HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသည့် ဒေသန္တရအမိန့် ထုတ်သူများကို တရားစွဲမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆို  

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင်ပါသော နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသည့် ဒေသန္တရအမိန့် ထုတ်သူများကို တရားစွဲမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ ဆို   

နေပြည်တော်၊ ဇွန် ၅

ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသော နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသည့်ဒေသန္တရအမိန့်ထုတ်သူများကို တရားစွဲမည်ဟု တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ CEC ဒေါက်တာကျော်ဆွေက ပြောကြားလိုက်ကြောင်း သိရသည်။ ယနေ့ မွန်းလွဲပိုင်း နေပြည် တော် ရတနာသိင်္ခဟိုတယ်တွင် ပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လတ် တလောဖြစ်ပေါ်နေသော ဖြစ်စဉ် များနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

''ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါတဲ့နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးတဲ့ဒေသန္တရအမိန့်ထုတ်တဲ့သူတွေကို တရားစွဲမှာ ဖြစ်ပါတယ်။ မြို့နယ်အုပ်ချုပ်ရေး မှူးထုတ်ရင် မြို့နယ်အုပ်ချုပ်ရေးမှူး ကိုစွဲမယ်။ ခရိုင်အုပ်ချုပ်ရေးမှူးထုတ်ရင် ခရိုင်အုပ်ချုပ်ရေးမှူးကို စွဲမယ်။ ဘယ်သူထုတ်ထုတ်အခြေခံ ဥပဒေပါ နိုင်ငံသားအခွင့်အရေး ကျော်လွန်တားဆီးလာရင် ထုတ်တဲ့သူကို တရားစွဲမယ်''ဟု တိုင်းရင်းသားစည်းလုံးညီညွတ် ရေးပါတီမှ CEC ဒေါက်တာကျော် ဆွေက ပြောကြားသည်။


ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါသည့်နိုင်ငံသားအခွင့်အရေးကို ကျော်လွန်တားဆီးသောဒေသန္တရ အမိန့်ထုတ်ပြန်ဆောင်ရွက်နေမှု များနှင့်ပတ်သက်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ CEC ဒေါက်တာကျော်ဆွေက''ကျွန်တော် တို့လက်ရှိအစိုးရလက်ထက်မှာ နိုင်ငံသားအခွင့်အရေးဆုံးရှုံးမှုကို နည်းနည်းလေးတင်ပြချင်ပါတယ်။ ကျွန်တော်တို့နိုင်ငံသားတစ်ယောက် ရဲ့ မွေးရာပါအခွင့်အရေး နိုင်ငံ သားအခွင့်အရေးကို ဖွဲ့စည်းပုံအ ခြေခံအခန်း(၈)နိုင်ငံသားတွေရဲ့ မွေးရာပါအခွင့်အရေးနဲ့တာဝန် တွေ ပြဋ္ဌာန်းပေးခဲ့တယ်။ ဒီအခွင့် အရေးတွေ မချိုးဖောက်ခံရအောင် အတွက်လည်းကတိပြုထားတဲ့ နိုင်ငံသာ အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးဥပဒေလည်း ဒီအစိုးရလက်ထက်မှာပဲ ပြဋ္ဌာန်းခဲ့တယ်။

ဒါပေမဲ့ ဒီကနေ့ ဒေသန္တရ အမိန့်တွေထုတ်ပြီးတော့ ဖွဲ့စည်း ပုံအခြေခံဥပဒေအခွင့်အရေးတွေ နိုင်ငံသားအခွင့်အရေးကာကွယ် စောင့်ရှောက်ရေးဥပဒေက တား မြစ်ထားတဲ့ ပေးထားတဲ့အခွင့်အ ရေးတွေကို ပိတ်ပင်တားဆီးလာ တာတွေအများကြီးတွေ့နေရပါ တယ်။ ဒါကတော့ မန္တလေးမှာ ငြိမ်းစုစီဥပဒေအရ ဥပဒေနည်း လမ်းအတိုင်းပဲတင်တယ်။ မန္တလေး သားမှတ်ပုံတင်မဟုတ်လို့ ပယ်ချခံ ခဲ့ရတယ်။ အခုကျောက်ဆည်က အမိန့်ထပ်ထုတ်တယ်။ ကျောက် ဆည်မြို့မှာ ဟောပြောချင်ရင် ကျောက်ဆည်မှတ်ပုံတင်ဖြစ်ရမယ်။ ကျောက်ဆည်မှာနေတဲ့သူဖြစ်ရ မယ်။ ကျောက်ဆည်မှာနေကြောင်း ရပ်ကွက်ထောက်ခံစာတင်ပြရမယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့မွေးရာ ပါ နိုင်ငံသားအခွင့်အရေးတွေ ဘယ်ရောက်သွားပြီလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေကပေးထားတဲ့အ ခွင့်အရေးတွေ ဘယ်ရောက်သွား ပြီလဲ။ ဒါတွေဟာ နိုင်ငံသားအခွင့် အရေးတွေကိုရော ဖွဲ့စည်းပုံအခြေ ခံအခွင့်အရေးတွေကိုပါ ပြောင် ပြောင်တင်းတင်းပိတ်ပင်တားဆီး တာဖြစ်တယ်။

ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်မှုလည်း မြောက်ပါတယ်။ ဒါကိုလက်ရှိ အစိုးရသတိထားနိုင်ဖို့။ဟုတ်ပြီ။ နိုင်ငံတော်သမ္မတကြီးမို့လို့၊ ဝန်ကြီး မို့လို့ တစ်နိုင်ငံလုံးအကြောင်းအ ရာမသိဘူး။ သိအောင် ကျွန်တော် တို့ပါတီက သတိပေးတယ်။ ဒါကို လျစ်လျူရှုတာတွေများလာပါပြီ။ ဒီထက်ထပ်ပြီး အခွင့်အရေးပိတ် ပင်တားဆီးလာရင် ကျွန်တော်တို့ တရားစွဲမယ်။ နိုင်ငံသားအခွင့်အ ရေးကာကွယ်စောင့်ရှောက်ရေးဥ ပဒေအရ တရားစွဲမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေချိုးဖောက်မှုအရ တရားစွဲမယ်။ ဒေသန္တရဥပဒေဟာ ကျွန်တော်တို့အပေါ် အဲဒီလောက် လွှမ်းမိုးလို့မရဘူး။ နိုင်ငံတော်အ ခြေခံဥပဒေကို ကျော်လွန်ပြဋ္ဌာန်း တဲ့ဘယ်အမိန့်မှလည်း အတည်မ ဖြစ်ဘူး။

ဒါကိုနိုင်ငံတော်အစိုးရကို သိအောင် သတိပေးခဲ့ပြီးပါပြီ။ လက်ရှိကျွန်တော်တို့ ၂၄ ပါတီတင် ပြတဲ့စာထဲမှာလည်း တိတိလင်း လင်းဖော်ပြပေးထားပါတယ်။ သို့ သော် ဒီကနေ့အစိုးရတာဝန်ရှိသူ ပြောကြားချက်၊ ပါတီကတာဝန်ရှိ သူပြောကြားချက် အဲဒီကအ ကြောင်းတစ်လုံးမှမပါပါဘူး။ ဒါ ဟာ ကျွန်တော်တို့နိုင်ငံသားအခွင့် အရေးကို ချိုးဖောက်တာဖြစ်တယ်။ ဒီအတွက် ထပ်ပြီးတောင်းဆိုချင် ပါတယ်။ မီဒီယာအားလုံးကလည်း ထပ်ပြီးတင်ပြပေးစေချင်ပါတယ်။ ဒေသန္တရဥပဒေတွေ၊ ဒေသန္တရအ မိန့်တွေထုတ်လာရင် တရားစွဲဆိုဖို့ ဆက်လုပ်ပါမယ်။ ဒါကိုမီဒီယာက နေ တရားဝင်ပြောပါတယ်။ ဒီကိစ္စ ဟာ ကျွန်တော်တို့ပေါ့လို့မရပါဘူး။ နိုင်ငံသားအားလုံးရဲ့အခွင့်အရေး ကို ပိတ်ပင်တားဆီးခံနေရတာ။ ဒါကိုသိအောင် သတိပေးခဲ့ပါတယ်'' ဟု သတင်းထောက်များအား ပြော ကြားသည်။

MP

#democracytoday

Rate this item
(0 votes)
back to top