HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တိုင်းပြည်အတွက် အကောင်းဆုံးပေးဆပ်သူအဖြစ် မှတ်တမ်းတင်နိုင်ရေး ကြိုးစားကြရန် အချိန်ကောင်းဟုဆို  

ရန်ကုန်၊ မေ ၁၇ 

အစိုးရနှင့် တပ်မ တော်ပါ ရုန်းကန်နေချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကလည်း တိုင်းပြည်အတွက်အကောင်းဆုံးပေးဆပ်သူများအဖြစ် မှတ်တမ်းတင်နိုင်ရေးကြိုးစားကြရန်အချိန်ကောင်းဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဦးဆောင်နာယက ခွန်ဥက္ကာက ပြောသည်။  မေ ၁၇ ရက် ထိုင်းနိုင်ငံ၊ ချင်းမိုင် တွင်ကျင်းပနေသည့် တိုင်းရင်းသားလက် နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ၏ စတုတ္ထအကြိမ်မြောက် ထိပ်သီးခေါင်း ဆောင်များအစည်းအဝေး စတုတ္ထနေ့တွင် အလှည့်ကျသဘာပတိ ခွန်ဥက္ကာက အဖွင့် မိန့်ခွန်းပြောကြားရာ အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် မပြုခြင်းမှာ NCA ကို ချိုးဖောက်ခြင်းဟုဆို  

ရန်ကုန်၊ မေ ၁၆

အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့်မပြုခြင်းမှာ NCA ကို ချိုး ဖောက်ခြင်းဖြစ်ဟု ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်က ပြောသည်။ မေ ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပခဲ့သည့် စတုတ္ထ အကြိမ်မြောက် NCA- SEAO ထိပ်သီးအစည်းအဝေး၊ တတိယ နေ့တွင် အလှည့်ကျသဘာပတိ ဖြစ်သည့် ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) ဒုဥက္ကဋ္ဌ ခိုင်စိုး နိုင်အောင်က မိန့်ခွန်းပြောကြား ရာ၌ အထက်ပါအတိုင်းထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အဂတိဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်း ကျေးလက်လမ်းဦးစီးဌာနမှ ဌာနခွဲစာရေးမကို အမှုနှစ်ခုအတွက် အလုပ်နှင့်ထောင်ဒဏ် လေးနှစ်ချမှတ်

မန္တလေး၊ မေ ၁၆

အဂတိဖြင့် တရားစွဲဆိုခံထားရသည့် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ ဖြိုးရေးဦးစီးဌာနမှ ဌာနခွဲစာရေးမ ကို မေ ၁၆ ရက်နံနက်ပိုင်းက အ ဂတိလိုက်စားကြောင်းပေါ်ပေါက် သဖြင့် မန္တလေးတိုင်းဒေသကြီးတ ရားလွှတ်တော်ရုံးက အမှုနှစ်ခုအ တွက်အလုပ်နှင့်ထောင်ဒဏ် လေး နှစ်ချမှတ်ခဲ့ကြောင်းသိရသည်။ ''ဒီနေ့ကဌာနခွဲစာရေးမကို အပြီးသတ်အမိန့်ချတာပါ။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆နှင့် ၆၃အရပေါ်ပေါက်လို့ အမှုတစ်ခုချင်းစီအတွက် အလုပ် နဲ့ထောင်ဒဏ် နှစ်နှစ်စီကိုသီးခြား ချခံစေဖို့အမိန့်ချတာပါ။ ဒီအမှုမှာ တရားလိုနဲ့လိုပြသက်သေ ၁၇ဦးကို စစ်ဆေးခဲ့တယ်။ တိမ်းရှောင်နေတဲ့ တိုင်းဦးစီးကိုလည်း ဖမ်းဆီးရမိဖို့ ဝရမ်းထုတ်ထားတယ်''ဟု တိုင်းဒေ သကြီးတရားလွှတ်တော်ရုံးမှတာ ဝန်ရှိသူတစ်ဦးကပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မိတ္ထီလာ ရဲစခန်းဝင်းတွင် ရဲအုပ်နှင့် ဇနီးဖြစ်သူ သေနတ်ဒဏ်ရာဖြင့် သေဆုံး

