HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော် အတည်ပြု  

နေပြည်တော်၊ မေ ၂၈

ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို စတုတ္ထအ ကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား မေ ၂၈ ရက် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ကန့်ကွက်သူမရှိ အတည်ပြုခြင်းဖြစ်သည်။ ပြည်ထောင်စုတရားစီရင်ရေး ဥပ ဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပ ဒေကြမ်းနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်မှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းက အမျိုးသားလွှတ်တော် ဥပဒေ ကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ် ကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြစ်ဆုံစီမံကိန်းဆိုင်ရာ သတင်းစာရှင်းလင်း ကျင်းပ

ရန်ကုန်၊ မေ၂၈

မြစ်ဆုံစီမံကိန်းစာချုပ်ကို တစ်လအတွင်း ပွင့်လင်း စွာချပြရန်နှင့် တရားဝင်မိတ္တူ ကူးယူခွင့်ပြုရန် မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်က တောင်းဆို လိုက်သည်။ မေ ၂၈ရက်က ရန်ကုန်မြို့ ရှိ House of Orchid တွင် မြစ် ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်က ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲ၌ အ ထက်ပါအတိုင်း ထုတ်ပြန်တောင်း ဆိုလိုက်ခြင်းဖြစ်သည်။ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက် သိမ်းရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် ၏ ထုတ်ပြန်ချက်တွင် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်ဘက်မှ တာဝန်ရှိသူများနှင့် တရုတ်ပြည် သူ့သမ္မတနိုင်ငံတော်ဘက်မှ တာဝန်ရှိသူများ နှစ်ဦးနှစ်ဖက်ချုပ်ဆိုထား သည့် မြစ်ဆုံစီမံကိန်းစာချုပ်အား ယနေ့ မေ ၂၈ရက်မှ ဇွန်လ ၂၈ ရက် အထိ တစ်လအတွင်း နိုင်ငံသား တို့အား ပွင့်လင်းမြင်သာစွာချပြ ရန်နှင့် တရားဝင်မိတ္တူကူးယူခွင့်ပြု ရန် တောင်းဆိုပါကြောင်းဖော်ပြပါရှိသည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယဝန်ကြီးချုပ်၏ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်နိုင်မည် မဟုတ်

ရန်ကုန်၊ မေ ၂၈

အိန္ဒိယဝန်ကြီး ချုပ်၏ဒုတိယသက်တမ်း ကျမ်းသစ္စာကျိန်ဆိုပွဲသို့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် တက်ရောက်နိုင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာနမှသိရသည်။ ရွေးကောက်ပွဲတွင် ဒုတိယ အကြိမ်မြောက်အနိုင်ရရှိခဲ့သည့် ဝန်ကြီးချုပ် မိုဒီသည် မကြာမီတွင် ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ပြီး အဆိုပါ အခမ်းအနားသို့ တက် ရောက်ရန် အိမ်နီးချင်းနိုင်ငံများကို ဖိတ်ကြားထားကာ မြန်မာနိုင်ငံအ တွက်လည်း ဖိတ်စာရောက်ရှိပြီ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းဟန်က မေ ၂၇ တွင် ဒီမို ကရေစီတူဒေးသို့ အတည်ပြုပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

သေဒဏ်ကျခံနေရသည့် ခေါင်းဖြတ်လူသတ်မှု ကျူးလွန်ခဲ့သူကို လွှတ်ပေးခြင်းမရှိ၊ ထောင်ထဲတွင်ပင် ရှိနေကြောင်း အကျဉ်းဦးစီးဌာနပြော  

ရန်ကုန်၊ မေ ၂၇

သေဒဏ်ကျခံ နေရသည့် ခေါင်းဖြတ်လူသတ်မှု ကျူးလွန်ခဲ့သူကို လွှတ်ပေးခြင်းမရှိဘဲ အကျဉ်းထောင်ထဲတွင်ပင်ရှိ နေကြောင်း အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက ပြောသည်။ မည်သည့်အကျဉ်းထောင်တွင်ထားရှိသည်ကိုမူ လုံခြုံရေးအရ ပြောဆိုခွင့်မရှိကြောင်း ၎င်းင်းကဆိုသည်။ ''သေဒဏ်ကျခံနေတဲ့ အကျဉ်း သားချစ်ပိုက သမ္မတရဲ့ လွတ်ငြိမ်း သက်သာနဲ့လွတ်လာတယ်ဆိုတာ မဟုတ်ပါဘူး။ အကျဉ်းထောင်တစ်ခုမှာ ပြစ်ဒဏ်ကျခံနေပါတယ်'' ဟု ၎င်းင်းက မေ ၂၇ ရက်တွင် ပြောသည်။  သေဒဏ်ကျခံနေသူကို သမ္မတ၏ လွတ်ငြိမ်းသက်သာဖြင့် လွှတ် ပေးဟုဆိုကာ အကျဉ်းထောင်ဆူပူ စေရန် ရည်ရွယ်၍ ကောလဟလ ဖြန့်မှုများကိုလည်း အရေးယူမည် ဖြစ်ကြောင်း ၎င်းင်းကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

