HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အမ်းမြို့နယ်တွင် ဆူပူအုံကြွမှု ပြုလုပ်ပေးရန် ငွေကျပ်ငါးသိန်းပေးစည်းရုံးစေခိုင်း ခံထားရသူတစ်ဦး တွေ့ရှိထားဟု မကွေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်ပြောကြား

မကွေး၊ စက်တင်ဘာ ၂၆-ရခိုင် ပြည်နယ် အမ်းမြို့နယ်တွင် ဆူပူအုံ ကြွမှုများပြုလုပ်ပေးရန် ငွေကျပ် ငါးသိန်းပေးကာ စည်းရုံးစေခိုင်းသူ တစ်ဦးကို မကွေးတိုင်းဒေသကြီး တွင် တွေ့ရှိထားသည်ဟု မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာအောင်မိုးညိုက ပြောသည်။ ယင်းနှင့်ပတ်သက်ပြီး စက် တင်ဘာ ၂၆ ရက်ညနေပိုင်းတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးခန်းတွင် ဝန်ကြီးချုပ်ကမီဒီယာ များအား သတင်းစာရှင်းလင်းပွဲပြု လုပ်ပြောကြားခဲ့ခြင်းဖြစ်သည်။စည်းရုံးသူနှင့် စည်းရုံးခံရသူ တို့၏အမည်များကို သိရှိသော် လည်း လုံခြုံရေးအရထုတ်ဖော်ပြော ကြားလိုခြင်းမရှိကြောင်း မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗဟိုရွှေဈေးကွက်ဖော် ဆောင်ရာတွင် လောင်းကစားဈေး ကွက်ကဲ့သို့မဖြစ် စေရေးအထူးဂရုစိုက်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် သတိပေး

PMUPMT News

ရန်ကုန်၊ စက်တင်ဘာ ၂၆-ဗဟို ရွှေဈေးကွက်ဖော်ဆောင်ရာတွင် လောင်းကစားဈေးကွက်တစ်ခုကဲ့ သို့ဖြစ်မသွားရန် အထူးဂရုစိုက် ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်း သိန်းက သတိပေးပြောကြားလိုက် သည်။ စက်တင်ဘာ ၂၆ ရက်က ရန် ကုန်မြို့ရှိSummit Parkviewဟိုတယ်တွင်ပြုလုပ်သည့် မြန်မာ နိုင်ငံတွင်ဆောင်ရွက်မည့် နိုင်ငံ တကာအဆင့်မီရွှေ၊ ရွှေဖြင့်ပြု လုပ်ထားသောလက်ဝတ်ရတနာ နှင့် ပစ္စည်းများ၊ ကျောက်မျက် အချော ထည် များနှင့် မြန်မာ့တွင်း ထွက်သတ္တုသယံ ဇာတ များရောင်း ဝယ်ဖောက်ကားရေး ဗဟိုဈေး ကွက်ဖော်ဆောင်မှုအလုပ်ရုံဆွေး နွေးပွဲ၌ ရန်ကုန်တိုင်းဒေသကြီးဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဖွင့် အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်းထည့် သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ သတ်ဖြတ်မှုကြောင့် ဟိန္ဒူဘာသာဝင်များသေဆုံး ရမှုဖြစ်စဉ်ကို ကမ္ဘာသိရန်ယခုလ ၂၈ ရက် နေ့တွင် သံတမန်များ၊ မီဒီယာများကို ဖိတ်ခေါ်ပြသရှင်းလင်းမည်

ရန်ကုန်၊ စက်တင်ဘာ ၂၆-ARSA အစွန်းရောက်အကြမ်းဖက်သမား များ၏ သတ်ဖြတ်မှုကြောင့် သေဆုံး ခဲ့ရသည့် ဟိန္ဒူဘာသာဝင်ရုပ်အ လောင်းများနှင့်ဖြစ်စဉ်ကို ကမ္ဘာမှ သိရန် နိုင်ငံတကာသံတမန်များ၊ မီ ဒီယာများကို ဖိတ်ခေါ်ပြသရှင်းလင်း မည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီမိုက ရေစီတူဒေးသို့ပြောသည်။

 

ဟိန္ဒူဘာသာဝင်များ၏ ကိုယ် တွေ့ပြောကြားချက်အရ ပျောက် ဆုံးနေသောဟိန္ဒူဘာသာဝင်ရုပ် အလောင်း ၄၅ လောင်းနှင့်ပတ် သက်ပြီး ဆောင်ရွက်မည့်အစီအစဉ် အပေါ် ဒီမိုကရေစီတူဒေးသတင်း စာ၏ဆက်သွယ်မေးမြန်းမှုအား ပြည်ထောင်စုဝန်ကြီးက စက်တင် ဘာ ၂၆ ရက်၌ ပြောကြားခဲ့သည်။ "ဟိန္ဒူဘာသာဝင်တွေအစု လိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ပတ်သက်ပြီးတော့ အခု တကယ် ကိုဖော်ထုတ်တွေ့ရှိနေရပြီ။ ပထမ နေ့က ၂၈ လောင်း။ ကျွန်တော်တို့ သွားတဲ့နေ့မှာ ၁၇ လောင်း။ အား လုံးရုပ် အလောင်း ၄၅ လောင်းကိုတွေ့ ပြီ။ ဆက်လက်ပြီးတော့လည်း ရှာ ဖွေနေတယ်။ ဆက်လက် လည်းပေါ် ပေါက်လာမှာလို့ယူဆတယ်" ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒီချုပ်ကိုယ်စားလှယ်အချို့ ဘဝမေ့ပြီး တာဝန်မကျေဟု ဦးဝင်းထိန်ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၃-အစိုးရ သစ်၏တစ်နှစ်ခွဲကာလအတွင်း NLDကိုယ်စားလှယ်အချို့မှာ ဘဝ မေ့ပြီး လုပ်ငန်းတာဝန်မကျေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်အဖွဲ့ အတွင်း ရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်ကပြော ကြား လိုက်သည်။ စက်တင်ဘာ ၂၃ ရက် ဗဟန်း မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင်ပြုလုပ်သည့် အစိုး ရလွှတ်တော်နှင့်ပါတီသုံးပွင့်ဆိုင် ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးပွဲ ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

