HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဒဂုံအရှေ့တွင် ရထားလမ်းဖြတ်သော ၂၂ ဘီးတွဲကားကို မော်လမြိုင်-ရန်ကုန်အစုန်အမြန်ရထား ဝင်တိုက်မိ

ဒဂုံအရှေ့တွင် ရထားလမ်းဖြတ်သော ၂၂ ဘီးတွဲကားကို မော်လမြိုင်-ရန်ကုန်အစုန်အမြန်ရထား ဝင်တိုက်မိ

ရန်ကုန်၊ ဧပြီ ၂၇- ဒဂုံအရှေ့မြို့ နယ်တွင် ရထားလမ်းဖြတ်ကူး သည့် ၂၂ ဘီးကွန်တိန်နာတွဲကား ကို အစုန်အမြန်ရထားမှ ဝင်တိုက် မှုဖြစ်ပွားခဲ့သည်။

ရန်ကုန်တိုင်း၊ ဒဂုံအရှေ့မြို့ နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ အမှတ် ၂ လမ်း၊ သံလမ်းကွေ့ ရထားလမ်ကူးဂိတ်တွင် ဧပြီ ၂၇ ရက်၊ နံနက် ၃ နာရီ မိနစ် ၄ဝ ခန့်က မော်လမြိုင်မှရန်ကုန်သို့ သွားနေသည့် အမှတ် ၃၆ အစုန် အထူးအမြန်ရထားမှ ပဲခူးမှရန်ကုန် သို့ မောင်းလာသည့် ၂၂ ဘီး ကွန် တိန်နာတွဲယာဉ် ရထားလမ်းဖြတ် စဉ်ဝင်တိုက်မိခဲ့ကြောင်း အခင်းဖြစ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရဲနိုင် ကပြောသည်။ 

အခင်းဖြစ်မှုကြောင့် တစ်နာရီ ကျော်ကြာ လမ်းပိတ်ဆို့မှုများဖြစ် ပွားခဲ့ပြီး ရထားခေါင်းပိုင်းပိန်ခဲ့ပြီး တွဲကားဘေးပိုင်းတွင် ပျက်စီးမှု များဖြစ်ပေါ်ခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း ¤င်းက ပြောသည်။ အခင်းဖြစ်ပြီးနောက် ၂၂ ဘီးတွဲယာဉ်မောင်းမှာ ထွက် ပြေးတိမ်းရှောင်သွားခဲ့ကြောင်း ¤င်းက ဆက်လက်ပြောသည်။

လေးထောင့်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးရဲနိုင်က ''ရထား က မော်လမြိုင်ဘက်ကလာတယ်။ ရန်ကုန်ကိုသွားနေတာ။ တွဲကားက ပဲခူးဘက်ကလာတာ ကုန်သယ်ဖို့။ကားကရထားလမ်းဖြတ်တာ။ ရထား လမ်းက ဂိတ်တန်းပိတ်တာကို ဖွင့် ဝင်တယ်။ လွတ်မယ်အထင်နဲ့။ ရ ထားလမ်းပေါ်ရောက်မှ သံလမ်း တည့်တည့်မှာ ကားကစက်သေ သွားတယ်။ အဲဒီမှာ ရထားလမ်းပေါ် ကန့်လန့်ဖြစ်နေတယ်။ မီးရထား ကို မီးနီပြသော်လည်း အမြန်ဆိုတော့ အရှိန်ကပါလာတော့ တိုက်မိသွား တာ။ ကားကဘာဖြစ်သွားလဲ မသိ ဘူး။ ၂၂ ဘီးတွဲကားယာဉ်မောင်း ကထွက်ပြေးသွားတယ်''ဟု ဒီမိုက ရေစီတူဒေးသို့ ဧပြီ ၂၇ ရက်တွင် ပြောသည်။

ဧပြီ ၂၇ ရက်၊ ညနေ ၅ နာရီ ကျော်အထိ ၂၂ ဘီး တွဲယာဉ်မှာ ရထားလမ်းဘေးတွင်ရှိပြီး မည်သူ မျှ လာမယူသေးကြောင်း ¤င်းက ပြောသည်။

''အမှတ် ၂ လမ်းမှာ ကန့်လန့် ခံနေတော့ ယာဉ်လမ်းက တစ်နာရီ ကျော်လောက်ပိတ်သွားတာပေါ့။ ကရိန်းနဲ့ ကားကိုရွှေ့ပြီးမှ ထွက်လို့ ရတယ်''ဟု ¤င်းက ဆက်လက် ပြောသည်။ 

Rate this item
(0 votes)
YMG

back to top