HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြင်ပလေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေ  

မကွေး

ပြင်ပလေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် လေ့လာဆန်းစစ်တွေ့ရှိချက် အရသိရကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည်။  ဇွန် ၅ ရက်နံနက် ၈ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် စွမ်းဆောင်ရည်မြင့်မားစေရန် ဧရာဝတီတိုင်းဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရာအိမ်မှူးများကို သင်တန်းပို့ချမည်  

ပုသိမ်

အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် စွမ်း ဆောင်ရည်မြင့်မားလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ် စုများမှ ရာအိမ်မှူးများကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင် တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လတတိယပတ်တွင် တိုင်း ဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ရာအိမ်မှူး ၁၆ဝ၉ဝ ကို သင်တန်းပို့ချနိုင်ရန် စီစဉ်ထားပြီး သင်တန်းတွင် ရဲတပ်ဖွဲ့၊ လူဝင် မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေ စာရင်း ဦးစီးဌာနနှင့်ဥပဒေရုံးတို့မှ သိသင့်သိထိုက်သည်များကို ထုတ်နုတ်၍ သင်တန်းများပို့ချသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ဇွန် ၁၂ ရက်တွင် ကျင်းပမည်  

မော်လမြိုင်၊ ဇွန် ၅

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအ စည်းအဝေး(၁/၂ဝ၁၉)ကို ဇွန် ၁၂ ရက်မှစတင်ကျင်းပမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များထံ မေ ၂၈ ရက်က ကြိုတင်ဖိတ်ကြား ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက မေ ၃၁ ရက်တွင် ပြောကြားသည်။ ''အထူးအစည်းအဝေးခေါ် မယ်ဆိုရင် ၁၅ ရက်ကြိုတင်အ ကြောင်းကြားရမယ်ဆိုလို့ လွှတ် တော်ကိုယ်စားလှယ်တွေကို မေ ၂၈ ရက်ကတည်းက အကြောင်း ကြားထားပြီးဖြစ်ပါတယ်''ဟု ဒေါ် တင်အိကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင် မြို့နယ်ငါးခုတွင် စစ်ဘေးရှောင်စခန်းများ ဆောက်လုပ်ရန် ပြည်နယ် အစိုးရစီစဉ်  

စစ်တွေ၊ ဇွန် ၅

ရခိုင်ပြည်နယ် ရှိ မြို့နယ်ငါးခုတွင် စစ်ဘေးရှောင် စခန်းများဆောက်လုပ်ရန် ပြည် နယ်အစိုးရက စီစဉ်နေကြောင်း သိရသည်။ အဆိုပါစခန်းများကို ဘူးသီး တောင်မြို့နယ်တွင် မြောင်းနားကျေး ရွာနှင့် အထက် ကျွဲချိုမော်ကျေး ရွာ၊ ရသေ့တောင်မြို့နယ်တွင် သောင်း ဒရားကျေးရွာနှင့် ရွာသစ်ကေကျေး ရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အထက် မြတ်လှဲကျေးရွာနှင့် သာစည်ကျေး ရွာ၊ မြောက်ဦးမြို့နယ်တွင် တိမ်ညို ကျေးရွာနှင့် ထမ္မာရာဇ်မြို့သစ်ရပ် ကွက်၊ မင်းပြားမြို့နယ်တွင် နဒင် ကျေးရွာတို့၌ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းတိုင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံမည့် စီမံကိန်းများ လေထုနှင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်စေရေး သေချာကြပ်မတ်ပြီးမှ ခွင့်ပြုမည်ဟု တိုင်းဒေသကြီးဝန်ကြီးချုပ်ပြော

စစ်ကိုင်း၊ ဇွန် ၅

စစ်ကိုင်း တိုင်းဒေသကြီးအတွင်း လာ ရောက်ရင်းနှီးမြှုပ်နှံကြမည့် စီမံကိန်း၊ အလုပ်ရုံနှင့်စက်ရုံများ လေထုနှင့် ပတ်ဝန်းကျင်ညစ် ညမ်းမှု မဖြစ်စေရေးအတွက် နည်းပညာများ အသုံးပြုကာ တာဝန်ယူမှုများကို သေချာစိစစ် ကြပ်မတ်ပြီးမှသာ ခွင့်ပြုသွား မည်ဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင် က ပြောကြားသည်။ ဇွန် ၅ တွင် ကျရောက် သော ကမ္ဘာ့ပတ်ဝန့်ကျင်ထိန်း သိမ်းရေးနေ့ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီး ချုပ်က ယင်းကဲ့သို့ ပြောကြား ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးရွာသွန်းပြီးနောက် ပွင့်ဖြူမြို့နယ် ရိုးကုန်းကျေးရွာရှိ အိမ်ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ်လာခဲ့သောကြောင့် ဒေသခံများစိုးရိမ်  