"တစ်နှစ်ခွဲကာလအတွင်း မှာ ကျွန်တော်တို့ လွှတ်တော် ကိုယ် စားလှယ်တွေ ကိုယ့်ဘဝကိုယ်မေ့ ကုန်ကြတယ်။သာမန်အဖွဲ့ချုပ်အ ဖွဲ့ဝင်ကနေပြီးတော့မှ ရွေးကောက် တင်မြှောက်ခြင်းခံလိုက်ရတဲ့အခါမှာ တချို့ပုဂ္ဂိုလ်တွေကဘဝမေ့တယ်။ မဆန်းစစ်တော့ ဘူး။ နောက်တစ်ချက်က တချို့လွှတ်တော် ကိုယ် စား လှယ်တွေက လွှတ်တော်ကိုယ် စားလှယ်လုပ်ငန်းတာဝန်ကိုထမ်း ဆောင်တဲ့အခါမှာ တာဝန်မကျေ ကြဘူး" ဟု ဦးဝင်းထိန်ကသဘာပတိ အမှာစကားပြောကြားစဉ် ထည့် သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။ရွေးကောက်ပွဲ ကြေညာစာ တမ်းပါရည်မှန်း ချက် များ ကို ကိုယ် စားလှယ်များအားလုံးပြန်လည် ဖတ်ရန်လည်း ဦးဝင်းထိန်ကတိုက် တွန်းလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာ-ထိုင်းနယ် စပ်သုံးနေရာတွင် ပတ်စ်ပို့ရုံးသစ်များဖွင့်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၃-မြန်မာ- ထိုင်းနယ်စပ်သုံးနေရာတွင် မြန်မာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး သစ်များ ထပ်မံဖွင့်လှစ်မည်ဟု သိ ရသည်။ ထိုင်းအစိုးရ၏ရွှေ့ပြောင်းအ လုပ်သမားများ ခရီးသွားကင်းလွတ် ခွင့်အဖြစ် ဖမ်းဆီးမယ့်ရက်ပေါင်း ၁၈၀ အတွင်း အလုပ်သမားများ နိုင်ငံကူးလက်မှတ်ကို နယ်စပ်တွင် ပင် လွယ်ကူစွာဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ထိုင်း-မြန်မာနယ်စပ် မြို့များဖြစ်သည့် တာချီလိတ်၊ မြဝ တီနှင့်ကော့သောင်းတို့တွင် လာ မည့် စက်တင်ဘာ ၂၅ ရက်မှစတင် ၍ သာမန်နိုင်ငံ ကူးလက် မှတ်ထုတ် ပေးရေးရုံးများဖွင့်လှစ်ပေးသွား မည်ဟုသိရကြောင်း ထိုင်းအခြေ စိုက် AAC မဟာမိတ်အဖွဲ့နှင့် ဘန် ကောက်အခြေစိုက် မြန်မာအလုပ် သမားသံအရာရှိရုံးတို့ထံမှ သိရ သည်။

 

ဆက်လက်ဖတ်ရှုရန် ...

တောင်ကိုရီးယားရှိ ကုလသမဂ္ဂရုံးရှေ့တွင် အစိုးရကိုထောက်ခံကြောင်း မြန်မာ ၂ဝဝဝ ကျော် ဆန္ဒထုတ်ဖော်

ရန်ကုန်၊ စက်တင်ဘာ ၂၄-ရခိုင်ပြည် နယ်အရေးနှင့်ပတ်သက်၍ အစိုးရကို ထောက်ခံကြောင်း တောင်ကိုရီးယားရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာနိုင်ငံသား ၂ဝဝဝ ကျော် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

စက်တင်ဘာ ၂၄ ရက် တောင်ကို ရီးယားစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် ဆိုလ်းမြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဆန္ဒ ပြခဲ့ကြခြင်းဖြစ်ပြီး ARSA အကြမ်းဖက် သမားများ၏ ရခိုင်ပြည်နယ်အတွင်း အ ကြမ်းဖက်တိုက်ခိုက်မှုများကို ကန့်ကွက် ရှုတ်ချကြောင်း၊ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သောအစိုးရအား ထောက်ခံ ကြောင်း၊ ရိုဟင်ဂျာလူမျိုး မြန်မာနိုင်ငံတွင် မရှိ စသည့်ဆိုင်းဘုတ်များ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ပုံများနှင့် မြန်မာ နိုင်ငံအလံတို့ကိုကိုင်ဆောင်ကာ ဆန္ဒထုတ် ဖော်ခဲ့ကြကြောင်း တောင်ကိုရီးယားရောက် မြန်မာနိုင်ငံသားများထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...