသည့် ဦးဝင်းမြင့်သည် ၂ဝ၁၈ ခုနှစ် မတ်လကုန်တွင် နိုင်ငံတော်သမ္မအဖြစ် တာဝန်ယူခဲ့သည်။ သမ္မတဦးဝင်းမြင့်သည် နိုင်ငံတော်သမ္မတအဖြစ် တာဝန်မယူခင်ြီူ အစိုးရသက်တမ်း နှစ်နှစ်အတွင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သေးသည်။ လွှတ်တော်တွင်း ပြတ်သားသည့် ပြောဆိုမှုများ ပြုလုပ်ခဲ့သလိုပင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီး နောက်တွင်လည်း ထိရောက်ပြတ်သားသည့်လုပ်ရပ်များဖြင့် ပေါ်လွင်လာပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...

ခိုင်းကောင်းသည့် နွားဖြစ်ကြောင်း ပြည်သူသိအောင် ပြည်ခိုင်ဖြိုးက ကြိုးစားပြမည်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ဆို  

ရန်ကုန်၊ ဇွန် ၅

ခိုင်းကောင်းသည့်နွားဖြစ်ကြောင်း ပြည်သူသိအောင် ပြည်ခိုင်ဖြိုးပါတီက ကြိုးစားပြသွားမည်ဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားလိုက်သည်။  ဇွန် ၅ရက်၊ နေပြည်တော်တွင်ကျင်းပသည့် လတ်တလောဖြစ်ပေါ်နေသော ဖြစ်စဉ်များနှင့်ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြည်သူယုံကြည်အားကိုးလာအောင် ကြိုးစားသွားမည်ဖြစ်ကြောင်း ဒေါက်တာနန္ဒာလှမြင့်က ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာအပါအဝင် တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၆ဝ ကျော် ဖမ်းဆီးထားကြောင်း မလေးရှား လဝက ထုတ်ပြန်  

ရန်ကုန်၊ ဇွန် ၅ 

မေလကုန်မှ ဇွန် ၃ ရက်အထိ တရားမဝင်လုပ်သား အဖမ်းအဆီးတွင် မြန်မာ လုပ်သားအပါအဝင် နိုင်ငံခြားသား ၆ဝ ကျော် ဖမ်းဆီးထားကြောင်း မလေးရှားလဝကမှထုတ်ပြန်ထားသည်။ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူတွင် ပြုလုပ်နေသည့် အဆိုပါစီမံချက်တွင် မလေးရှားရဲတပ်ဖွဲ့နှင့် မလေးရှား လဝကအဖွဲ့ဝင်များဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း မလေးရှားလဝက ထုတ်ပြန်ချက်အရ ဇွန် ၅ ရက်ကသိရသည်။  ဖမ်းဆီးရမိသည့် တရားမဝင် နိုင်ငံခြားသားလုပ်သား ၆ဝ ကျော်တွင် မြန်မာ ၁၃ ဦး၊ ဘင်္ဂလားဒေ့ရှ် ၁၄ ဦး၊ အိန္ဒိယကိုးဦး၊ ထိုင်းခြောက်ဦးနှင့် ပါကစ္စတန် လေးဦးအပြင် ဗီယက်နမ်၊ နီပေါနှင့် လာအိုနိုင်ငံသားတစ်ဦးစီပါဝင်ပြီး ဖမ်းဆီးရ မိသူများသည် ဗီဇာရက်ကျော်လွန်သူများနှင့် တရားဝင်အထောက်အထား မရှိသူများဖြစ်ကြောင်း ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခြင်းမှာ လက်နီကြီးကြောင့်ဟု တစည ပါတီပြောခွင့်ရသူပြောကြား  

ရန်ကုန်၊ ဇွန် ၅

အကျဉ်းထောင် ဆူပူမှုဖြစ်ပွားခြင်းမှာ လက်နီကြီး ကြောင့်ဟု တစညပါတီပြောခွင့်ရ ဒေါက်တာကျော်ဆွေက ပြောကြား လိုက်သည်။ ဇွန် ၅ ရက် နေပြည်တော်တွင် ကျင်းပသည့် လက်တလောဖြစ် ပေါ်နေသော ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် မိတ်ဖက်ပါတီများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းင်းကအထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတ၏ လွတ် ငြိမ်းသက်သာ သုံးကြိမ်ပြီးနောက် မြန်မာနိုင်ငံအနှံ့အပြားရှိ ထောင်များတွင် ထောင်ဆူပူမှုများဖြစ်ပေါ်ခဲ့ ပြီး ယင်းဆူပူမှုများသည် လက်မည်း ကြီးကြောင့် မဟုတ်ကြောင်း ဒေါက်တာကျော်ဆွေက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသည့် ဒေသန္တရအမိန့် ထုတ်သူများကို တရားစွဲမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆို  

နေပြည်တော်၊ ဇွန် ၅

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသည့်ဒေသန္တရအမိန့်ထုတ်သူများကို တရားစွဲမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ CEC ဒေါက်တာကျော်ဆွေက ပြောကြားလိုက်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း နေပြည် တော် ရတနာသိင်္ခဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လတ် တလောဖြစ်ပေါ်နေသော ဖြစ်စဉ် များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...