HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

စစ်ပွဲသည် အီရန်နိုင်ငံ၏ အဆုံးသတ်ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆို

စစ်ပွဲသည် အီရန်နိုင်ငံ၏ အဆုံးသတ်ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆို

ဝါရှင်တန်၊ မေ ၂ဝ

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က အီရန်နှင့် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားလာမည်ဆိုပါက ယင်းနိုင်ငံကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်သတိပေးလိုက်ကြောင်းသိရသည်။ သမ္မတထရန့်က ''တကယ်လို့ အီရန်က တိုက်ခိုက်ချင်တယ်ဆိုရင် အဲ့ဒါဟာ အီရန်ရဲ့ တရားဝင်အဆုံးသတ် ဖြစ်လာပါလိမ့်မယ်။ အမေရိကန်နိုင်ငံကို နောက်တစ်ကြိမ်ထပ်ပြီး မခြိမ်း ခြောက်ပါနဲ့'' ဟု မေ ၁၉ ရက်၌ တွစ်တာတွင် ရေးသားခဲ့သည်။

အမေရိကန်နိုင်ငံသည် မကြာ သေးမီရက်များအတွက် ပင်လယ် ကွေ့ဒေသသို့ စစ်ရေယာဉ်များနှင့် လေယာဉ်များကို ထပ်ဆောင်းစေလွှတ်ခဲ့သည်။ သို့သော် သမ္မတထရန့်၏ တွစ်တာမှတ်ချက်သည် စစ် ရေးပဋိပက္ခဖြစ်လာနိုင်ခြေကို လျှော့ချရန် မကြာသေးမီက ကြိုးပမ်းမှု လုပ်ဆောင်ပြီးနောက် အပြောင်း အလဲဖြစ်နိုင်ကြောင်း လက္ခဏာ ကို ပြနေသည်။ မေ ၁၉ ရက်တွင် Fox News မှ ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးတစ်ခုတွင် သမ္မတက အီရန်နိုင်ငံကို နျူကလီးယားလက် နက် ထုတ်လုပ်ခွင့် ပြုမည်မဟုတ် သော်လည်း ပဋိပက္ခလည်း မဖြစ် ချင်ကြောင်း ပြောဆိုခဲ့သည်။


¤င်းက ''ကျွန်တော်က စစ် ဖြစ်ချင်နေတဲ့ သူမဟုတ်ပါဘူး။ ဘာ ကြောင့်လဲဆိုတော့ စစ်ပွဲဆိုတာ စီးပွားရေးကိုလည်း ထိခိုက်စေတယ်။ စစ်ပွဲက လူတွေကိုလည်း သတ်ပစ်လို့ပါ''ဟု ပြောဆိုခဲ့သည်။ အီရန်နိုင်ငံသည် တင်းမာမှုများမြင့် တက်လာမှုနှင့်ပတ်သက်၍ စိုးရိမ် မှုများကို လျှော့ချရန် ပြောဆိုလာ ခဲ့ပြီးဖြစ်သည်။ ပြီးခဲ့သည့် မေ ၁၈ ရက်တွင် အီရန်နိုင်ငံခြားရေးဝန် ကြီးက စစ်ဖြစ်လိုစိတ်မရှိကြောင်း ဝန်ခံပြောကြားထားသည်။ ဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်က ''ဒေသ တွင်းမှာ အီရန်နဲ့ ထိပ်တိုက်တွေ့ နိုင်တယ်လို့ စိတ်ကူးထားတာမျိုး မရှိဘူး။ ကျွန်တော်တို့လည်း စစ်ပွဲ ကို မလိုချင်တဲ့အတွက် စစ်ပွဲဆိုတာ ရှိလာမှာမဟုတ်ပါဘူး''ဟု ပြော ဆိုခဲ့သည်။ 

Ref:BBC

#democracytoday

Rate this item
(0 votes)
back to top