HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဦးကိုနီ လုပ်ကြံမှု နှစ်ဖက်အယူခံ ဇွန် ၂၄ ရက်တွင် အပြီးသတ်လျှောက်လဲမည်

ဦးကိုနီ လုပ်ကြံမှု နှစ်ဖက်အယူခံ ဇွန် ၂၄ ရက်တွင် အပြီးသတ်လျှောက်လဲမည်

ရန်ကုန်

တရားလွှတ် တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုမှ တရားခံများအား ပြစ်ဒဏ်များအပေါ် နှစ်ဖက်အယူခံတင်သွင်း ထားမှုအတွက် အပြီးသတ်လျှောက်လဲချက် ကြားနာတော့မည် ဖြစ် ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တွင် ဇွန် ၂၄ ရက် ၌ ကြားနာမည်ဖြစ်ကြောင်း တရားလိုရှေ့နေ၊ တရားလွှတ်တော်ရှေ့ နေ ဦးနေလက ဒီမိုကရေစီတူဒေးသို့ ဇွန် ၅ ရက်တွင် အတည်ပြု ပြောသည်။ ''ကြားနာမယ်ဆိုတာ ဟုတ် ပါတယ်။ ကျွန်တော်တို့ကနေ ဇေယျာဖြိုးကို ချမှတ်ထားတဲ့ ပြစ်မှုအမျိုးအစားရယ်၊ ပြစ်ဒဏ်ကို မ ကျေနပ်တဲ့အတွက်ကြောင့် ရာဇဝတ် ပြင်ဆင်မှု တင်သွင်းခဲ့တာဖြစ်ပါတယ် '' ဟု ၎င်းင်းက ပြောသည်။

ဦးကိုနီ၊ အငှားယာဉ်မောင်း ကိုနေဝင်းနှင့် ဥပဒေချုပ်ရုံးတို့ဘက်မှ တင်သွင်းထားသည့် ရာဇဝတ်ပြင်ဆင်မှု (၃) မှုနှင့် တရားခံ များဘက်မှ တင်သွင်းထားသော ရာဇဝတ်အယူခံ (၂) မှု စုစုပေါင်း ငါးမှုကို ယင်းနေ့၌ တစ်ပြိုင်တည်း ကြားနာမည်ဖြစ်ကြောင်း ၎င်းင်းက ပြောသည်။ ''အပြီးသတ်လျှောက်လဲချက် ကြားနာမယ်ပေါ့။ စုစုပေါင်း ငါးမှုကို''ဟု ၎င်းင်းကဆက်လက်ပြောသည်။ အမှုတွင် စစ်ဆေးပေါ်ပေါက် ချက်များအရ ဦးကိုနီကို လုပ်ကြံမှုတွင် တရားခံဇေယျာဖြိုးမှာ အောင်ဝင်းဇော်နှင့် ပူးပေါင်းကာ အားပေးကူညီသည့်အချက်ကို အ ဓိကထား၍ ရာဇဝတ်ပြင်ဆင်မှု တင်ထားကြောင်း တရားလွှတ် တော်ရှေ့နေ ဦးနေလက ပြောသည်။


''ဇေယျာဖြိုးကို ချမှတ်ထား တဲ့ ပြစ်မှုအမျိုးအစားကို ပြောင်းလဲပေးဖို့။ တင်ကူးကြံရွယ်ချက်နဲ့လူ သတ်တဲ့ ၃ဝ၂(၁)(ခ) အရ သူ့ကို အပြစ်ပေးဖို့ ပြင်ဆင်မှုတက်တာ'' ဟု ၄င်းက ပြောသည်။  အယူခံပြင်ဆင်မှုအပေါ် လို အပ်ပါက ပြည်ထောင်စုတရား လွှတ်တော်ချုပ်သို့ ထပ်မံတက် သွားမည်ဖြစ်ကြောင်း ၎င်းင်းက ဆက် လက်ပြောသည်။