မိုက်ကယ်ကျော်မြင့် ပဲခူးတွင် ခြေရာဖျောက်သွားဟု ဒုတိယ ရဲချုပ် ဆို

နေပြည်တော်၊ မေ၂၇

ရန်ကုန်တိုင်းဒေသကြီး တောင်ဒဂုံမြို့နယ်တွင် ဘာသာရေးအကြောင်းပြကာ ဆူပူမှုဖြစ်အောင်လုပ်ဆောင်ခဲ့သည်ဆိုသော မိုက်ကယ်ကျော်မြင့်မှာ ရန်ကုန်နေအိမ်မှထွက်ပြေးကာ ပဲခူးတွင် ခြေရာဖျောက်သွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၁) ရဲဗိုလ်ချုပ် မျိုးဆွေဝင်းကပြောကြားလိုက်သည်။ အဆိုပါပြောကြားချက်ကို မေ ၂၇ ရက်မွန်းလွဲပိုင်းက နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင်ပြော ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အချုပ်သားကို စစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ရန် ညွှန်ကြားထား ဟုဆို

ရန်ကုန်၊ မေ ၂၇

အချုပ်သားကို စစ်ဆေးရာတွင် ညှဉ်းပန်းနှိပ်စက်မှု မပြုလုပ်ရန် ညွှန်ကြားထားကြောင်း ပြည်ထဲရေး ခေတ္တအမြဲတမ်းအတွင်းဝန်က ပြောသည်။  မေ ၂၇ ရက်၊ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ခေတ္တအမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်းဦးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေပြီး လိုက်နာမှုမရှိပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပ ဒေနှင့်အညီ အရေးယူအပြစ်ပေးမှုများလုပ်ဆောင်ကြောင်း ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေဘိုထောင် ဆူပူမှုမှ ထောင်အတွင်းဖျက်ဆီးခဲ့သည့် အကျဉ်းသား ၅၆ ဦးကိုအမှုဖွင့်၊ ထောင်တာဝန်ခံကို မူလရာထူးဖြင့် နေရာပြောင်းရွှေ့ခဲ့

ရန်ကုန်၊ မေ ၂၇

ရွှေဘိုထောင် ဆူပူမှုအတွင်း ထောင်အတွင်းရှိ နိုင်ငံတော်ပိုင်အဆောက်အအုံများနှင့် ပစ္စည်းများအား ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည့်အကျဉ်းသား ၅၆ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွှေဘိုမြို့မ ရဲစခန်းမှူး ဒုရဲမှူးသိန်းဝင်းက အတည်ပြုပြောသည်။ ''အကျဉ်းသား၊ အကျဉ်းသူ ၅၆ ဦးကိုအရေးယူထားတာဟုတ်ပါတယ်။ ၆(၁) နဲ့အရေးယူထားတာ။ ရဲစစ်ဆေးဆဲဆိုတော့အမြန်ဆုံးတရားစွဲတင်ပါမယ်၊ သက်သေအထောက်အထားတွေ ခိုင်လုံ အောင် တည်ဆောက်ပြီးမှပေါ့။ ရဲလုပ်ငန်း ပြီးပြည့်စုံအောင်ဆောင်ရွက်နေပါတယ်'' ဟု ၎င်းင်းကဒီမိုက ရေစီတူဒေးသို့ မေ ၂၇ ရက်တွင် ပြောသည်။ ဆူပူမှုတွင် ဖျက်ဆီးမှုများပြုလုပ်ခဲ့သည့် အကျဉ်းသားသူ ၅၆ ဦးကိုအကျဉ်းဦးစီးဌာနမှ တရားလိုပြုလုပ်ပြီး ရွှေဘိုမြို့မ ရဲစခန်းတွင်အမှုဖွင့်ထားခြင်း ဖြစ် ကြောင်း အကျဉ်းဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ဒီမိုကရစီတူဒေးသို့ မေ ၂၇ ရက်တွင် ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗြိတိန် ဝန်ကြီးချုပ်အဖြစ်မှ နုတ်ထွက်တော့မည့် ထရီဇာမေ နေရာတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဝန်ကြီးချုပ်လောင်း အမည်စာရင်းများ ပေါ်ထွက်လာနေ  

လန်ဒန်၊ မေ ၂၆

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ သည် ရာထူးမှနုတ်ထွက်သွားပါက ဝန်ကြီးချုပ်ရာထူးဆက်ဆံရန် ရေပန်းစားနေသူ ခုနစ်ဦးရှိနေပြီး ၎င်းင်းတို့မှာ ဗြိတိန်ကျန်းမာရေးဌာနဝန်ကြီး မတ်ဟန်းကော့၊ ဘရီဇစ်ဝန်ကြီးဟောင်း ဒိုမီနစ်ရ(ဘ်)၊ ဗြိတိန် အောက်လွှတ်တော်ခေါင်းဆောင် ဟောင်း အန်ဒရေရာလိ(ဒ်)သွန်း၊ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘောရစ်ဂျွန်ဆင်၊ ဗြိတိန်နိုင်ငံခြား ရေးဌာနမှ လက်ရှိနိုင်ငံခြားရေး ဝန်ကြီးဂျယ်ရီမီဟန့်၊ နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ရိုရီစတီး ဝပ်နှင့်အလုပ်သမားနှင့် ပင်စင်ဌာနဝန်ကြီးဟောင်း ဘက်စ်သာမက္ကာ ဗေးတို့ဖြစ်ကြသည်။

ဆက်လက်ဖတ်ရှုရန် ...