HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တူမီးသေနတ်ဖြင့်ပစ်ခတ်၍ လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ  

တူမီးသေနတ်ဖြင့်ပစ်ခတ်၍ လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိ   

မြဝတီ ဇွန် ၎

ကရင်ပြည်နယ် မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေးရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တူမီးသေနတ် ဖြင့်ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိမှုတစ်ခုဖြစ် ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မြဝတီမြို့နယ် ပူလွဲပူကျေးရွာအုပ်စု ရေတံခွန်ကျေး ရွာအနောက်ဘက် နှစ်မိုင်ခန့်အကွာတွင် ဇွန် ၃ ရက် မွန်းလွဲ ၂ နာရီက တူမီးသေနတ်ဖြင့် ပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသဖြင့် သင်္ဃန်း ညီနောင်မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်မျိုးကျော်နှင့်ရဲတပ်ဖွဲ့ဝင် များသည် ရွှေကုက္ကိုလ်မြိုင်နှင့် သင်္ဃန်း ညီနောင်ကျေးရွာတို့မှ တာဝန်ရှိသူများလိုက်ပါ၍ အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အခင်းဖြစ်သည့် တောင်ယာတဲနေ ရာ၌ ရေတံခွန်ကျေးရွာနေ စောဖား သာထီး(၅၅)နှစ်သည် သေနတ်ဒဏ်ရာလေးချက်ရရှိကာ ၎င်းင်း၏ တောင်ယာတဲအတွင်း ပက်လက် အနေအထားဖြင့် သေဆုံးနေသည် ကို တွေ့ရှိရပြီးအဆိုပါတဲနှင့် မလှမ်း မကမ်းရှိ တဲတစ်လုံးတွင်လည်း ဦးမောင်ညာဆိုသူမှာ သေနတ်ဒဏ် ရာရရှိထားကြောင်းနှင့် အဆိုပါတဲ ၏ အရှေ့ဘက်ကိုက် ၂ဝဝ ခန့် အကွာရှိ တောင်ယာတဲဘေးအနီး ပက်လက်ကုလားထိုင်ပေါ်၌ စော ဖုဒီး(ခ)လူပျိုကြီးဆိုသူမှာ ဦးခေါင်း ပွင့်ဒဏ်ရာဖြင့် သေဆုံးနေသည် ကို စစ်ဆေးတွေ့ရှိခဲ့ရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အနီးဝန်းကျင်အား လိုက်လံစုံ စမ်းစစ်ဆေးရာ ဇွန် ၃ ရက် မွန်းလွဲ ပိုင်းက သေဆုံးသူ စောဖားသာထီး၏ တောင်ယာတဲနှင့် ကိုက် ၂ဝဝ ခန့်အကွာတွင် စောဖုဒီး(ခ)လူပျို ကြီးမှာ တူမီးသေနတ်တစ်လက် ကိုင်ဆောင်ထွက်သွားသည်ကို တွေ့မြင်ကြောင်း၊ ထို့နောက် သေ နတ်သံတစ်ချက် ကြားမိကြောင်း ¤င်းသေနတ်သံနှင့်အတူ သေဆုံး သူ စောဖားသာထီး၏တဲနှင့်ကိုက် ၁ဝဝ ခန့်အကွာ တောင်ယာတဲနေ ဦးမောင်ညာ(၅၇)နှစ်မှာလည်း သေ နတ်ဒဏ်ရာနှစ်ချက်ရရှိထားပြီး အသက်ရှင်လျက် ရှိနေသည်ကို တွေ့ရှိရသည်။ ယင်းအပြင် စော ဖုဒီး(ခ)လူပျိုကြီးမှာလည်း ¤င်း၏တဲအနီး ပက်လက်ကုလားထိုင် ပေါ်တွင် မှီလျက် ဦးခေါင်းပွင့် သေဆုံးနေကြောင်းနှင့် လူနှစ်ဦးကို တူမီးသေနတ်နှင့်ပစ်ပြီးလျှင် စောဖုဒီး(ခ)လူပျိုကြီး(၅၇)နှစ်မှာ သူ့ ကိုယ်သူ တူမီးသေနတ်အတိုတစ် လက်နှင့်ပစ်ခတ်သေဆုံးခြင်းဖြစ် ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး နောက် အသက်မသေဘဲ ဒဏ်ရာရရှိ ထားသူ ဦးမောင်ညာအား မြဝတီ ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။


ဖြစ်စဉ်တွင် ပက်လက်ကုလား ထိုင်ပေါ်၌သေဆုံးနေသည့် စောဖုဒီး (ခ)လူပျိုကြီး၏နံဘေးတွင် နှစ်ပေ ခန့်အရှည် တူမီးသေနတ်တစ်လက် နှင့် ¤င်း၏ယာဘက်လက်တွင် ကိုင်ဆောင်ထားသော ရှစ်လက်မ ခန့်တူမီးသေနတ်အတိုတစ်လက်၊ ယမ်းစိမ်းကော်ဘူးကြီးတစ်ဘူးနှင့် စက္ကူမီးကူးယမ်းတစ်ဘူး၊ ပလတ် စတစ်အိတ်အသေးအတွင်းထည့် ထားသော ခဲသီးရှစ်လုံးတို့အား သိမ်း ဆည်းရမိခဲ့သည်။


''သူတို့က တောထဲမှာ တောင် ယာလုပ်ကြတဲ့သူငယ်ချင်းတွေပါ။ ဖြစ်စဉ်မဖြစ်ခင်မှာ အရက်အတူတူ သောက်ကြတယ်လို့ သိရတယ်။ ကျူးလွန်သူကလည်း တောတောင်ထဲမှာ အမဲလိုက်ဖို့ တူမီးသေနတ်အရှည် တစ်လက်၊ အတိုတစ်လက် နှစ်လက် ရှိတယ်။ အရက်အတူသောက်ကြ ပြီး လူစုကွဲသွားပြီးမှ ကျူးလွန်သူ က စောဖားသာထီးကို အရင်ပစ်တယ်။ နောက် ဦးမောင်ညာကို ထပ်ပစ်တယ်။ နောက်ဆုံးတော့ သူ့တဲကိုပြန်ပြီး ပက်လက်ကုလားထိုင် ပေါ်မှာထိုင်ပြီး သူ့ကိုယ်သူပစ်ပြီး သေဆုံးသွားတယ်။ အရက်မူးပြီး စိတ်တွေကြောင် သွားတယ်လို့ သုံးသပ်ပါတယ်'' ဟု သင်္ဃန်းညီနောင် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ စောဖုဒီး(ခ)လူပျိုကြီး(၅၇)နှစ်(သေဆုံးသူ)အား သင်္ဃန်းညီနောင်ခေတ္တ စခန်းမှူး ရဲအုပ်မျိုးကျော်မှ တရားလိုပြုလုပ်တိုင်ကြားရာ သင်္ယန်းညီ နောင်ရဲစခန်းမှ (ပ)၈၁/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃ဝ၂/၃ဝ၉/ ၃ဝ၇ တို့ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

KKTM(MWD)

#democracytoday

Rate this item
(0 votes)
back to top