HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ခေါင်းဆောင်များသာမက အစုအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ကြတတ်သူများကိုပါ ၊ သင်တန်းပေးမွေးထုတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

ခေါင်းဆောင်များသာမက အစုအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ကြတတ်သူများကိုပါ ၊ သင်တန်းပေးမွေးထုတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

နေပြည်တော်၊ မေ ၂၁ - ခေါင်းဆောင် များသာမက အစုအဖွဲ့နှင့် ပူးပေါင်းလုပ် ဆောင်တတ်သူများကိုပါ သင်တန်းပေး မွေးထုတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားလိုက်သည်။


ခေါင်းဆောင်သင်တန်းများသာ မွေးထုတ်နေကြပြီး အစုအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ကြသည့် သင်တန်းများကို အားမပေးကြသဖြင့် ကိုယ့်နေရာနှင့်ကိုယ်လက်တွဲ၍ တစ်ယောက်ကိုတစ်ယောက်ကူညီပြီး လူမှုအသိုင်းအဝိုင်းတိုးတက်ရေး ပျော်ရွှင်ရေး၊ ဖွံ့ဖြိုးရေးအတွက် လုပ်နိုင် သော ကလေးများကို မွေးထုတ်ချင် ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ ခြင်းဖြစ်သည်။

မေ ၂၁ ရက် နံက်ပိုင်းက နေ ပြည်တော်၊ ပျဉ်းမနားမြို့အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းတွင် အခြေခံပညာဦးစီး ဌာန နေပြည်တော်ကောင်စီနယ် မြေ၊ နေပြည်တော်ခရိုင် ဒက္ခိဏ သီရိခရိုင်ွမေိန ၆ သင်ရိုးသစ် ခရိုင်အဆင့် ဆွေးနွေးပွဲ (မေ ၁ဝ ရက်မှ ၂၄ ရက်အထိ ကျင်းပသည့် သင်တန်း)တွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

''အခုရေပန်းစားနေတာက ခေါင်းဆောင်သင်တန်းတွေပေါ့။ လူငယ်ခေါင်းဆောင်၊ အမျိုးသမီး ခေါင်းဆောင်တို့၊ စီးပွားရေးခေါင်း ဆောင်တို့ ခေါင်းဆောင်သင်တန်း တွေ အများကြီးပေးကြတယ်။ ဒါပေမဲ့ အားလုံးစုပေါင်းပြီးတော့ အစုအဖွဲ့နဲ့ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုနေရမလဲဆိုတဲ့ သင်တန်း တွေကိုတော့ အားမပေးကြဘူး။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသားများဟာ အတူပူးပေါင်းပြီးတော့ အစုအဖွဲ့အလိုက် လုပ်တဲ့နေရာ မှာ တော်ဖို့ဖြစ်စေချင်တယ်။ အား လုံးခေါင်းဆောင် လုပ်မယ်ဆိုရင် နောက်က လိုက်မယ့်သူတွေတစ် ယောက်မှကျန်တော့မှာ မဟုတ်ဘူး။ ကျွန်မတို့အားလုံးဟာ ကိုယ့်နေရာ နဲ့ ကိုယ်လက်တွဲပြီးတော့ တစ် ယောက်ကို တစ်ယောက်ကူညီပြီး တော့ ကျွန်မတို့ရဲ့လူမှုအသိုင်းအဝိုင်း တိုးတက်ဖို့၊ ပျော်ရွှင်ဖို့၊ ဖွံ့ဖြိုးဖို့ အတွက် လုပ်နိုင်တဲ့ကလေးတွေကို မွေးထုတ်ချင်တယ်။ အဲဒီနေရာ မှာ အဓိကကျတာကတော့ ကျောင်း ဆရာ၊ ဆရာမတွေပဲဖြစ်ပါတယ်'' ဟု ၄င်းက ပြောကြားသည်။

မြန်မာနိုင်ငံမှ ကျောင်းဆရာ၊ ဆရာမများထဲတွင် ၈ဝ ရာခိုင်နှုန်း ကျော်မှာ အမျိုးသမီးကျောင်း ဆ ရာမများသာဖြစ်ကြောင်း ၄င်းက ပြောသည်။

