HIGHLIGHT NEWS
Main menu

Political News [-- နိုင်ငံရေးသတင်းများ --]

အစိုးရတစ်ရပ်ဖြစ်လာလျှင် ယခင်အစိုးရအဆက်ဆက်၏ ကောင်းမွေဆိုးမွေကို ခံရမည်ဖြစ်ပြီး ယခင်အစိုးရ အဆက်ဆက်၏ ဆိုးမွေများကိုသာ လက်ညှိုးထိုးနေခြင်းမျိုး မဟုတ်ဘဲ ကောင်းမွေများကိုလည်း ပြောသင့်ဟုဆို  

မကွေး၊ ဇွန် ၎

အစိုးရတစ်ရပ် ဖြစ်လာလျှင် ယခင်အစိုးရအဆက်ဆက်၏ ကောင်းမွေဆိုးမွေခံရမည် ဖြစ်ပြီး ယခင်အစိုးရအဆက်ဆက်၏ဆိုးမွေများကြီး လက်ညှိုးထိုးနေ ခြင်းမျိုးမဟုတ်ဘဲ ကောင်းမွေများကိုလည်း ပြောသင့်သည်ဟု မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆို ခွင့်ရှိသူ ဦးအောင်နိုင်လင်းကပြောကြားသည်။ ဇွန် ၄ ရက်နံနက် ၁ဝ နာရီက မကွေးတိုင်းဒေသကြီးပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောရေးဆိုခွင့်ရှိသူ ဦး အောင်နိုင်လင်းက ယင်းကဲ့သို့ပြော ကြားခဲ့ခြင်းဖြစ်သည်။ 

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော ကုလဆုံးဖြတ်ချက်အချို့ကို သဘောမတူဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆို

ရန်ကုန်၊ ဇွန် ၎

မြန်မာနိုင်ငံအ ပေါ်ချမှတ်ထားသော ကုလသမဂ္ဂ၏ဆုံးဖြတ်ချက်အချို့ကို သဘောမတူကြောင်း နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။ ဇွန် ၃ ရက် Prague မြို့တွင် ပြုလုပ်သည့် ချက်သမ္မတနိုင်ငံဝန် ကြီးချုပ် Andrej Babis နှင့် ပူးတွဲ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသွားသည်ဟုလည်း VOA သတင်း ဌာန၏ဖော်ပြချက်အရ သိရသည်။ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းရင်းသား ပဋိပက္ခဖြစ်စဉ်နှင့်ပတ်သက် ပြီး နိုင်ငံတကာအနေဖြင့် လူမှုအသိုင်းအဝိုင်းများအကြား စိတ်ဝမ်းကွဲ အောင်မလုပ်ရန်လည်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ပြောဆိုလိုက်ကြောင်း   VOA သတင်းဌာနတွင်ဖော်ပြသည်။

ဆက်လက်ဖတ်ရှုရန် ...

နိုင်ငံတော် အကြည်ညို ပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံရသည့် ဦးဝီရသူကို ဖမ်းဝရမ်း ထပ်မံထုတ်

ရန်ကုန်၊ ဇွန် ၄ 

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံရသည့် ဦးဝီရသူကို ဖမ်းဝရမ်း ထပ်မံထုတ်လိုက်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီး မဟာ အောင်မြေမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ် ဇော်ဝေလင်းက ဇွန် ၄ ရက်တွင် ဦးဝီရသူကို ဖမ်းမိခြင်းမရှိခဲ့သဖြင့် ဝရမ်းပြန်သွင်းခဲ့ပြီး မူလဖွင့်ထားသည့် ရာဇဝတ်ကြီးအမှုအမှတ်(၄၇/ ၂ဝ၁၉) ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ အရ ရာဇဝတ်အထွေထွေအမှု အမှတ် (၃၉/၂ဝ၁၉) ပြောင်းလဲဖွင့်လှစ်ကာ ဝရမ်းထပ်မံထုတ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင်တရားရုံး၊ သတင်းပြန်ကြားရေးအရာရှိ ဒုတိယ ခရိုင်တရားသူကြီး ဦးမင်းသန့်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြစ်ဒဏ်မစေ့မီ ခံဝန်ဖြင့် လွှတ်ပေးခြင်း စနစ် ကျင့်သုံးရန် စီစဉ်နေ  

နေပြည်တော်၊ ဇွန် ၃

ထောင်ကျ ပြစ်ဒဏ်မစေ့မီ ပြင်ပတွင် ကောင်းမွန်စွာနေထိုင်မည်ဟူသောကတိ ခံဝန်ချက်ဖြင့် လွှတ်ပေးခြင်းစနစ်ကို ကျင့်သုံးရန် စီစဉ်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။ ဇွန် ၃ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ဒဂုံမြို့ သစ်(မြောက်ပိုင်း)ကိုယ်စားလှယ်ဒေါက်တာဦးခင်မောင်မောင်က မြန်မာနိုင်ငံအကျဉ်းထောင်များတွင် နိုင်ငံခြားတိုင်းပြည်များ၌ ကျင့် သုံးလျက်ရှိသော Prole System ကျင့်သုံးရန်ရှိ၊ မရှိ မေးမြန်းမှုအပေါ် ပြည်ထဲရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခဲ့သည့် ကရင်နီလူငယ်ခြောက်ဦးအနက် တစ်ဦးကို ဖရူဆိုမြို့တွင် ဖမ်းမိ  

