HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖဒိုမြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း ဖဒိုမြို့ ဗိုလ်ချုပ်အောင်ဆန်းဈေးဖွင့်ပွဲ တက်ရောက် ဖွင့်လှစ်

ဖဒို၊ ဧပြီ ၂၈

ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်စည်ပင် သာယာရေးအဖွဲ့ပိုင် ဖဒိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းဈေးဖွင့်ပွဲကို ဧပြီ ၂၈ ရက်နံနက် ၉ နာရီခွဲတွင် အဆိုပါဈေးရှေ့၌ ကျင်းပရာ ပဲခူး တိုင်းဝန်ကြီးချုပ်ဦးဝင်းသိန်း တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ဈေးတည်ဆောက်ရေး နာယက ကျောက်တံခါးမြို့၊ အမှတ် (၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးလင်းလင်းကျော်က ဈေးသစ်ကြီးတည်ဆောက်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌ၊ တာဝန်ရှိသူများက ဗိုလ်ချုပ်အောင်ဆန်းဈေးအား ဖဲကြိုးဖြတ် ဖွင့်လှစ်၍ ဗိုလ်ချုပ်ဈေးဆိုင်းဘုတ်ကို အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။ ထို့နောက် ဈေးသစ်ကြီးနှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား ဈေးတည် ဆောက်ရေးကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က မြို့နယ်စည် ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိတို့ထံ လွှဲပြောင်း ပေးအပ်ကာ သယံဇာတ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဒေါက်တာစောညိုဝင်းက ဂုဏ်ပြုမှတ် တမ်းလွှာ ပေးအပ်ပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများသည် ဈေးသစ်ကြီးအတွင်း လှည့်လည်ကြည့်ရှုကြသည်။

 

အဆိုပါ ဈေးသစ်ကြီးအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၏ ဦးဆောင်မှုဖြင့် တည် ဆောက်ရေးကော်မတီများ၊ မြို့မိ မြို့ဖများ၊ ဈေးသူ၊ ဈေးသားများ စုပေါင်းထည့်ဝင်ငွေကျပ် ၁၃၆၉၁ သိန်းဖြင့် မိုးလှိုင်တိုးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး ဈေးသစ်ကြီးအတွင်း ၁ဝ ပေပတ်လည် ဆိုင်ခန်းပေါင်း ၄ဝဝ နှင့် ရှစ်ပေပတ်လည် ဆိုင်ခန်းပေါင်း ၁၂ဝ၊ စားသောက်ဆိုင်ခန်း ၁၆ ခန်း ပါဝင်ပြီး လျှပ်စစ်မီးစနစ်တကျသွယ်တန်းထားရှိမှု၊ ရေရရှိရေး ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေး နှင့်ညီညွတ်သော မိလ္လာစနစ်ဆောင် ရွက်ထားရှိမှု၊ မီးဘေးလုံခြုံရေးစီမံ ဆောက်ရွက်ထားမှု၊ ယာဉ်ရပ်နား ရန်နေရာများ စီစဉ်ဆောင်ရွက်ထား မှုပြုလုပ်ထားကြောင်းသိရသည်။ 

MMN

#democracytoday

Rate this item
(0 votes)
back to top