ပွင့်ဖြူ၊ဇွန် ၅ 

မုန်းချောင်းကမ်း ပါးနှင့်ပေ ၇ဝဝခန့်အကွာရှိ မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် ရွှေ လှေကျေးရွာအုပ်စု ရိုးကုန်းကျေး ရွာ၌ဇွန် ၂ ရက်၊ ညနေပိုင်းကမိုး ရွာသွန်းပြီးနောက် ကျေးရွာရှိအိမ် ခြေ ၂ဝခန့်၏ အိမ်ဝိုင်းများအတွင်း မြေအက်ကြောင်းကြီးများ ဖြစ်ပေါ် ခဲ့ကြောင်းသိရသည်။ ''ဇွန်၂ဝရက် ညနေ၅နာရီက နေည ၉ နာရီအထိ မိုးသည်းထန် စွာရွာသွန်းခဲ့တယ်။ မိုးရွာပြီးနောက် ပိုင်းမှာတော့ အိမ်ခြေ ၂ဝနီးပါးရဲ့ အိမ်ဝိုင်းတွေမှာမြေကြီးတွေကွဲ အက်ပြီး အက်ကြောင်းတွေဖြစ်ပေါ် လာတယ်''ဟု ရွှေလှေကျေးရွာအုပ် စု ကျေးရွာအုပ်ချုပ်ရေးရုံးမှစာရေး ဦးရာဇာကျော်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တူမီးသေနတ်ဖြင့်ပစ်ခတ်၍ လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ  

မြဝတီ ဇွန် ၎

ကရင်ပြည်နယ် မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တူမီးသေနတ် ဖြင့်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခုဖြစ် ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေး ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီက တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသဖြင့် သင်္ဃန်း ညီနောင်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးကျော်နှင့်ရဲတပ်ဖွဲ့ဝင် များသည် ရွှေကုက္ကိုလ်မြိုင်နှင့် သင်္ဃန်း ညီနောင်ကျေးရွာတို့မှ တာဝန်ရှိသူများလိုက်ပါ၍ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အခင်းဖြစ်သည့် တောင်ယာတဲနေ ရာ၌ ရေတံခွန်ကျေးရွာနေ စောဖား သာထီး(၅၅)နှစ်သည် သေနတ်ဒဏ်ရာလေးချက်ရရှိကာ ၎င်းင်း၏ တောင်ယာတဲအတွင်း ပက်လက် အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ရှိရပြီးအဆိုပါတဲနှင့် မလှမ်း မကမ်းရှိ တဲတစ်လုံးတွင်လည်း ဦးမောင်ညာဆိုသူမှာ သေနတ်ဒဏ် ရာရရှိထားကြောင်းနှင့် အဆိုပါတဲ ၏ အရှေ့ဘက်ကိုက် ၂ဝဝ ခန့် အကွာရှိ တောင်ယာတဲဘေးအနီး ပက်လက်ကုလားထိုင်ပေါ်၌ စော ဖုဒီး(ခ)လူပျိုကြီးဆိုသူမှာ ဦးခေါင်း ပွင့်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြေပုံမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွား  

မြေပုံ၊ ဇွန် ၎

မြေပုံမြို့နယ်တွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ရခိုင်ပြည်နယ် မြေ ပုံမြို့နယ် ချောင်းကြီးကျေးရွာအုပ် စု ကံ့ကော်ချောင်း ကျေးရွာအနီး ရန်ကုန်-စစ်တွေ ကားလမ်းဘေး ဘယ်ညာနှစ်ဖက်တွင် ဇွန် ၄ ရက် နံနက်ပိုင်းက မြေမြှုပ်မိုင်းနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြေ ပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံ စမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...