HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ထောင်ဒဏ် အနှစ်၂ဝ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်တို့ အယူခံကို ရခိုင်ပြည်နယ် တရားလွှတ်တော် ပယ်ချ  

ထောင်ဒဏ် အနှစ်၂ဝ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်တို့ အယူခံကို ရခိုင်ပြည်နယ် တရားလွှတ်တော် ပယ်ချ   

ရန်ကုန်၊ မေ ၂၁

ထောင်ဒဏ်အ နှစ်၂ဝ ချမှတ်ခံထားရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်နှင့် စာရေးဆ ရာ ဝေဟင်အောင်တို့၏ အယူခံ တင်သွင်းမှုကို ရခိုင်ပြည်နယ်တ ရားလွှတ်တော်က လက်မခံဘဲပယ် ချလိုက်ကြောင်းသိရသည်။ မေ ၂၁ ရက်တွင် ရခိုင်ပြည် နယ်တရားလွှတ်တော်က ၎င်းတို့နှစ်ဦး၏ အယူခံတင်သွင်းမှုကို လက်မခံဘဲ ပလပ်လိုက်ခြင်းဖြစ်သည်။ ဒေါက်တာ အေးမောင်၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က '' ဒီနေ့အယူခံကို လက်မခံသင့်မသင့် လျှောက်လဲချက်ပေးပါတယ်။ ပြည်နယ်တ ရားလွှတ်တော်က လက်မခံဘဲပလပ် လိုက်ပါတယ်။ အမှုကကြားနာ အဆင့် တောင်မရောက်ဘူး။ ကျွန်တော်တို့အမှုတင်တာ အမှုကိုလက်ခံရေး အဆင့်မှာတင် ပလပ်လိုက်တာ ''ဟု မေ၂၁ ရက်က ဒီမိုကရေစီတူ ဒေး၏ မေးမြန်းမှုကိုယင်းကဲ့သို့ ဖြေကြားခဲ့သည်။

မူလစစ်တွေခရိုင်တရား ရုံးကချမှတ်ထားသည့် အမိန့်ကိုသာ အတည်ပြုကြောင်း ၎င်းကဆက်လက်ပြောသည်။ '' ဒီလိုချမှတ်တဲ့အပေါ်မှာ ပြည်ထောင်စုတရားလွှတ်တော်ကိုတက်ဖို့အတွက် အစီအစဉ်ရှိပါတယ်။ အယူခံထပ်တက်သွားမယ် '' ဟု ၎င်းကဆက်လက်ပြောသည်။ ခရိုင်တရားရုံးက ချမှတ်ထားသည့် အမိန့်ကိုမှားယွင်းသည်ဟု ယူဆပြီး ကျေနပ်မှုမရှိသဖြင့် ပြည် ထောင်စုတရားလွှတ်တော်ချုပ်သို့ ထပ်မံတက်ရောက်ခြင်းဖြစ် ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။ စာရေးဆရာ ကိုဝေဟင် အောင်၏အယူခံကိုလည်း ပလပ်ခဲ့ကြောင်း ၎င်းကပြောသည်။ လက်ရှိတွင် ဒေါက်တာ အေး မောင်နှင့် ကိုဝေဟင်အောင်တို့မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင် ရှိနေကြောင်း ၎င်းကဆက်လက် ပြောသည်။


''ဒေါက်တာအေးမောင်က တော့ ကျန်းမာရေးကောင်းပါတယ်။ အမြင့်ဆုံးတရားရုံးအဆင့်ထိ တက်မယ်လို့မှာကြားထားတယ်'' ဟု တ ရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့် မောင်က ပြောသည်။ ပြီးခဲ့သည့် မတ် ၁၉ ရက်က ဒေါက်တာအေးမောင်နှင့် စာရေး ဆရာဝေဟင်အောင်တို့ကို တရားစွဲဆိုထားသည့် နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ) ဖြင့် ထောင်ဒဏ် ၂ နှစ်၊ နိုင်ငံတော် ပုန်ကန်မှုပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ၊ ပြစ်ဒဏ်နှစ်ရပ်ကို တစ် ပေါင်းတည်းကျခံစေသည့်အတွက် ထောင်ဒဏ်အနှစ် ၂ဝ ကျခံစေရန် စစ်တွေခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ထားခြင်းဖြစ်သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top