ဦးကိုနီလုပ်ကြံမှုတွင် ဇေ ယျာဖြိုးကို တင်ကူးကြံရွယ်ချက် လူသတ်မှုဖြင့် စွဲချက်တင်ခဲ့သော် လည်း အပြီးသတ်အမိန့်တွင် ပုဒ် မပြောင်းပြီး သက်သေခံပစ္စည်း ပျောက်ပျက်စေခြင်း သို့တည်းမ ဟုတ် မမှန်သတင်းပေးခြင်းပုဒ်မ ၂ဝ၁(ပထမပိုင်း) အရ ထောင် ဒဏ် ငါးနှစ်ပြစ်ဒဏ် ချမှတ်ခဲ့ ခြင်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ် ဇန်နဝါရီ ၂၉ ရက်၊ ညနေ ၅ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် NLD  ပါတီ ဥပဒေအကြံပေး တ ရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ကြည်လင်းက သေနတ်ဖြင့် ဦး ခေါင်းကို အနီးကပ်ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ပြီး တရားခံအား ဖမ်း ဆီးခဲ့သူ တက္ကစီယာဉ်မောင်း ကိုနေ ဝင်းကိုလည်း သေနတ်ဖြင့် ပစ်ခဲ့ ရာ ကိုနေဝင်းလည်း သေနတ်ထိ မှန် သေဆုံးခဲ့သည်။


ယင်းအမှုကို တရားသူကြီး သုံးဦးပါဝင်သော အထူးခုံရုံးဖွဲ့စည်း ၍ ရန်ကုန်မြောက်ပိုင်း ခရိုင်တ ရားရုံး၌ ၂ဝ၁၇ ခုနှစ် မတ် ၃ ရက် နေ့မှစတင်ကာ တရားလိုပြသက် သေ ၇၂ ဦး၊ ပြန်ခေါ်သက်သေ ၈၈ ဦး ၊ တရားခံလေးဦးနှင့် တ ရားခံပြသက်သေ ၃၈ ဦး စုစုပေါင်း သက်သေ ၂ဝ၂ ဦး စစ်ဆေးခဲ့ပြီး လက်နက်မှုအတွက် တရားလိုပြ သက်သေ ခုနစ်ဦး၊ ပြန်ခေါ် သက် သေ သုံးဦး၊ တရားခံတစ်ဦးနှင့် တရားခံပြသက်သေနှစ်ဦးတို့အား ရုံးချိန်း ၁ဝ၄ ချိန်းအထိ စစ်ဆေးခဲ့ ကာ အမှုမှာ နှစ်နှစ်နီးပါး ကြာ မြင့်ခဲ့သည်။


၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ဦးကိုနီအား သတ် ဖြတ်မှုပြစ်မှုထင်ရှားကြောင်း တွေ့ ရှိချက်များအရ တရားခံများဖြစ်သည့် ကြည်လင်း(ခ)ဖိုးထူးကို သေ ဒဏ်ကျခံပြီး မသေမချင်း လည် ပင်း ကြိုးကွင်းစွပ်၍ သတ်စေရန်နှင့် ကိုနေဝင်းအား သတ်ဖြတ်မှု အတွက် ထောင်ဒဏ်အနှစ် ၂ဝ ကျခံစေရန်၊ တရားခံအောင် ဝင်း ဇော်အား သေဒဏ်ကျခံပြီး မသေ မချင်းလည်ပင်းကြိုးကွင်းစွပ်၍ သတ်စေရန် အမိန့်ချမှတ်ပြီး အမှုတွဲတွင်ပါဝင်သူ ဇေယျာဖြိုးအား ထောင်ဒဏ် ငါးနှစ်ကျခံစေရန်နှင့် အောင်ဝင်းထွန်းအား အလုပ်နှင့် ထောင်ဒဏ် သုံးနှစ်ကျခံစေရန် အမိန့်အသီးသီးချမှတ်ခဲ့သည်။


ထို့နောက် လက်နက်ကိုင် ဆောင်မှုဖြင့် ကြည်လင်းအား လက်နက်များအက်ဥပဒေပုဒ်မ ၁၉(ဃ)/၁၉ (စ) တို့အရ ပြစ်မှု ထင်ရှားတွေ့ရှိသဖြင့် ပုဒ်မတစ်ခုစီအတွက် အလုပ်နှင့်ထောင် ဒဏ်သုံးနှစ်စီ ကျခံစေကာ ပြစ် ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံရန် အမိန့်ချမှတ်ခဲ့သဖြင့် ကြည်လင်းမှာ သေဒဏ်အပြင် ထောင်ဒဏ် ၂၃ နှစ် ကျခံနေရ ခြင်းဖြစ်သည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top