HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အာမခံငွေကျပ် ၁၅ သိန်းကို ကိုရီးယားပြန်များအား လာမည့်အပတ်မှစ၍ ပြန်ပေးမည်

အာမခံငွေကျပ် ၁၅ သိန်းကို ကိုရီးယားပြန်များအား လာမည့်အပတ်မှစ၍ ပြန်ပေးမည်

ရန်ကုန်၊ ဧပြီ ၂၇- လုပ်ငန်းစဉ် အပြောင်းအလဲကြောင့် အချိန်ကြန့် ကြာသွားခဲ့ရသည့် ကိုရီးယားပြန်များ အစိုးရထံပေးသွင်းထားသော အာ မခံကြေးငွေ ကျပ်၁၅သိန်းကို လာမည့် အပတ်မှစ၍ ထုတ်ပေးမည်ဖြစ် ကြောင်း သိရသည်။

လာမည့် ဧပြီ ၂၉ ရက်မှစ၍ မရမ်းကုန်းမြို့နယ်ရှိ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ အစိုးရပြည်ပ အလုပ်အကိုင်အေဂျင်စီရုံးတွင် ထုတ် ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးခင်မောင် သွင်က ဧပြီ ၂၇ရက်ကလှိုင်သာယာ တွင်ပြုလုပ်သည့် အလုပ်အကိုင်ပြပွဲ ၌ ပြောသည်။

''ထုတ်ပေးဖို့ခွင့်ပြုချက်က ၂၆ ရက်က ကျတယ်။ ဒီနေ့နဲ့ မနက်ဖြန် က ဘဏ်ပိတ်တာမို့ တနင်္လာနေ့က စပြီးထုတ်ပေးမယ်။ တစ်နေ့ကို လူ တစ်ရာလောက်တော့ ရအောင်ထုတ် ပေးသွားမယ်။ လူ၁ဝဝ လောက်ပဲ ထုတ်ပေးနိုင်တယ်ဆိုတာက သူတို့ ရဲ့ပတ်စ်ပို့၊ မှတ်ပုံတင်၊ သွားခဲ့တဲ့ ခုနှစ်၊ အလုပ်အကိုင် အဲဒီအချက် အလက်တွေကို မှန် မမှန် စစ်ပြီးမှ ထုတ်ပေးလို့ ရတာဖြစ်တဲ့အတွက် ဘဏ်ပိတ်ချိန်နဲ့ဆိုရင် တစ်ပြိုင်တည်း လူအများကြီး မပြီးနိုင်ဘူး။ အဲ့ဒါ ကြောင့်ပြီးသလောက်ပေါ့ တစ်နေ့ ကို လူ၁ဝဝလောက်တော့ရအောင် ထုတ်ပေးသွားမှာဖြစ်ပါတယ်''ဟု တိုင်းဦးစီးမှူး ဦးခင်မောင်သွင်က ပြောသည်။

အာမခံကြေးငွေများ ပြန်လည် ထုတ်ပေးရမည့် အရေအတွက်မှာ လူဦးရေ ၄ဝဝကျော်ရှိကြောင်း၊ အာ မခံကြေးလာရောက် ထုတ်ယူသူများ ကြန့်ကြာမှုမရှိစေရန် လူဦးရေထောင် ချီအတွက် ခွင့်ပြုချက်ရရှိအောင် ကြို တင်ပြင်ဆင်ထားကြောင်း အလုပ် သမားညွှန်ကြားရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဝင်းရှိန်က ဧပြီ ၂၇ရက်တွင်ပြောသည်။

''ဌာနဘက်က ပြန်လာဖို့မှန်း လိုက်တဲ့အရေအတွက်က နည်းပြီး ပြန်လာတဲ့အရေအတွက်က များ သွားတဲ့အတွက်ရယ် လုပ်ငန်းစဉ်အ ပြောင်းအလဲကြောင့် အခုလိုတွေ ဖြစ်သွားရတာပါ။ အဲဒီအပေါ်မှာ အချိန်ကြာလို့ ပြောနေတဲ့ကလေး တွေကိုလည်း ကိုယ်ချင်းစာပါတယ်။ ဒါကြောင့် ထပ်ပြီးပြန်လာမယ့်ကလေး တွေ အဲဒီလိုအချိန်မစောင့်ရအောင် လို့ ရသုံးငွေစာရင်းကို အခုထုတ်မယ့် အရေအတွက်နဲ့ ထပ်ပြီးပြန်လာနိုင် တဲ့အရေအတွက်အတွက် လူဦးရေ ၁ဝဝဝ ကျော်စာအတွက် ခွင့်ပြုချက် ရရှိထားတယ်''ဟု ဦးဝင်းရှိန်က ပြော သည်။

ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန် ရက်စာမျက်နှာများတွင် တောင်ကို ရီးယားနိုင်ငံမှ လုပ်သက်နှစ်ပြည့် သဖြင့် ပြန်လာသည့်လုပ်သားအချို့ က ¤င်းတို့ပေးသွင်းခဲ့ရသည့်အာ မခံကြေးငွေကို ပြန်လည်ထုတ်ယူရာ အချိန်နှစ်လ၊ သုံးလကြာမြင့်သည့် တိုင် မရရှိသည့်အတွက်ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

မြန်မာလုပ်သားများအနေဖြင့် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက် မည်ဆိုပါက အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန၏ အစိုးရပြည်ပအလုပ် အကိုင် အေဂျင်စီတစ်ခုတည်းဖြင့် သာချိတ်ဆက်၍ နဏှ စနစ်ဖြင့်သွား ရောက်ရခြင်းဖြစ်သည်။ အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီသို့ လေယာဉ်လက်မှတ်ခ ၄၈၅ ဒေါ် လာ၊ ဗီဇာကြေးဒေါ်လာ ၆ဝ၊ ဝန် ဆောင်စရိတ် ကျပ်၈၅ဝဝဝနှင့် အာ မခံကြေးငွေ ကျပ် ၁၅ သိန်းပေး သွင်းရသည်။

ယင်းပေးသွင်းငွေတို့အနက် အာမခံကြေးငွေကို တောင်ကိုရီးယား နိုင်ငံမှ သတ်မှတ်စည်းကမ်းများနှင့် အညီ အလုပ်လုပ်ကိုင်ပြီးပြန်လည် ရောက်ရှိပါက အစိုးရ ပြည်ပအလုပ် အကိုင်အေဂျင်စီထံ ပြန်လည်ထုတ် ယူနိုင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဥလနမှအပေ လုပ်သားအဖြစ်ရောက် ရှိခြင်းနှင့် မြန်မာနိုင်ငံသို့ သတ်မှတ် ချိန်အတွင်း တရားဝင်ပြန်မလာပါ က ယင်းအာမခံကြေး ကျပ်၁၅သိန်း အပြင် ထပ်မံ၍ မြန်မာနိုင်ငံရှိမိသားစု မှ ကျပ်၁၅သိန်း စုစုပေါင်း ကျပ်သိန်း ၃ဝ ကို နိုင်ငံတော်သို့ ပေးလျော်ရ သည်။

လက်ရှိတွင် တောင်ကိုရီးယား နိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သား ၃၇ဝဝဝ ဝန်းကျင်ခန့်ရှိပြီး ဥလနမှအပေ ဖြစ်နေသည့် လုပ်သား၂ဝဝဝ ကျော်ရှိကြောင်းသိရသည်။

Rate this item
(0 votes)
YMG

back to top