HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တိမ်းရှောင် ဘင်္ဂါလီများ ပြန်လည် လက်ခံရာတွင် ကုလပူးပေါင်းကူညီရန် ပြည်ထောင်စုဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ မေ-၂၄ 

တိမ်းရှောင် ဘင်္ဂါလီများ ပြန်လည်လက်ခံရေး အစီအစဉ်တွင် ကုလသမဂ္ဂအဖွဲ့ အစည်းများ ပူးပေါင်းကူညီရန် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဉ် ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေက တိုက်တွန်းခဲ့ကြောင်း သိရသည်။ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi သည် မေ ၂ဝ ရက်မှစ၍ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောစသည့်ဒေသများမှ ဒုက္ခ သည်စခန်းအချို့သို့ သွားရောက် လေ့လာခဲ့ပြီး မေ၂၃ရက် ညနေပိုင်းတွင် အလုပ်သမား၊ လူဝင်မူကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး သိန်းဆွေက နေပြည်တော်၌ လက်ခံ တွေ့ဆုံဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျဆုံးလေပြီးသောနိုင်ငံတော်ကို ပြန်လည်ပြုပြင်ရေး

အားလုံးသိနေကြတဲ့အတိုင်း မြန်မာနိုင်ငံ မှာ စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်ခဲ့တာ ရုပ်ဝတ္ထုအရရော၊ နာမ်(စိတ်)အရ ပါ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေအပြင် စိတ်ဓာတ် တွေကိုပါ ဖျက်ဆီးပစ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အထိ ပျက်စီးနေအောင် ဖျက်ဆီး ထားခဲ့ကြတာပါ။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာကြီး၏ အပြင်ဘက် အာကာသတွင် လက်နက်များ ချမထားရေး ပူးတွဲထုတ်ပြန်ချက်ကို ပါကစ္စတန်နှင့် ရုရှားတို့ လက်မှတ်ရေးထိုး

အစ္စလာမ္မာဘတ်၊ မေ ၂၃ 

ကမ္ဘာ့အပြင်ဘက် အာကာသနယ်ထဲတွင် ပထမဆုံးလက်နက်တပ်ဆင်ခြင်း မပြုလုပ်ရဟုဆိုသည့် ပူးတွဲထုတ်ပြန်ချက်ကို ပါကစ္စတန်နှင့် ရုရှားတို့လက်မှတ်ရေး ထိုးလိုက်ကြောင်း ပါကစ္စတန် နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ကြေညာချက်ကို ဆင်ဟွာသတင်းက မေ ၂၃ ရက်တွင် ဖော်ပြလိုက်သည်။ ပူးတွဲထုတ်ပြန်ချက်အား လက် မှတ်ရေးထိုးရာတွင် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ရှားမာမွတ်ကာ ရှီနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗရော့ဗ်တို့က ကာဂျစ်စတန် နိုင်ငံမြို့တော်ဘိရှကက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းင်းတို့ သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက် ရေး အသင်း (ှဃဥ) နိုင်ငံခြားရေး ဝန်ကြီးများ ကောင်စီအစည်းအဝေး တွင် အလွတ်သဘော လက်မှတ် ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

၂၃ နှစ်ကြာပြီးနောက် တတိယအကြိမ် မြန်မာ-တရုတ် နယ်နိမိတ်ကို ပြန်လည် စိစစ်တိုင်းတာမည်

နေပြည်တော်၊ မေ ၂၃ 

မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာမှုကို တရုတ်နိုင်ငံနှင့် ဘဘစစ်ဆင်ရေး အရ နယ်နိမိတ်တိုင်းတာမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီးနောက် ၂၃ နှစ်အကြာ တတိယအကြိမ် နယ်နိမိတ်ပူးတွဲစစ်ဆင်ရေးစစ်ဆေးရေး ကြိုတင် ညှိနှိုင်းအစည်းအဝေးများ ဆွေးနွေး ပြီးမကြာခင်တွင် မြန်မာ-တရုတ် နယ်နိမိတ်တိုင်းတာခြင်းအားပြန်လည်စိစစ်တိုင်းတာသွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးဌာန အမြဲတမ်းအ တွင်းဝန် ဦးမြင့်သူကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

သီရိလင်္ကာ အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိသူဆိုသည့် နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံသို့ ရောက်ရှိနေ

ရန်ကုန်၊ မေ ၂၃

သီရိလင်္ကာနိုင်ငံတွင်လူ ၃ဝဝကျော် သေဆုံး စေခဲ့သည့် အသေခံဗုံးခွဲတိုက်ခိုက်မှုမှဆက်စပ်ပတ်သက်သည်ဟုဆိုကာ အလိုရှိသူ နိုင်ငံခြားသားတစ်ဦး မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေသဖြင့် ဖမ်းဆီးပေးရန် နိုင်ငံတစ်ဝန်းလုံးရှိရဲတပ်ဖွဲ့ အသီးသီးသို့ အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တောင်ခြေက မှိုင်းမှိုင်း ယမ်းငွေ့က ဝေဝေ

