HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ဖမ်းဝရမ်း အထုတ်ခံထားရသော ဦးဝီရသူအရေး လုပ်ထုံးလုပ်နည်း များအတိုင်း ဆက်လုပ်မည်ဟု သမ္မတရုံးပြောခွင့်ရ ဆို  

ရန်ကုန်၊ မေ ၃၁ 

ဖမ်းဝရမ်းထုတ်ခံထားသည့် ဦးဝီသူရ ကိစ္စနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံးလုပ်နည်းများ အတိုင်းဆက်လုပ်သွားမည်ဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားခဲ့သည်။ မေ ၃၁ ရက် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ပြည်သူ့အတွက် ဒုတိယတစ်နှစ် တာကာလအတွင်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ၌ မီဒီယာ၏မေးမြန်းမှုများအပေါ် ၎င်းင်းကအထက်ပါ အတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဆိပ်ကမ်းမြို့နယ် ရွေးကောက်ပွဲ အငြင်းပွားမှု ရှုံးနိမ့်ခဲ့ခြင်း ပြည်ခိုင်ဖြိုး အယူခံတက်မည်  

ရန်ကုန်၊ မေ ၃၁

ဆိပ်ကမ်း မြို့နယ်ရွေးကောက်ပွဲအငြင်းပွားမှု ရှုံးနိမ့်ခဲ့သည့်အပေါ် အယူခံထပ်တက်မည်ဟု ပြည်ခိုင်ဖြိုးပြောခွင့်ရ ဒေါက်တာနန္ဒာလှမြင့်က ပြောသည်။ ''အယူခံဝင်ဖို့ရှိတာပေါ့။ ဥပဒေနဲ့အညီဆက်လုပ်သွားမှာပေါ့'' ဟု ¤င်းက မေ ၃၁ ရက်တွင် ပြောသည်။ ပြီးခဲ့သည့် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)၌ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း ဦးနေမျိုးအောင်က အနိုင်ရရှိခဲ့သော်လည်း ရွေးကောက်ပွဲကာလ မဲဆွယ်လှုပ်ရှားမှု အချို့မှာ ဥပဒေနှင့်ညီညွတ်ခြင်းမရှိဟုဆိုကာ ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးသန်း ထိုက်အောင်က ရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ခိုင်ဖြိုး အပါအဝင် ပါတီ ၂၄ ခုက နိုင်ငံတော်သမ္မတထံ လက်ရှိနိုင်ငံ အခြေအနေနှင့် ပတ်သက်သည့် အကြံပြုချက်များကို အိတ်ဖွင့် ပေးစာပို့  

ရန်ကုန်၊ မေ ၃ဝ

ပြည်ခိုင်ဖြိုး ပါတီအပါအဝင်ပါတီ ၂၄ ခုက နိုင်ငံတော်သမ္မတထံ လက်ရှိနိုင်ငံ အခြေအနေနှင့်ပတ်သက်၍ အကြံပြုချက်များကို အိတ်ဖွင့်ပေး စာပို့ခဲ့ကြောင်း သိရသည်။ အဘက်ဘက်မှ ယိုယွင်းကျ ဆင်းလာနေသော နိုင်ငံတော်၏ အခြေအနေ အရပ်ရပ်ကိုဝိုင်းဝန်း အဖြေရှာပြုပြင်တည့်မတ်နိုင်ရေး အကြံပြုချက်များ ပေးပို့ခြင်းဟူ သောခေါင်းစဉ်ဖြင့် မေ ၃ဝ ရက် က နိုင်ငံတော်သမ္မတဦးဝင်းမြင့် ထံ လိပ်မူပေးပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ဦးဒေသတွင် လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားပါက နိုင်ငံတကာ ကျူးကျော်စစ်များမှ ကာကွယ်ပေးနိုင်မည့် ကမ္ဘာ့အမွေအနှစ် မဖြစ်ဘဲ လွဲချော်သွားနိုင် ဟုဆို  

ရန်ကုန်၊ မေ ၃ဝ

ကမ္ဘာ့အမွေ အနှစ်စာရင်းတင်သွင်းမည့် မြောက် ဦးဒေသတွင် လက်နက်ကိုင်ပဋိပက္ခ များဆက်လက်ဖြစ်ပွားပါက နိုင်ငံ တကာကျူးကျော်စစ်များမှ ကာ ကွယ်ပေးနိုင်မည့် ကမ္ဘာ့အမွေအ နှစ်မဖြစ်ဘဲ လွဲချော်သွားနိုင် ကြောင်း သိရသည်။ မြောက်ဦးအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ရောက် နိုင်ရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာနက ဦးဆောင်ပြီး ဆောင် ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဦးဝီရသူကို ထောက်ခံပွဲ ရွှေတိဂုံစေတီတော် အောင်မြေတွင်ပြုလုပ်  

