HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဗြိတိန် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်တော့မည့် ထရီဇာမေ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဝန်ကြီးချုပ်လောင်း အမည်စာရင်းများ ပေါ်ထွက်လာနေ  

ဗြိတိန် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်တော့မည့် ထရီဇာမေ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်  ဝန်ကြီးချုပ်လောင်း အမည်စာရင်းများ ပေါ်ထွက်လာနေ   

လန်ဒန်၊ မေ ၂၆

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ သည် ရာထူးမှနုတ်ထွက်သွားပါက ဝန်ကြီးချုပ်ရာထူးဆက်ဆံရန် ရေပန်းစားနေသူ ခုနစ်ဦးရှိနေပြီး ၎င်းင်းတို့မှာ ဗြိတိန်ကျန်းမာရေးဌာနဝန်ကြီး မတ်ဟန်းကော့၊ ဘရီဇစ်ဝန်ကြီးဟောင်း ဒိုမီနစ်ရ(ဘ်)၊ ဗြိတိန် အောက်လွှတ်တော်ခေါင်းဆောင် ဟောင်း အန်ဒရေရာလိ(ဒ်)သွန်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်၊ ဗြိတိန်နိုင်ငံခြား ရေးဌာနမှ လက်ရှိနိုင်ငံခြားရေး ဝန်ကြီးဂျယ်ရီမီဟန့်၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရိုရီစတီး ဝပ်နှင့်အလုပ်သမားနှင့် ပင်စင်ဌာနဝန်ကြီးဟောင်း ဘက်စ်သာမက္ကာ ဗေးတို့ဖြစ်ကြသည်။

၎င်းင်းတို့သည် ဗြိတိန်ဝန်ကြီးချုပ်လောင်းများအ ပြင် အမည်စာရင်းထွက်နေခြင်းကို ငြင်းပယ်ခြင်းမပြုဘဲ ဝန်ကြီးချုပ် ရာထူးတာဝန်ထမ်းဆောင်နိုင်ရန် အဆင်သင့်ဖြစ်နေကြပြီး ဥရောပသမဂ္ဂမှနုတ်ထွက်ရန် ထရီဇာမေ ကြိုးပမ်းခဲ့၍ ဗြိတိန်လူထုအတွင်း သဘောထားအမျိုးမျိုးကွဲလွဲခဲ့ရသည်ကို ညီညွတ်အောင်ပြန်လည်ပြုလုပ် ပေးမည်ဟုလည်း ထုတ်ဖော်ပြော ဆိုလိုက်သည်။


ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ ထရီဇာမေနုတ်ထွက်မည်ဟု ကြေညာခဲ့ပြီးနောက် ရာထူးဆက်ခံမည့် ဝန်ကြီးလောင်းများ ပေါ်ထွက်လာခဲ့သော်လည်း ပတ်ဝန်းကျင်ရေးရာဌာန ဝန်ကြီးဟောင်းမိုက်ကယ်ဂို့ (ဇ်)ကလည်း ဗြိတိန်ဝန်ကြီးချုပ်အ ဖြစ်ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာခဲ့ကြောင်း မေ ၂၆ရက်ထုတ် ဗြိတိန်သတင်းများတွင်ဖော် ပြထားသည်။ 

Ref:Reuters

#democracytoday

Rate this item
(0 votes)
back to top