HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး ဇွန် ၁၂ ရက်တွင် ကျင်းပမည်  

ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အထူးအစည်းအဝေး  ဇွန် ၁၂ ရက်တွင် ကျင်းပမည်   

မော်လမြိုင်၊ ဇွန် ၅

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အထူးအ စည်းအဝေး(၁/၂ဝ၁၉)ကို ဇွန် ၁၂ ရက်မှစတင်ကျင်းပမည်ဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များထံ မေ ၂၈ ရက်က ကြိုတင်ဖိတ်ကြား ထားပြီးဖြစ်ကြောင်း မွန်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက မေ ၃၁ ရက်တွင် ပြောကြားသည်။ ''အထူးအစည်းအဝေးခေါ် မယ်ဆိုရင် ၁၅ ရက်ကြိုတင်အ ကြောင်းကြားရမယ်ဆိုလို့ လွှတ် တော်ကိုယ်စားလှယ်တွေကို မေ ၂၈ ရက်ကတည်းက အကြောင်း ကြားထားပြီးဖြစ်ပါတယ်''ဟု ဒေါ် တင်အိကပြောသည်။

''မွန်ပြည်နယ်အစိုးရဘတ် ဂျက်ဖြည့်စွက်ရန်ပုံငွေ RE ဥပဒေ ကြမ်းကို လွှတ်တော်မှာတင်ရပါ မယ်။ RE ဥပဒေကြမ်းကို လွှတ် တော်က အတည်ပြုပေးရပါမယ်။ ဒါကြောင့် ပြည်နယ်လွှတ်တော် အထူးအစည်းအဝေးခေါ်ယူရ ခြင်းဖြစ်ပါတယ်။ ဒီ RE  ဖြည့်စွက် ရန်ပုံငွေကလည်း အသုံးပြုဖို့ လေး လပဲကျန်တော့တယ်။ ဇွန်၊ ဇူလိုင်၊ သြဂုတ်လနဲ့ စက်တင်ဘာလအတွင်းမှာ အသုံးပြုရပါမယ်။ RE ဖြည့်စွက်ဘတ်ဂျက်ဥပဒေကြမ်း ကို ပြည်နယ်လွှတ်တော်က အတည် ပြုပြီးမှ သုံးစွဲလို့ရပါမယ်။ သုံးစွဲဖို့ ဆိုတာကလည်း လုပ်နေတဲ့လုပ် ငန်းတွေ ဆက်လက်လုပ်ကိုင်နိုင် အောင် ဖြည့်စွက်ခွင့်ပြုငွေချထား ပေးခြင်းဖြစ်ပါတယ်''ဟု ဒေါ်တင် အိက ပြောသည်။


''အထူးအစည်းအဝေးကို သုံးရက်မှန်းထားပါတယ်။ လွှတ်တော်အစည်းအဝေးမှာ မေးခွန်းတွေ နည်းနည်းပါးပါးပါမယ်။ အဆို တော့မပါဘူး။ လာမယ့် ၂ဝ၁၉-၂ဝ၂ဝ တစ်နှစ်လုံးအတွက် ဘတ်ဂျက်ကိုလည်း အတည်ပြုပေးရ မယ်''ဟု ဒေါ်တင်အိက ဆက်လက်ပြောကြားသည်။ ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော်အနေဖြင့် ၂ဝ၁၉ ခုနှစ် မေလ ၁ဝ ရက်အတွင်း ပုံမှန်အ စည်းအဝေး ၁၃ ကြိမ်ကျင်းပ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

AHO

 

Rate this item
(0 votes)
back to top