ရန်ကုန်၊ မေ ၃ဝ

ဖမ်းဝရမ်း ထုတ်ခံထားရသည့် ဦးဝီရသူကို ထောက်ခံသူ သံဃာများနှင့် လူ ပုဂ္ဂိုလ်များ ရွှေတိဂုံစေတီတော် အောင်မြေတွင် ထောက်ခံဆုတောင်းပွဲ ပြုလုပ်ခဲ့ကြသည်။ မေ ၃ဝ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ဗဟန်းမြို့နယ် မဟာ ဇေယျအတုလမာရဇိန်ကြေးသွန်း ဘုရားကြီးရှေ့၌ စုရပ်ပြီး ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်အ တိုင်း ချီတက်ကာ အောင်မြေတွင် ဆုတောင်းခြင်းဖြစ်သည်။ ဆုတောင်းပွဲတွင် ပါဝင်သူ ဦးဝင်းကိုကိုလတ်က ''ဆရာတော် ကြ<ွကရောက်မလာဘူး။ ဒီအပေါ် မှာတက်ပြီး ဆုတောင်းတာဖြစ် တယ်။ ဆရာတော်ဘေးရန်ကင်းဖို့ အောင်မြေမှာ ဆုတောင်းကြတယ်'' ဟု မီဒီယာများကိုပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်ခိုင်ဖြိုးနှင့် တပ်မတော်ကိုယ်စားလှယ်တို့ အဓိကပါဝင်သောအဖွဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ  

နေပြည်တော်၊ မေ ၂၉

ပြည်ခိုင် ဖြိုးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် အဓိကပါဝင်သော အဖွဲ့ တင်ပြလာသည့် ဖွဲ့စည်းပုံအ ခြေခံဥပဒေကို ဒုတိယအကြိမ် ပြင် ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင် စုလွှတ်တော်သို့တင်ပြခဲ့သည်။ မေ ၂၉ ရက် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ယင်း ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ပြည် ထောင်စုလွှတ်တော် နာယကက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ် သည်။ ယင်းဥပဒေကြမ်းကို တင်ပြ လာသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၄၅ဦးထဲတွင် ရွေး ကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၄ဝ နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁ဝ၅ ဦးတို့က လက် မှတ်ရေးထိုး ပေးပို့ထားခြင်းဖြစ် ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ပြော သည်။

ဆက်လက်ဖတ်ရှုရန် ...

ဦးဝီရသူကို ဖမ်းဆီးရန် မစိုးရိမ်တိုက်သစ်သို့ ဝင်ရောက်ရှာဖွေခဲ့ဟုဆို၊ တိုင်းသံဃနာယက အဖွဲ့ရုံးတွင် ဆုံးမသြဝါဒပေးရန် ခေါ်ယူထားခြင်းကို သံဃနာယကအဖွဲ့က အခြေအနေအရဆိုင်းငံ့ထားဟု ထုတ်ပြန်  

ရန်ကုန်၊ မေ ၂၉

ဝရမ်းထုတ်ထား သည့် ဆရာတော်ဦးဝီရသူအား သွားရောက်ဖမ်းဆီးခဲ့ရာတွင် ¤င်း မှာ သီတင်းသုံးသည့် ကျောင်းတိုက် ၌ မတွေ့ရှိခဲ့ကြောင်း သိရသည်။ ဆရာတော်ဦးဝီရသူ သီတင်း သုံးသည့် မန္တလေး မစိုးရိမ်တိုက်သစ် သို့ သံဃနာယကဆရာတော်နှင့် ရဲ တပ်ဖွဲ့က မေ ၂၉ ရက် ညနေပိုင်းက ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက ''ကျွန်တော်တို့ ဆီကို ဒီနေ့နေ့လယ်က ဝရမ်းရောက် ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့က တာဝန် ရှိတဲ့ မြို့နယ်မှူး ဦးဆောင်ပြီးတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရယ် လဝက ရယ်ပေါ့။ ဝရမ်းအတည်ပြုနိုင်ဖို့အ တွက်ကို မြို့နယ်သံဃနာယကကို လည်း သွားလျှောက်တယ်။ လျှောက် ပြီးတော့ ကာယကံရှင်ရှိတဲ့ကျောင်း ကိုသွားတယ်။ သူ့ကို ဖမ်းဆီးဖို့သွား ရောက်ရှာဖွေတာ မတွေ့ဘူးပေါ့''ဟု မေ ၂၉ ရက် ညနေ ၆ နာရီတွင် ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မာန်အောင်မြို့နယ် ရခိုင်အမျိုးသားပါတီဝင် လေးထောင်ကျော် ပါတီမှ နုတ်ထွက်စာတင်  

စစ်တွေ၊ မေ ၂၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်ရှိ ရခိုင်အမျိုးသား ပါတီဝင်အင်အား လေးထောင်ကျော် သည် ပါတီမှနုတ်ထွက်စာတင်လိုက် ကြကြောင်း သိရသည်။ မာန်အောင်မြို့နယ်ရှိ ရခိုင်အ မျိုးသားပါတီ မြို့နယ်ဗဟိုအလုပ် အမှုဆောင်များနှင့် ရပ်ကျေးကော် မတီများအပါအဝင် မြို့နယ်တစ်ခု လုံးရှိပါတီဝင်အင်အား လေးထောင် ကျော်သည် ပါတီမှနုတ်ထွက်လိုသည် ဟုဆိုကာ မေ ၂၉ရက်တွင် စစ်တွေ ရှိ ပါတီဗဟိုဌာနချုပ်ထံ စာပေးပို့ လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...