HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဟားခါးမြို့ရေရရှိရေး ဆောင်ရွက်ရာတွင် လုပ်ငန်းမပြီးသည့် ကုမ္ပဏီများကို အရေးယူမည် ဟုဆို

ဟားခါးမြို့ရေရရှိရေး ဆောင်ရွက်ရာတွင် လုပ်ငန်းမပြီးသည့် ကုမ္ပဏီများကို အရေးယူမည် ဟုဆို

ဟားခါး၊ ဧပြီ ၂၈ 

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့ပေါ်နေထိုင် ကြသည့် ပြည်သူလူထုတို့ ရာသီမ ရွေးသောက်သုံးရေရရှိစေရန်၊ ချင်း ပြည်နယ်အစိုးရတာဝန်ရှိသူများမှ ဦးဆောင်၍ ရေပေးဝေရေးစီမံကိန်းကို ကုမ္ပဏီနှစ်ခုဖြင့် လုပ်ငန်း များဆောင်ရွက်ရာတွင် လုပ်ငန်းမပြီးသည့်ကုမ္ပဏီများကို အရေးယူ သွားမည်ဖြစ်ကြောင်း ပြည်နယ်ဝန် ကြီး၏ပြောကြားချက်အရ သိရသည်။

အဆိုပါစီမံကိန်းကို (၂ဝ၁၄- ၂ဝ၁၅)ဘဏ္ဍာနှစ်များမှ စတင်ကာ ငွေကျပ် ၈ ဒသမ ၈ ဘီလီယံ ဖြင့် အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ရာ စီမံကိန်းကိုရယူဆောင်ရွက်သည့် ကုမ္ပဏီနှစ်ခုမှ နှစ်နှစ် နှင့် ခြောက်လကြာမြင့်သည်အထိ ဟားခါးမြို့ ရေပေးဝေရေးဆောင်ရွက် နိုင်ခြင်းမရှိသည့်အတွက် တာဝန် ယူဆောင်ရွက်သည့်ကုမ္ပဏီများ ကို အရေးယူဆောင်ရွက်တော့ မည် ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့၊ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးထက်က ဧပြီ ၂၆ ရက်တွင်ပြောကြားခဲ့ ခြင်းဖြစ်သည်။  ''ရေပေးဝေရေးအတွက် တာဝန်ယူဆောင်ရွက်နေတဲ့ကုမ္ပဏီ အနေနဲ့ စတင်ဆောင်ရွက်ခဲ့တဲ့ အချိန်ကစလို့ အခုထိ နှစ်နှစ်ခွဲအ ချိန်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ အခု ပြည်နယ်စာရင်းစစ်အဖွဲ့နဲ့ စစ်ဆေး ရေးဆောင်ရွက်နေပါတယ်။ စစ် ဆေးရေးအဖွဲ့က တက်လာတဲ့အ တိုင်း အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီတစ်ခုက တော့ အခုချိန်ထိ လုပ်ငန်းလုပ်နေ တယ်လို့သတင်းရထားပါတယ်''ဟု ¤င်းကပြောသည်။


ယခုနွေရာသီကာလ ဟားခါး မြို့ပေါ်ရှိ ရပ်ကွက်ကြီးရှစ်ရပ်ကွက်ရှိ ပြည်သူလူထုအနေဖြင့် ဟားခါး မြို့ပေါ် ရေထွက်သည့်နေရာများမှ ရေရယူသုံးစွဲခြင်း၊ ကိုယ်ပိုင်ရေတွင်းများ တူးဖော်အသုံးပြုခြင်း၊ ရေလှောင်ကန်နှင့် ရေရရှိသည့်နေ ရာများမှရေကို ရေဘောက်ဆာ များဖြင့် ရေသယ်ယူသုံးစွဲခြင်းတို့ ဖြင့် လတ်တလောသောက်သုံးရေ အခက်အခဲကို ဖြေရှင်းနေရကြောင်း ဟားခါးမြို့ဒေသခံ ဦးသောင်းကြိုင် က ပြောသည်။ ဟားခါးမြို့ရေရရှိရေးအတွက် ဟားခါးမြို့နှင့် ထန်တလန်မြို့အ ကြားရှိ တီမြစ်မှရေပိုက်ဖြင့် ရေ လှောင်ကန်အထိ ရေသွယ်ယူမှု ဆောင်ရွက်ခြင်းဖြစ်ရာ ငွေကျပ် ၈ ဒသမ ၈ဘီလီယံဖြင့် ကုမ္ပဏီတစ် ခုမှ ဆောင်ရွက်ပြီး မြို့တွင်းရှိ ရပ် ကွက်များသို့ ရေဖြန့်ဝေခြင်းလုပ်ငန်း ကို ကုမ္ပဏီတစ်ခုမှ ငွေကျပ် ၂ ဒသမ ၉ ဘီလီယံဖြင့်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top