အိုက်စိုင်း

မြန်မာနိုင်ငံ၏ အနောက်မြောက်ဒေသသည် လွန်စွာဖွံ့ဖြိုးမှုနောက်ကျနေသောအရပ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ် ရေးလည်း လွန်စွာခက်ခဲလှပါသည်။ တစ်နည်း အားဖြင့်ဆိုရလျှင် မြန်မာနိုင်ငံတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအပါအဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတစ်ခုနှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသငါးခုတို့ရှိသည့်အနက် အဆင်းရဲ ဆုံးနှင့် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးဒေသပင်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျဆုံးလေပြီးသော နိုင်ငံတော်ကို ပြန်လည်ပြုပြင်ရေး

မြတ်လှိုင်း

အားလုံးသိနေကြတဲ့အတိုင်း မြန်မာနိုင်ငံမှာ စစ်အာဏာရှင်တွေက ဖျက်ဆီးပစ်ခဲ့တာ ရုပ်ဝတ္ထုအရရော၊ နာမ်(စိတ်)အရပါ အားလုံး ပျက်စီးသွားခဲ့ပါတယ်။ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတွေအပြင် စိတ်ဓာတ် တွေကိုပါ ဖျက်ဆီးပစ်ခဲ့တာပါ။ မြန်မာနိုင်ငံရဲ့ အနာဂတ်အထိ ပျက်စီးနေအောင် ဖျက်ဆီးထားခဲ့ကြတာပါ။ စစ်အာဏာရှင်တွေက စနစ်တကျဖျက်ဆီးပစ်ခဲ့တယ်လို့ ပြောလို့တော့မရပါဘူး။ ပရမ်းပတာဖျက်ဆီးမှုကြီးတစ်ခုကို ကျူးလွန်ခဲ့တာပါ။ စစ်အာဏာရှင်တွေက ဘာကိုမှ မမြင်နိုင်တော့အောင် အတ္တတစ်ခုကိုပဲ မြင်ခဲ့တာကြောင့်ပါပဲ။ စနစ်တကျဖျက်ဆီးခဲ့တာထက် ဆိုးရွားရက်စက်လွန်းပါတယ်။ စနစ်တကျဖျက်ဆီးခဲ့တာကို စနစ်တကျ ပြန်တည် ဆောက်လို့ရပါတယ်။ ပရမ်းပတာဖျက်ဆီးခဲ့မှုတွေကျတော့ ဘယ်ကစပြုပြင်တည်ဆောက်ရမယ်ဆိုတာ မသိနိုင်တော့ဘူး။ နေရာတိုင်းမှာ ပရမ်းပတာပျက်စီးနေတဲ့ အပျက်အစီးတွေကို တစ်ခုချင်း လိုက်ကောက်ပြီး တစ်စချင်း ပြန်စု ပြီး အသစ်လုပ်ဖို့က အင်မတန်ခက်ပါလိမ့်မယ်။

ဆက်လက်ဖတ်ရှုရန် ...

PPST အဖွဲ့မှ KNU နုတ်ထွက်ခြင်းကို ယာယီဆိုင်းငံ့ထား  

ရန်ကုန်

ငြိမ်းချမ်းရေးလုပ်ငန်းဦးဆောင်အဖွဲ့ PPST မှ ကရင်အမျိုးသားအစည်းအရုံး KNU အနေဖြင့် နုတ်ထွက်ရန် စာတင်ထားခြင်းကို ခွင့်မပြုဘဲ ယာယီဆိုင်းငံ့ထားရန် အပစ်ရပ် ၁ဝ ဖွဲ့ ထိပ်သီးခေါင်းဆောင်များအစည်းအ ဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ထိပ်သီးခေါင်းဆောင်များ စတုတ္ထအကြိမ် အစည်းအဝေးသည် လက်ရှိအချိန်တွင် ပထမပိုင်း ပြီးဆုံးပြီဖြစ်ကာ ဒုတိယပိုင်းကို လာမည့် နှစ်လအတွင်း ဆက်လက်ကျင်းပသွားမည် ဖြစ်သည်။ ထို့ကြောင့် KNU အဖွဲ့သည် PPST အဖွဲ့မှ နုတ်ထွက်ရန်တင်ထားသည့် နုတ်ထွက် စာနှင့် စပ်လျဉ်း၍ လာမည့်အစည်းအဝေးတွင် သာ ဆွေးနွေးရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...