HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တိုက်ပွဲများ ရပ်ဆိုင်းပေးရေးနှင့် စစ်ဘေးရှောင်များကို ကူညီပေးရေးအတွက် ရခိုင်ပြည်နယ်ရှိ မြို့နယ်လေးမြို့နယ်၌ ဒေသခံများ ဆန္ဒထုတ်ဖော်တောင်းဆို

စစ်တွေ၊ မေ ၁၉

ရခိုင်ပြည်နယ် တွင်လက်ရှိ ဖြစ်ပွားနေသည့်တိုက် ပွဲများအား ရပ်ဆိုင်းပေးရန်နှင့်စစ် ဘေးရှောင်များကို ကူညီပေးရေးအတွက်ရခိုင်ပြည်နယ်ရှိ မြို့နယ် လေးမြို့နယ်၌ ဆန္ဒပြတောင်းဆိုလိုက်သည်။ ဆန္ဒပြပွဲကို စစ်တွေအပါအ ဝင်ပုဏ္ဏားကျွန်း၊ ပေါက်တောနှင့် မောင်တောမြို့နယ်များတွင် မေလ ၁၉ ရက် နေ့လယ် ၁ နာရီအချိန်၌ တစ်ပြိုင်တည်းပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ''လက်ရှိဖြစ်နေတဲ့စစ်ပွဲတွေ ကြောင့်ပြည်သူတွေ ဒုက္ခရောက် နေကြရပါတယ်။ သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ အိုးပစ်အိမ် ပစ်ထွက်ပြေးလာတဲ့ ဒုက္ခသည် တွေ အများအပြားရှိနေပါတယ်။ ဒါကြောင့် ဒီတိုက်ပွဲတွေကို နှစ် ဖက်ရပ်ဆိုင်းပေးဖို့လိုသလို ဒုက္ခ သည်တွေ နေရပ်ပြန်နိုင်အောင် လည်းတာဝန်ရှိသူတွေက စီစဉ် ပေးဖို့တောင်းဆိုချင်လို့ အခုလို ဆန္ဒပြရတာဖြစ်ပါတယ်'' ဟု စစ် တွေမြို့ဆန္ဒပြပွဲဦးဆောင်သူတစ်ဦး ဖြစ်သည့် ဒေါ်မေဖြူကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပုသိမ်ကြီး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိစစ်ပေးရန် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ တောင်းဆို၊ စီမံကိန်း အပြီးတိုင်ဖျက်သိမ်းပေးရန် ရန်ကုန်တွင် ဆန္ဒထုတ်ဖော်  

ရန်ကုန်၊ မေ ၁၉

ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ကျောက်မီးသွေး စွမ်းအင်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကို စိစစ်ဖြေရှင်းပေးရန် သမ္မတနှင့်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ တောင်းဆိုလိုက်သည်။ မေ ၁၉ ရက် ရန်ကုန်မြို့ MJN ရုံးခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အောင်သပြေရွာသားများက တောင်းဆိုခြင်းဖြစ်သည်။ ရွာသားတစ်ဦးဖြစ်သူ ဦး ကျော်ဇေယျက ''ကျွန်တော်တို့ အောင်သပြေကျေးရွာမှာ ကျေးရွာသုံးနေတဲ့ ဖွံ့ဖြိုးရေးလမ်းပေါ်မှာ ကုန်ထုတ်ကားတွေက တရားမဝင်သွားလာပြီးတော့ ကျေးရွာချင်း ဆက်လမ်းကို ကုန်ထုတ်လမ်းအ ဖြစ်သုံးဖို့ရာအတွက်ကို မြေမပေးတဲ့ပြည်သူလေးဦးကို ထောင်ချထားတယ်။ ကျေးရွာသုံးစွဲနေတဲ့ ရေတွင်းရေကန်များကိုလည်း ကုမ္ပ ဏီက ခုဟာကပိတ်ဆိုပြီးတော့အ ပိုင်စီးဖို့ ကြိုးစားလုပ်ဆောင်နေတယ်။ ကျေးရွာပိုင်ရေတွင်းရေ ကန်တွေကို သုံးစွဲခွင့်မရှိတော့ဘူး''ဟု သတင်းစာရှင်းလင်းပွဲ တွင်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရေရှည်တည်မြဲသော ငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချ NCA လမ်းကြောင်းမှ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အခြေခံပြီး တစိုက်မတ်မတ်ကြိုးစားသွားမည်ဟု KNU ဆို

