HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲ

ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲ

ရန်ကုန်၊ မေ ၂ဝ

ပုသိမ်ကြီးမြို့နယ် ဘိလပ် မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ခွင့်ပြုချက်မဲ့ဆန္ဒထုတ်ဖော်ခဲ့သည့်ဖြစ်စဉ်မှ ဦးဆောင်သူငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲဦးဆောင်သူ ကိုကျော်မျိုး အပါအဝင်ငါးဦးကို မေ ၁၉ ရက် ညနေ ပိုင်းက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ် ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ မှူးရဲမှူးမျိုးသက်က ဒီမိုကရေစီတူဒေးသို့ မေ၂ဝ က အတည်ပြုပြောကြားသည်။ ယင်းနှင့်ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးသက်က ''စုစုပေါင်း ငါးယောက်ပါ။ မနေ့က အမှုဖွင့်တရားစွဲခဲ့တာပါ''ဟု ၎င်းကဆိုသည်။

မေ ၁၉ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့တွင် ရန်ကုန်နေ ပြည်သူ ၃ဝ ခန့်က အဆိုပါစီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန်နှင့် ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်သည်။ ဆန္ဒပြသူများတွင် အမျိုးသမီးအများစုပါဝင်ပြီး ပါဝင်သူများ၏မျက်နှာကိုလည်း Mask  များ အုပ်ထားကြသည်။ ဆန္ဒထုတ်ဖော်ရန် ရဲတပ်ဖွဲ့သို့အကြောင်းမကြားခဲ့ကြောင်းသိရသည်။ ဆန္ဒပြပွဲအပြီးတွင် ဦးဆောင်သူကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီး အဖမ်းမခံဘဲကားဖြင့် မောင်းနှင်ထွက်သွားခဲ့ကြောင်းသိရသည်။ ဆန္ဒပြပွဲဦးဆောင်သူ ကိုကျော်မျိုးက ''ဆန္ဒပြတဲ့အထဲမှာ ရွာသားတွေမပါဘူး။ သူတို့တွေရဲ့ တောင်းဆိုချက်ကိုထောက်ခံတဲ့အနေနဲ့လုပ်တာ။ ရန်ကုန်က အသိုင်းအဝိုင်းတွေပါပဲ''ဟု ပြောသည်။


မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ် အောင်သပြေကျေးရွာအနီး တည် ဆောက်ထားသော ကျောက်မီးသွေးစွမ်းအင်သုံး အယ်လ်ဖာဘိလပ်မြေစက်ရုံ ဘိလပ်မြေစီမံကိန်းကို ဖျက်သိမ်းပေးရန်နှင့် ဖမ်းဆီးထားသည့် တောင်သူများကို အမြန်ဆုံးလွှတ်ပေးရန် အောင်သပြေကျေးရွာရွာသူ၊ ရွာသားများက ကျေးရွာအဝင်လမ်းကို ပိတ်ဆို့ကာ မေ ၁၄ ရက် နံနက်ပိုင်းမှ စတင်ကာ ယာယီတဲများထိုး၍ ဆန္ဒပြရာမှ ရွာသူ၊ ရွာသားများနှင့်ရဲတပ်ဖွဲ့ဝင်များအကြား တင်းမာမှုဖြစ်ခဲ့ပြီး မေ ၁၅ ရက် နံနက် ၅ နာရီခန့်က ပိတ်ဆို့ဆန္ဒပြ နေကြသည့် ဒေသခံများကို ရဲတပ်ဖွဲ့မှ ရော်ဘာကျည်များဖြင့်ပစ်ခတ်ကာ ဖြိုခွင်းခဲ့သည်။ 


NT

#democracytoday

Rate this item
(0 votes)
back to top