HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

ရခိုင်အမျိုးသားပါတီ၏ ညီလာခံ မေ ၃ဝ ရက် စတင်ကျင်းပမည်  

စစ်တွေ၊ မေ ၂၆

ရခိုင်ပြည်နယ်ရှိ အင်အားကြီးပါတီတစ်ခုဖြစ်သော ရခိုင်အမျိုးသားပါတီ၏ ညီလာခံကျင်းပမည့်နေရာအား သတ်မှတ်လိုက်ပြီဖြစ်ကြောင်းသိရသည်။ ပါတီညီလာခံကျင်းပမည့်နေ ရာမှာ စစ်တွေမြို့၊ ကျေးပင်ကြီးရပ် ကွက်ရှိ အာရီယာန်စားသောက်ဆိုင်ခန်းမဖြစ်ပြီး ညီလာခံကို မေ ၃ဝ နှင့် ၃၁ ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အွန်လိုင်း လေလံမဲကြောင့်ဖြစ်သည့် လမိုင်းဆူပူမှုများ ငြိမ်သက်၊ စိုးရိမ်စိတ်ကြောင့် လမ်းအလိုက် ကိုယ်ထူကိုယ်ထ ကင်းစောင့်နေရဟုဆို

ရန်ကုန်၊ မေ ၂၆

မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းတွင် အွန်လိုင်း လေလံမဲကို အကြောင်းပြု၍ ဖြစ်ပွားခဲ့သည့် ဆူပူမှုများကို ထိန်းသိမ်းနိုင်ပြီဖြစ်သော်လည်း စိုးရိမ်စိတ်များကြောင့် လမ်းအလိုက် ကိုယ်ထူကိုယ်ထကင်းစောင့်နေကြကြောင်း သိရသည်။ အွန်လိုင်းလေလံမဲကစားကြရာ သတ်မှတ်ရက်အတွင်း ဒိုင်မှ ငွေမထုတ်ပေးနိုင်ခြင်းနှင့် ပတ်သက်၍ လေလံမဲကစားကြသူ ရာနှင့် ချီသည့်လူအုပ်က ဒိုင်ဖြစ်သူနေအိမ်နှင့် ၎င်းင်း၏ဆွေမျိုးနေအိမ်များကို ဝင်ရောက်ဖျက်ဆီးမှုများရှိခဲ့သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် အမှန်တကယ် အွန်လိုင်းမဲကစား သူများအပြင် သူစိမ်းများလည်းပါ ဝင်နေကြောင်း ဒေသခံအုပ်ချုပ်ရေး မှူးများက ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်ငြိမ်းချမ်းရေး နှစ်ဖက်စလုံး အတ္တမာနများ လျှော့ချရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ရန်ကုန်၊ မေ ၂၅

ရခိုင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး အတ္တမာနများလျှော့ချရန် ရခိုင် ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစံ ကျော်လှက ပြောသည်။ ကမ္ဘာ့အမွေအနှစ်မြောက် ဦးမြို့တော်သို့ ဒီဗွီဘီဒီဘိတ် အစီအစဉ်ပထမပိုင်းတွင် ၎င်းင်းက ဗီဒီယိုဖိုင်ပေးပို့ ပြောကြားခဲ့ခြင်းဖြစ် သည်။ ''တစ်ဖက်ကိုတစ်ဖက် အပြတ်အသတ်နိုင်မယ်ဆိုတာ ပြောလို့မရ ဘူး။ မသေချာဘူး။ အဲဒါကြောင့် ကျွန်တော်တို့ဟာ ငြိမ်းချမ်းရေးက လွဲလို့မှတစ်ပါးအခြားမရှိဘူး။ ငြိမ်းချမ်းရေးကိုရဖို့အတွက် နှစ်ဖက်မှာရှိတဲ့အတ္တမာနတွေကို ကျွန်တော်တို့လျှော့ချရမယ်'' ဟု ၎င်းင်းကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

လွှတ်တော်တွင်း မေးခွန်းများကို ဝန်ကြီးများ ပြီးစလွယ် မဖြေကြရန် နိုင်ငံတော်သမ္မတ မှာကြားခဲ့၊ အချို့မေးခွန်းများဖြေဆိုရန် ပြင်ဆင်မှုအားနည်းဟု လွှတ်တော် ကိုယ်စားလှယ်အချို့ထောက်ပြ

ရန်ကုန်၊ မေ ၂၅ 

ပြည်ထောင်စုအဆင့် ဝန်ကြီးများအနေနှင့် လွှတ်တော်တွင်း မေးခွန်းများကို ပြီးစလွယ်မဖြေကြားရန် နိုင်ငံတော် သမ္မတက ပြောကြားသကဲ့သို့ပင် ဝန်ကြီးများ၏ဖြေဆိုမှုမှာ ပြင်ဆင်မှုအားနည်းကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့က ထောက်ပြ ပြောကြားခဲ့သည်။ ပြည်ထောင်စုအဆင့်ဝန်ကြီး များ၊ ဒုဝန်ကြီးများ လွှတ်တော်တွင်း မေးခွန်းဖြေဆိုရာတွင် ပြီး လွယ်စီးလွယ် မဖြေကြားကြရန် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မေ ၂၄ ရက်တွင် နေပြည်တော်၌ ပြုလုပ်သည့် ဌာနဆိုင်ရာနှင့် တွေ့ ဆုံပွဲတွင် သတိပေးပြောကြားခဲ့ သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူကို ဖိနှိပ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေချင်ဟု နိုင်ငံတော်သမ္မတ သတိပေး

