HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

မြစ်ဆုံစီမံကိန်းအတွက် မည်သည့်အဖြေထွက်သည်ဖြစ်စေ နှစ်နိုင်ငံ အမြဲတမ်းပူးပေါင်းဆောင်ရွက်နေမည်ဟု တရုတ်သံအမတ်ကြီးပြော

မြစ်ဆုံစီမံကိန်းအတွက် မည်သည့်အဖြေထွက်သည်ဖြစ်စေ နှစ်နိုင်ငံ အမြဲတမ်းပူးပေါင်းဆောင်ရွက်နေမည်ဟု တရုတ်သံအမတ်ကြီးပြော

ရန်ကုန်၊ မေ ၂၁- မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး မည်သည့်အဖြေထွက်ပါစေ တရုတ်- မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအစဉ်အမြဲရှိနေမည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောသည်။

မေ၂၁ရက်တွင် တရုတ်သံအ မတ်ကြီး၏နေအိမ်၌ ကျင်းပသော တရုတ်သံအမတ်ကြီးနှင့် တရုတ်-မြန်မာမီဒီယာများ လက်ဖက်ရည် ဝိုင်းဆွေးနွေးပွဲတွင် ပြောခဲ့ခြင်းဖြစ် သည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ် သံအမတ်ကြီး မစ္စတာဟုန်လျန်သည် မြန်မာနိုင်ငံတွင် လေးနှစ်တာသံအ မတ်တာဝန်ထမ်းဆောင်ခဲ့ပြီး ၂ဝ၁၉ ခုနှစ် မေလကုန်တွင်တာဝန်များပြီး ဆုံးပြီဖြစ်၍ တရုတ်နိုင်ငံသို့မပြန်ခင် တရုတ်-မြန်မာမီဒီယာများကို ဖိတ် ကြားပြီး လက်ဖက်ရည်ဝိုင်းဆွေးနွေး ပွဲပြုလုပ်ရာတွင် ထည့်သွင်းပြောခဲ့ ခြင်းဖြစ်သည်။

''ကျွန်တော်တို့ဆက်ဆံရေးမှာ ကြုံတွေ့နေတဲ့ အခက်အခဲပြဿနာ တွေကို ပြေလည်စွာဖြေရှင်းဖို့အတွက် ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက် ရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမှာဖြစ်ပါတယ်။ ဥပမာဆိုရင် ခုနကပြော သွားတဲ့ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကိစ္စဖြေရှင်းဖို့အတွက် ကျွန် တော်တို့ နှစ်ဦးနှစ်ဖက်ညှိနှိုင်းဆွေး နွေးပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ နည်းလမ်းဖြင့် ပြေလည်စွာဖြေရှင်း သွားမှာဖြစ်ပါတယ်။ မြန်မာမိတ်ဆွေ များ၊ အထူးသဖြင့် မြန်မာမီဒီယာ အဖွဲ့ကမိတ်ဆွေများက ဒီကိစ္စအပေါ် အများကြီးပူစရာမလိုပါဘူးလို့ ကျွန် တော်ပြောချင်ပါတယ်။ မြစ်ဆုံရေ အားလျှပ်စစ်စီမံကိန်းအတွက် ဘာ အဖြေပဲထွက်ထွက် ကျွန်တော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆို ရင်အမြဲတမ်းရှိပါတယ်။ ဒီလိုကိစ္စမျိုး ဖြေရှင်းတဲ့အခါမျိုးမှာ တစ်ဖက်က တစ်ဖက်ကို ကိုယ်ချင်းစာပြီးတော့ စဉ်းစားပေးဖို့သင့်တဲ့ကိစ္စပေါ့။ တစ် ဖက်က ကြုံတွေ့နေတဲ့အခက်အခဲ ဆိုရင် မိမိကကြုံတွေ့နေတဲ့အခက် အခဲအဖြစ် ကျွန်တော်တို့လို့သဘော ထားပါတယ်''ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန် လျန်က ပြောသည်။

မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ကို အကြောင်းအမျိုးမျိုးကြောင့် ရပ် ဆိုင်းခဲ့ရသည်မှာ ရှစ်နှစ်တာရှိပြီဖြစ် ကြောင်းနှင့် စီမံကိန်းနှင့်ပတ်သက်၍ ပြေလည်အောင် ဆောင်ရွက်နိုင်ရန် မြန်မာအစိုးရဖြင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်နေကြောင်း၊ ယင်းကိစ္စကို ဖြေရှင်းနိုင်ရန် ဧရာဝတီနှင့်အထက် ပိုင်းဒေသများ ရေအားလျှပ်စစ်စီမံ ကိန်းနှင့် မြစ်ဆုံရေအားလျှပ်စစ်စီမံ ကိန်းနှင့်ပတ်သက်သော စူးစမ်းလေ့ လာရေးအဖွဲ့ကော်မတီမှ အစီရင်ခံ စာကို စောင့်ဆိုင်းနေကြောင်းသိရ သည်။

''မြစ်ဆုံနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားအပေါ်မှာ မူတည်ပါတယ်။ အဓိကခေါင်းဆောင်ရဲ့သဘောထား ပေါ့လေ''ဟု ဆွေးနွေးပွဲသို့ တက် ရောက်လာသည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်မှ မုံရွာအောင်ရှင်က သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်တွင် တရုတ်နိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့်ဆက်ဆံ ရေးကို မဟာဗျူဟာမြောက်မိတ်ဖက် ဆက်ဆံရေးအဖြစ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာနိုင်ငံ၏ စီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန် အဓိကလိုအပ်ချက်မှာ တည်ငြိမ်အေး ချမ်းရေးဖြစ် ကြောင်း သိရသည်။

''တရုတ်နိုင်ငံရဲ့ အတွေ့အကြုံ အရဆိုရင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတည်ထောင်ခဲ့တာဆိုရင် နှစ် ၇ဝလောက်ရှိပါပြီ။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရဆိုရင် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးဆုံးတစ်ချက်ဆိုရင် ပြည် တွင်းက နိုင်ငံရေးအခြေအနေတည် ငြိမ်မှုရဖို့ပဲဖြစ်ပါတယ်''ဟု ¤င်းက ဆက်လက်ပြောသည်။

ယင်းဆွေးနွေးပွဲတွင် တရုတ် -မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် နေသောပိုးလမ်းမကြီး One Belt, One Road စီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူစီမံကိန်း၊ တရုတ်-မြန်မာ ကြားဆက်သွယ်သော မီးရထားလမ်း စီမံကိန်း အစရှိသည်များနှင့် နှစ်နိုင်ငံ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအ ခြေအနေများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

TTHL

#DemocracyToday | #YangonMediaGroup

Rate this item
(0 votes)
YMG

back to top