HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တရုတ် သံအမတ်ကြီးနှင့် မြန်မာမီဒီယာများ တွေ့ဆုံပွဲတွင် OBOR ၊ မြစ်ဆုံစီမံကိန်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့

ရန်ကုန်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် မြန်မာမီဒီယာများတွေ့ဆုံပွဲတွင် ရပ်ဝန်းနှင့်ပိုးလမ်းမ(OBOR)စီမံကိန်း၊ မြစ်ဆုံစီမံကိန်းဆိုင်ရာကိစ္စများ စသည်တို့ကို အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အဆိုပါပွဲကို တက် ရောက်ခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုပြန်ကြားရေးကော်မတီအတွင်း ရေးမှူးလည်းဖြစ်၊ ဒီလှိုင်းဂျာနယ်အယ်ဒီတာချုပ်လည်းဖြစ်သည့် မုံရွာအောင်ရှင်က ရန်ကုန် တိုင်းမ်ဂျာနယ်ကို ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

၂ဝ၂ဝ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိစေရန် သမ္မတ တိုက်တွန်းထား

ရန်ကုန်

၂ဝ၂ဝ ပြည့်နှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိသောရွေးကောက်ပွဲဖြစ်စေရေး အတွက် ဆောင်ရွက်ရန် လိုအပ်ကြောင်း နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်က ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် တိုက်တွန်းပြောဆိုလိုက်သည်။  နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန် ရှိသူများနှင့် နေပြည်တော်၌ မေ ၂၁ ရက်က တွေ့ဆုံစဉ် ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထိုသို့ တွေ့ဆုံစဉ် သမ္မတက ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို စနစ်တကျ ဖွဲ့စည်းရေး၊ မဲရုံမှူးများ၊ အဖွဲ့ဝင်များကို မှန်မှန်ကန်ကန် တာဝန်ပေးရေး၊ မဲရုံများ၏ လုံခြုံရေးကို အပြည့် အဝဆောင်ရွက်ရေးတို့အတွက်လည်း လမ်း ညွှန်ပြောဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထောင်ဒဏ် အနှစ်၂ဝ ချမှတ်ခံထားရသည့် ဒေါက်တာအေးမောင်တို့ အယူခံကို ရခိုင်ပြည်နယ် တရားလွှတ်တော် ပယ်ချ  

ရန်ကုန်၊ မေ ၂၁

ထောင်ဒဏ်အ နှစ်၂ဝ ချမှတ်ခံထားရသည့် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအေးမောင်နှင့် စာရေးဆ ရာ ဝေဟင်အောင်တို့၏ အယူခံ တင်သွင်းမှုကို ရခိုင်ပြည်နယ်တ ရားလွှတ်တော်က လက်မခံဘဲပယ် ချလိုက်ကြောင်းသိရသည်။ မေ ၂၁ ရက်တွင် ရခိုင်ပြည် နယ်တရားလွှတ်တော်က ၎င်းတို့နှစ်ဦး၏ အယူခံတင်သွင်းမှုကို လက်မခံဘဲ ပလပ်လိုက်ခြင်းဖြစ်သည်။ ဒေါက်တာ အေးမောင်၏ ရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က '' ဒီနေ့အယူခံကို လက်မခံသင့်မသင့် လျှောက်လဲချက်ပေးပါတယ်။ ပြည်နယ်တ ရားလွှတ်တော်က လက်မခံဘဲပလပ် လိုက်ပါတယ်။ အမှုကကြားနာ အဆင့် တောင်မရောက်ဘူး။ ကျွန်တော်တို့အမှုတင်တာ အမှုကိုလက်ခံရေး အဆင့်မှာတင် ပလပ်လိုက်တာ ''ဟု မေ၂၁ ရက်က ဒီမိုကရေစီတူ ဒေး၏ မေးမြန်းမှုကိုယင်းကဲ့သို့ ဖြေကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြစ်ဆုံစီမံကိန်းအတွက် မည်သည့်အဖြေထွက်သည်ဖြစ်စေ နှစ်နိုင်ငံ အမြဲတမ်းပူးပေါင်းဆောင်ရွက်နေမည်ဟု တရုတ်သံအမတ်ကြီးပြော