ရန်ကုန်၊ မေ ၁၆

မိတ္ထီလာ မြို့မရဲစခန်း အိမ်ထောင်သည် လိုင်းခန်းတွင် ရဲအုပ်နှင့်ဇနီး ဖြစ်သူတို့မှာ သေနတ်ဒဏ်ရာဖြင့် သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့သည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီ လာမြို့မရဲစခန်းဝင်းအတွင်းရှိ နှစ်ထပ်ဆောင် အရာရှိတိုက်ခန်း အပေါ်ထပ် အိမ်ခန်းရှေ့တွင် မေ ၁၆ ရက် နံနက် ၆ နာရီ ကျော်ခန့်က ရဲအုပ်အဆင့်ရှိသူ တစ်ဦးနှင့် ¤င်း၏ဇနီးတို့ သေ နတ်ဒဏ်ရာများဖြင့် လဲကျသေ ဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း မိတ္ထီလာမြို့မရဲစခန်းထံမှ စုံစမ်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လွတ်ငြိမ်းချမ်းသာခွင့်နှင့် နောက်ကွယ်မှ ဂယက်များ  

ရန်ကုန်

'' မိုးအောင်ရင် လို လွတ်မြောက်ရေး ... တို့အရေး ...တို့အရေး''

''ရိုက်ထား၊ ရိုက်ထား။ ဟိုဘက်က မီး လင်းနေတဲ့ ဓာတ်တိုင်ဘက်ကိုရိုက်ထား''ဆိုတဲ့ စကားသံများနှင့်အတူ အော်ဟစ်ဆူညံနေသည့် လူအုပ်ကြီးပုံကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှ တစ်ဆင့် Live လွှင့်ပြသခဲ့သည့် မြင်ကွင်းက ပြည်သူများအတွက် အံ့သြစရာပင်ဖြစ်နေသည်။

ဆက်လက်ဖတ်ရှုရန် ...

NCA လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်ကျော် ကာလအတွင်း ထင်သာမြင်သာသည့် တိုးတက်မှု မရရှိသေး

ရန်ကုန်

NCA လက်မှတ်ရေးထိုးခဲ့သည့် သုံးနှစ်ကျော်ကာလအတွင်း ထင်သာမြင်သာသည့် တိုးတက်မှုကို မရရှိသေးကြောင်း PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။ ၎င်းအနေဖြင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ကျင်းပသော လေးကြိမ်မြောက် NCA- S EAO ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးတွင် ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မလေးရှားရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်နေသူများကို ဖမ်းမိ ARSA အဖွဲ့ကို ထောက်ခံသူတစ်ဦး ပါဝင်

ရန်ကုန်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် စီစဉ်သူများကို ဖမ်းဆီးရမိခဲ့ပြီး ထိုအထဲမှ နှစ်ဦးမှာ ဘင်္ဂါလီများ ဖြစ်ကာ ARSA အဖွဲ့အား ထောက်ခံနေသူ ပါဝင်ကြောင်း မလေးရှားနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဘာတောက မေ ၁၃ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ကြောင်း The Straits Times  သတင်းဌာနတွင် ပြော ပြထားသည်။ 

ဆက်လက်ဖတ်ရှုရန် ...

IDP စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် ဆောင်ရွက်နေသည့်ကိစ္စ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ကုလကိုယ်စားလှယ် ဆွေးနွေးခဲ့

ရန်ကုန်

အစိုးရမှ ဆောင်ရွက်နေသည့် IDP  စခန်းများ ပိတ်သိမ်းရေး အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်ရေးကိစ္စများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူသားချင်းစာနာထောက်ထားမှုရေးရာ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး မစ္စအာဆူလာမူလာနှင့် တွေ့ဆုံစဉ် ဆွေးနွေး ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာရောက် ရှိနေသည့် ¤င်း၏ခရီးစဉ်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...