ရန်ကုန်

ပြည်သူကိုဖိနှိပ်သည့် အုပ်ချုပ်ရေးယန္တရား မဖြစ်စေချင်ကြောင်း နိုင်ငံတော်သမ္မတက သတိပေးလိုက်သည်။ မေ ၂၄ ရက် နေပြည်တော်တွင်ကျင်းပသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားလိုက်ခြင်းဖြစ်သည်။ ''ပြည်သူကို ဖိစီးနှိပ်စက်တဲ့၊ ပြည်သူကို ဖိနှိပ်ချုပ်ချယ်တဲ့ အုပ်ချုပ် ရေးယန္တရား မဖြစ်စေချင်ဘူး''ဟု ၎င်းင်းကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်သည်များကို ကုလသမဂ္ဂ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် သံတမန်များကို ရှင်းလင်း

နေပြည်တော်

မြန်မာနိုင်ငံ၌ လက်ရှိဆောင်ရွက်ဆဲဖြစ်သည့် ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ရခိုင် ပြည်နယ်အရေးကိစ္စများနှင့် ပတ်သက်သည့် Briefing on Peace Process & Rakhine State များကို ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် သံတမန်များကို မေ ၂၄ရက် မွန်းလွဲပိုင်းက နေပြည်တော်(NRPC) တွင် ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဦးကျော်တင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမြင့်သူတို့မှ ကုလသမဂ္ဂ၊ နိုင်ငံတကာအဖွဲ့အစည်း များနှင့် သံတမန်များကိုရှင်းလင်းသည့် အခမ်းအနားကို ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

အဆောင်အယောင်အပေါ် သာယာနေပါက ပြုပြင် ပြောင်းလဲရေး လုပ်နိုင်မည်မဟုတ်ဟု နိုင်ငံတော်သမ္မတ ဆို

ရန်ကုန်၊ မေ ၂၄

အဆောင်အ ယောင်အပေါ် သာယာနေပါက ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မည် မဟုတ်ဟု နိုင်ငံတော်သမ္မတက ဌာနဆိုင်ရာ ဝန်ထမ်းများအား သတိပေးလိုက်သည်။ မေ ၂၄ ရက် နေပြည်တော်တွင် ကျင်းပသည့် နေပြည်တော် ကောင်စီနယ်မြေအတွင်း ဌာနဆိုင် ရာဝန်ထမ်းများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က အထက်ပါအတိုင်း ထည့်သွင်းပြော ကြားလိုက်ခြင်းဖြစ်သည်။ ''ချီးမြင့်ငွေ၊ လစာ၊ အဆောင် အယောင်ပေါ်မှာ အဲဒါမှာ သာယာ ပြီးတော့ အိပ်လိုက်စားလိုက် ကိုယ့်အလုပ် ကိုယ်မလုပ်၊ ကိုယ် ကြီးကြပ်ရမှာ မကြီးကြပ်၊ ကိုယ် ကွပ်ကဲရမှာ မကွပ်ကဲ။ အဲဒီတော့ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တာ အဲဒီအတိုင်း ဘယ်လိုပြုပြင်ပြောင်းလဲမှု လုပ်လို့ရမှာလဲ''ဟု ၎င်းင်းက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

အကြမ်းဖက်မှု သံသယရှိသူ သီရိလင်္ကာနိုင်ငံသား ရဲစခန်းတွင် လာရောက်ရှင်းပြ ၎င်းင်း၏ထွက်ဆိုချက်များအပေါ် စိစစ်နေဆဲဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးပြော

နေပြည်တော်၊ မေ ၂၄ 

မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် အကြမ်းဖက်မှုတွင် ပါဝင် သူဟု သံသယရှိခံရသူ သီရိလင်္ကာနိုင်ငံသား တစ်ဦး ရဲစခန်းတွင် ကိုယ်တိုင်လာရောက်ရှင်းပြ ခဲ့ပြီး ¤င်း၏ထွက်ဆိုချက်များအပေါ် ရဲတပ် ဖွဲ့တာဝန်ရှိသူများက စိစစ်နေဆဲဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ မေ ၂၄ ရက် မွန်းလွဲပိုင်း နေပြည်တော် Briefing on Peace Process & Rakhine State ရှင်းလင်းပွဲအပြီး တွင် သီရိလင်္ကာနိုင်ငံသားတစ်ဦးကို အကြမ်း ဖက်မှုနှင့် အစိုးရက ထိန်းသိမ်းထားဆိုသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...