ရန်ကုန်၊ မေ ၂၁- မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့်ပတ်သက်ပြီး မည်သည့်အဖြေထွက်ပါစေ တရုတ်- မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးအစဉ်အမြဲရှိနေမည်ဟု မြန်မာ နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ခေါင်းဆောင်များသာမက အစုအဖွဲ့နှင့်ပူးပေါင်းလုပ်ဆောင်ကြတတ်သူများကိုပါ ၊ သင်တန်းပေးမွေးထုတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တိုက်တွန်းပြောကြား

နေပြည်တော်၊ မေ ၂၁ - ခေါင်းဆောင် များသာမက အစုအဖွဲ့နှင့် ပူးပေါင်းလုပ် ဆောင်တတ်သူများကိုပါ သင်တန်းပေး မွေးထုတ်ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ပွဲသည် အီရန်နိုင်ငံ၏ အဆုံးသတ်ဖြစ်လာနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဆို

ဝါရှင်တန်၊ မေ ၂ဝ

အမေရိကန်သမ္မတဒေါ်နယ် ထရန့်က အီရန်နှင့် နှစ်နိုင်ငံကြား ပဋိပက္ခဖြစ်ပွားလာမည်ဆိုပါက ယင်းနိုင်ငံကို ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်သတိပေးလိုက်ကြောင်းသိရသည်။ သမ္မတထရန့်က ''တကယ်လို့ အီရန်က တိုက်ခိုက်ချင်တယ်ဆိုရင် အဲ့ဒါဟာ အီရန်ရဲ့ တရားဝင်အဆုံးသတ် ဖြစ်လာပါလိမ့်မယ်။ အမေရိကန်နိုင်ငံကို နောက်တစ်ကြိမ်ထပ်ပြီး မခြိမ်း ခြောက်ပါနဲ့'' ဟု မေ ၁၉ ရက်၌ တွစ်တာတွင် ရေးသားခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ဘိလပ်မြေစက်ရုံ စီမံကိန်း ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်ခဲ့သည့် ဦးဆောင်သူ ငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲ

ရန်ကုန်၊ မေ ၂ဝ

ပုသိမ်ကြီးမြို့နယ် ဘိလပ် မြေစက်ရုံစီမံကိန်းကို ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ခွင့်ပြုချက်မဲ့ဆန္ဒထုတ်ဖော်ခဲ့သည့်ဖြစ်စဉ်မှ ဦးဆောင်သူငါးဦးကို ငြိမ်းစုစီ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။ ဆန္ဒပြပွဲဦးဆောင်သူ ကိုကျော်မျိုး အပါအဝင်ငါးဦးကို မေ ၁၉ ရက် ညနေ ပိုင်းက အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ် ကြောင်း ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့ မှူးရဲမှူးမျိုးသက်က ဒီမိုကရေစီတူဒေးသို့ မေ၂ဝ က အတည်ပြုပြောကြားသည်။ ယင်းနှင့်ပတ်သက်ပြီး ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးမျိုးသက်က ''စုစုပေါင်း ငါးယောက်ပါ။ မနေ့က အမှုဖွင့်တရားစွဲခဲ့တာပါ''ဟု ၎င်းကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

အသေးစားအဂတိလိုက်စားမှုများ မကျဆင်းရခြင်းမှာ ဌာနတွင်းလာဘ်စားမှုများကြောင့်ဟုဆို

နေပြည်တော်၊ မေ ၂ဝ - အသေးစားအဂတိလိုက်စားမှုများ မကျဆင်းရခြင်း၏ အဓိကအကြောင်းရင်းတစ်ခုမှာ အရိုး စွဲနေသည့်ဌာနတွင်းလာဘ်စားမှုများကြောင့်ဖြစ်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကြည်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...