ကျောင်းဆရာအလုပ်သည် အင်မတန်မှ ပျော်စရာကောင်းပြီး အများအကျိုးပြု အလုပ်ဖြစ် ကြောင်း၊ ယင်းကြောင့် အမျိုးသား များ ကျောင်းဆရာလုပ်ရန် ဝန် မလေးစေချင်ကြောင်း၊ ကျောင်း ဆရာလုပ်ခြင်းသည် မည်သို့ပျော် စရာကောင်းသည်ဆိုသည်ကို သိ လာလိမ့်မည်ဖြစ်ကြောင်း၊ ကလေး များကလည်း ကျောင်းဆရာများကိုချစ်ကြပါကြောင်း၊ ကျောင်းဆရာ များကဆိုရင် ရယ်စရာပြော၊ ကလေး များနှင့်ကစားကာ ပုံပြင်လေးများ ကိုပြောတတ်ကြသဖြင့် အမျိုးသား များပညာရေးဘက်ကို ပိုပြီးတော့ စိတ်ဝင်စားစေချင်ပါကြောင်းနှင့် အားပေးစေချင်ပါကြောင်း ၄င်းက ဆက်လက်ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မတို့ရဲ့ ဆရာ၊ ဆရာမတွေဟာ သင်ယူတဲ့နေရာမှာ တော်တာကို တွေ့ရပါတယ်။ သင်ယူတဲ့နေရာမှာတော်သလို သင်ပေးတဲ့နေရာ မှာလည်း တော်လာမှာပါပဲ။ကိုယ် သင်ယူရတဲ့အခါကျတော့ သင်ယူ ခြင်းရဲ့အဓိပ္ပာယ်ကို ပိုပြီးတော့ နားလည်လာတယ်။ ကိုယ့်ကလေး ကျောင်းသူ၊ ကျောင်းသားလေး တွေကို စာသင်ချင်လာအောင်လို့၊ ကျောင်းမှာပျော်အောင်လို့ ဘယ် လိုလုပ်ရမလဲဆိုတာ အများကြီး စဉ်းစားစရာတွေရခဲ့မယ်လို့ ထင် ပါတယ်။ ကလေးတွေက ကျောင်း ပျော်မှ ပညာတတ်မှာပါ။ ကျောင်း ထဲမှာမပျော်ဘူး။ ကျောင်းသွားရ ဖို့ စိတ်ညစ်နေမယ်ဆိုရင် ဒီကလေး တွေပညာတတ်မှာမဟုတ်ပါဘူး။ ကျွန်မတို့နိုင်ငံက ဖွံ့ဖြိုးတိုးတက် ဖို့ဆိုရင် အများကြီးလိုပါသေးတယ်။ အဓိကအရေးကြီးတာ ပညာရေး စနစ်ပါပဲ။ ပညာရေးစနစ်မှန်ရင် တခြားနိုင်ငံတွေနဲ့ ရင်ပေါင်တန်း နိုင်မယ်။ အချိန်တိုကာလအတွင်း မှာ လိုက်နိုင်အောင်လုပ်နိုင်တယ်။ ကျွန်မတို့ရဲ့ကျောင်းသူ၊ ကျောင်း သားများကို တခြားနိုင်ငံက ကျောင်း သူ၊ ကျောင်းသားများနှင့်တစ်မူ ထူးပြီးတော့ တော်စေချင်တယ်။ တော်စေချင်တယ်ဆိုတာ ကျောင်း စာတွေမှာတင်မကဘူး။ စိတ်ဓာတ် ရေးရာမှာလည်း တော်စေချင်တယ်။ တစ်ယောက်နဲ့တစ်ယောက် ချစ် ချစ်ခင်ခင် ပူးပေါင်းဆောင်ရွက်တဲ့ နေရာတွေမှာလည်း တော်စေချင် တယ်''ဟု ဆက်လက်ပြောသည်။

မေ ၂၁ ရက် နံနက်ပိုင်းက နေ ပြည်တော် ပျဉ်းမနားမြို့ အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် အခြေခံပညာဦးစီး ဌာန နေပြည်တော်ကောင်စီနယ် မြေ နေပြည်တော်ခရိုင် ဒက္ခိဏသီရိခရိုင် Grade 6 သင်ရိုးသစ် ခရိုင် အဆင့်ဆွေးနွေးပွဲ (သင်တန်း) မေ ၁ဝ ရက်မှ ၂၄ ရက်အထိ ကျင်းပ ခြင်းဖြစ်ပြီး တိုင်းဒေသကြီးပြည် နယ်များမှ ကျောင်းဆရာ၊ ဆရာမ ၈ဝဝ ခန့် တက်ရောက်ကြကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကိုလေးဝင်းက ''ပညာရေး ကဏ္ဍပြုပြင်ပြောင်းလဲရေးက စနစ်ကြီးတစ်ခုလုံးကို ပြောင်းတာ ဖြစ်ပါတယ်။ နည်းနည်းလေးမဟုတ်ဘူး။ စနစ်ကြီးတစ်ခုဆိုတာ အခြေခံ ပညာတစ်ခုတည်းတင် ပြောင်းနေတာ မဟုတ်ဘူး။ အဆင့်မြှင့်တင် ကဏ္ဍလည်းပြောင်းနေတယ်။ ပညာ ရေးကောလိပ်တွေလည်း ပြောင်းရတယ်။ နှစ်နှစ်သင်ပညာရေးမှ လေး နှစ်သင်ပညာရေး ပြောင်းဖို့လုပ် နေတာပေါ့။ နည်းပညာနှင့် သက် မွေးပညာ လေ့ကျင့်ရေးကျောင်း တွေလည်း ပြောင်းနေတယ်။ ပညာ ရေးရဲ့ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ဆရာ၊ ဆရာမတွေကတော့ အဓိကခရာ ပေါ့။ ဆရာ၊ ဆရာမတွေနဲ့ ပညာ ရေးကိုတာဝန်ယူရတဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး အောက်ခြေ အဆင့်ကနေ အပေါ်ဆင့်အထိက ဒါတွေက တက်ညီလက်ညီနဲ့ဆောင် ရွက်ဖို့လိုတယ်။ ဒါ့အပြင် မိဘ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုကအရေးကြီးဆုံးပါ''ဟု ပြောသည်။

MO
#DemocracyToday | #YangonMediaGroup

Rate this item
(0 votes)
YMG

back to top