ရန်ကုန်၊ မေ ၁၉

ရေရှည်တည် မြဲသောငြိမ်းချမ်းရေးရရှိရန် သန္နိဋ္ဌာန်ချထားပြီး NCA လမ်းကြောင်းမှ နိုင်ငံရေးယဉ်ကျေးမှုသစ်ကို အ ခြေခံပြီး တစိုက်မတ်မတ်ကြိုးစားမည်ဟု KNU က သတင်းထုတ် ပြန်လိုက်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး (ပထမပိုင်း)ကို မေ ၁၄ ရက်မှ ၁၈ ရက်ထိ ကျင်းပခဲ့ခြင်းနှင့်ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)က မေ ၁၉ ရက် သတင်းထုတ်ပြန်ချက်တွင် အထက်ပါအချက်ကိုလည်း ထည့်သွင်းဖော်ပြ ထားသည်။

ဆက်လက်ဖတ်ရှုရန် ...

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုဆိုင်ရာ အလုပ်အဖွဲ့တစ်ရပ် ချင်းမိုင် အစည်းအဝေးတွင် ဖွဲ့စည်း

ရန်ကုန်၊ မေ ၁၈

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အကောင်အထည်ဖော်မှုဆိုင်ရာစုဖွဲ့မှုတစ်ခု ဖွဲ့စည်းနိုင် ရေးအတွက် အလုပ်အဖွဲ့တစ်ရပ်ကို ချင်းမိုင်အစည်းအဝေးတွင် ဖွဲ့စည်းလိုက်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတုတ္ထအကြိမ်မြောက် NCA-S EAO ထိပ်သီးအစည်းအဝေး (ပထမပိုင်း)ကို မေ ၁၄ ရက်မှ ၁၈ ရက်ထိကျင်းပခဲ့ပြီး ယင်းကဲ့သို့ ဖွဲ့ စည်းလိုက်ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးတွင် ဆုံးဖြတ်ချက်ငါးရပ်ကို ချမှတ်ခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မွန် ညီညွတ်ရေးပါတီအဖြစ် မွန်နှစ်ပါတီ ပူးပေါင်းရေးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ခွင့်ပြု  

မော်လမြိုင်၊ မေ ၁၈

မွန်ပြည်နယ် အခြေစိုက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ မွန်ညီညွတ်ရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တည်ထောင်ဖွဲ့စည်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ ဒုတိယခေါင်းဆောင် နိုင်စံတင်က ပြောသည်။ အဆိုပါ မွန်နှစ်ပါတီ ပေါင်းစည်းပြီး မွန်ညီညွတ်ရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလက လျှောက်ထားခဲ့ရာ ၂ဝ၁၉ ခုနှစ်၊ မေ ၁၇ ရက်တွင် ပါတီတည်ထောင်ခွင့်ပြုကြောင်း အကြောင်းကြားခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဒုတိယခေါင်းဆောင် နိုင်စံတင်က ဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...

အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်ခွင့် ပြု

ရန်ကုန်၊ မေ ၁၈

အငြိမ်းစား ဗိုလ်ချုပ်ကြီးအချို့ ဦးဆောင်သည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက် ပြီဖြစ်ကြောင်းသိရသည်။ ''ဒီနေ့ပဲ မှတ်ပုံတင်ခွင့်ပြုလိုက်တာပါ''ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ပြောခွင့်ရ ဦးမြင့်နိုင်က ဒီမိုကရေစီတူဒေးသို့ မေ ၁၈ ရက်တွင် ပြောသည်။ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင်မှာ ဒုတိယဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးစိုးမောင်ဖြစ်ပြီး ဒုတိယ ခေါင်းဆောင်မှာ ဦးကျော်သူဖြစ်ကြောင်း ဦးမြင့်နိုင်ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဗိုလ်ချုပ်ကြေးရုပ် နောက်ဆက်တွဲပြဿနာများကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါ ထိခိုက်ဟု KNPP ဆို  

ရန်ကုန်၊ မေ ၁၇

ဗိုလ်ချုပ်ကြေးရုပ်အရေး နောက်ဆက်တွဲပြဿနာ များကြောင့် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုပါထိခိုက်စေကြောင်း (KNPP) က ပြောကြားလိုက်သည်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကိစ္စ ဖြေရှင်းရေးအတွက် ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ကရင်နီလူငယ်ထုအကြား ညှိနှိုင်း အစည်းအဝေးတစ်ရပ်ကို မေ ၁၄ ရက်က လွိုင်ကော်မြို့တွင် ကျင်းပခဲ့ ပြီး အဆိုပါအစည်းအဝေး၌ ကယားပြည်နယ်ဝန်ကြီးချုပ်အယ်ဖောင်း ရှိုက ဗိုလ်ချုပ်ကြေးရုပ်ကို လုံးဝဖယ်မပေးနိုင်ကြောင်း ပြောကြားခဲ့သည့် အတွက် ညှိနှိုင်းအစည်းအဝေးမှာ ပျက်ပြားခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

မူဆယ် ဆင်ဖြူဂိတ်တွင် တရုတ်ပြည်ဝင်ပြည်ထွက် စစ်ဆေးရေးအရာရှိက မြန်မာ ကားသမားတစ်ဦးကို မြန်မာဘက်ခြမ်းသို့ ဝင်ရောက်၍ ဆွဲခေါ်ဖမ်းဆီးရာမှ ရုန်းရင်းဆန်ခတ်ဖြစ်ပွား  

ရန်ကုန်၊ မေ ၁၇

တရုတ်ပြည်ဝင် ပြည်ထွက် စစ်ဆေးရေးအရာရှိက မြန်မာဘက်ခြမ်းသို့ ဝင်ရောက်၍ မြန်မာကားသမားတစ်ဦးကို ဆွဲ ခေါ်ဖမ်းဆီးရာမှ မူဆယ် ဆင်ဖြူ ပေါက်တွင် ရုန်းရင်းဆန်ခတ်မှုအ နည်းငယ်ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။ မေ ၁၇ရက် နံနက် ၆နာရီခွဲ တွင် မူဆယ်မြို့ ကောင်းမှုတုံ ရပ်ကွက် ဆင်ဖြူပေါက် ပြည်ဝင် ပြည်ထွက်စစ်ဆေးရေး ဂိတ်အရှေ့ ရှိ မြန်မာ-တရုတ်နယ်ခြားကျောက် တိုင်အနီး၊ တရုတ်ဘက်မှ မြန်မာ ဘက်သို့ ဝင်ရောက်သည့် မြန်မာ ဘက်ခြမ်း ကားလမ်းကြောင်းပေါ် ၌ တရုတ်နိုင်ငံသို့ အဝင်မခံသည့် ကားနှစ်စီး ခေတ္တရပ်နားကာ စကား ပြောဆိုနေစဉ် တရုတ်ပြည်ဝင်ပြည် ထွက် စစ်ဆေးရေးအရာရှိမှ မြန်မာ ဘက်ခြမ်းသို့ဝင်ရောက်၍ မြန်မာ ကားသမားတစ်ဦးကို ဆွဲခေါ်ရာမှ ယင်းသို့ရုန်းရင်းဆန်ခတ်မှု အနည်း ငယ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါ မြန်မာယာဉ်မောင်းကို အနီးရှိပြည် သူအချို့က ပြန်လည်ဆွဲခေါ်နိုင်ခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...