ရန်ကုန်၊ ဇွန် ၃ 

လွိုင်ကော်မြို့ တွင် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ ကန့်ကွက်ခဲ့မှုကြောင့် အမှုဖွင့်ခံထားရသည့် ကရင်နီလူငယ်ခြောက်ဦးအနက် တစ်ဦးကို ဖရူဆိုမြို့တွင် ဖမ်းမိခဲ့ကြောင်း သိရသည်။ ကရင်နီလူငယ် ခူကြူးဖဲကေး (ခ)ဂူးဂူး (၂၃)နှစ်ကို ကယားပြည် နယ် ဖရူဆိုမြို့တွင် ဇွန် ၂ ရက် ည ၈ နာရီခန့်က ရဲတပ်ဖွဲ့မှ ဖမ်း ဆီးလိုက်ခြင်းဖြစ်ကြောင်း လွိုင်ကော် မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ဒီမိုကရေစီတူဒေးသတင်းစာသို့ ဇွန် ၃ ရက်က အတည်ပြုပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေသတွင်း ပြဿနာစရှာ၊ သေနတ်စဖောက်တဲ့အဖွဲ့က ကျွန်တော်တို့အဖွဲ့ မဖြစ်စေရဘူးဟု UWSA ပြောခွင့်ရဆို  

ရန်ကုန်၊ ဇွန် ၃

UWSA အနေဖြင့် မည်သည့်အခါမှ ပြဿနာ စရှာမည်မဟုတ်ကြောင်း ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းက ပြောကြားသည်။   ''ဒေသတွင်း ပြဿနာစရှာ၊ သေနတ်စဖောက်တဲ့အဖွဲ့က ကျွန် တော်တို့အဖွဲ့ မဖြစ်စေရဘူး''ဟု ၎င်းင်းက ဇွန် ၃ ရက်တွင် ဒီမိုကရေစီ တူဒေးသို့ပြောသည်။ ''ဝ'' ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ နှစ်သုံးဆယ်ပြည့်အခမ်းအနား၌ စစ်ရေးပြအခမ်းအနားထည့်သွင်း ကျင်းပရာတွင် စစ်လက်နက်ပစ္စည်းများကိုပါ ထုတ်ပြခဲ့ခြင်းသည် စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်ထူထောင်သည့်သဘော ဖြစ်ကာ အစွမ်းကုန်သည်းခံထားရကြောင်း တပ်မတော်သတင်းမှန် ပြန် ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ဇွန်၂ ရက်၊ တပ်မတော် သတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လီဆူတိုင်းရင်းသားများအပေါ် အနိုင်ကျင့် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်သည်ဟုဆိုကာ KIA/ KIO လက်နက်ကိုင်အဖွဲ့အား မြစ်ကြီးနား၌ လူအင်အား ၂ဝဝဝ ကျော် ဆန့်ကျင်ရှုတ်ချ

မြစ်ကြီးနား၊ ဇွန် ၃

လီဆူတိုင်းရင်းသားများအပေါ် KIA / KIO လက်နက်ကိုင်အဖွဲ့က မတရားဖမ်းဆီးနှိပ်စက်ညှဉ်းပန်း သတ်ဖြတ်သည်ဟုဆိုကာ ဆန့်ကျင်ရှုတ်ချသည့် ဆန္ဒထုတ်ဖော်မှုကို ဇွန် ၃ ရက် နံနက် ၈ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ငြိမ်းချမ်းသာယာအားကစားကွင်း၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဆန္ဒထုတ်ဖော်ရာသို့ မြစ်ကြီးနား၊ ဝိုင်းမော်၊ ဆဒုံးနှင့် ကန်ပိုက်တည်မြို့ များမှ လီဆူတိုင်းရင်းသားများနှင့် မြန်မာပြည် (မြောက်ပိုင်း) ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ရှမ်းမျိုးနွယ်စုငါးစုမှ ရှမ်းတိုင်းရင်းသားများ စုစုပေါင်းအင်အား ၂ဝဝဝ ကျော်တက် ရောက်ဆန္ဒထုတ်ဖော်ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံး သတ်မှတ်ပေးရန် အဖွဲ့ပေါင်းတစ်ရာကျော် တောင်းဆို  

မြောက်ဦး၊ဇွန် ၂ 

မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် အဖွဲ့အစည်း ပေါင်းတစ်ရာကျော်က တောင်းဆိုလိုက်သည်။ ဇွန် ၂ရက်၊ ရန်ကုန်မြို့၊ ဗိုလ် တထောင်ဘုရားလမ်းရှိ၊ ရာမခ ရစ်သျှနာခန်းမတွင်ကျင်းပသည့် ''ရခိုင်အရေးသည် ပြည်ထောင်စု အရေးဖြစ်သည်'' ငြိမ်းချမ်းရေး စကားဝိုင်း ဆွေးနွေးပွဲမှထုတ်ပြန် ချက်ထုတ်ကာယင်းကဲ့သို့ တောင်းဆိုလိုက်ခြင်းဖြစ်သည်။ ကျောက်ဆစ်လက်ရာ၊ ကျောက် ဖြင့်တည်ဆောက်ထားသည့် ဘုရားပုထိုးတော်များသည် မြန်မာနိုင်ငံတွင် မြောက်ဦးတစ်ခုတည်း၌သာရှိကြောင်း မြန်မာနိုင်ငံရှေးဟောင်း သုတေသနပညာအသင်း၏ ဗဟိုအလုပ်မှုဆောင်တစ်ဦးဖြစ်သည့် ဒေါ်ဥမ္မာမျိုးကဆိုသည်။

ဆက်လက်ဖတ်ရှုရန် ...