HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် စွမ်းဆောင်ရည်မြင့်မားစေရန် ဧရာဝတီတိုင်းဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရာအိမ်မှူးများကို သင်တန်းပို့ချမည်  

အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် စွမ်းဆောင်ရည်မြင့်မားစေရန်  ဧရာဝတီတိုင်းဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရာအိမ်မှူးများကို သင်တန်းပို့ချမည်   

ပုသိမ်

အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် စွမ်း ဆောင်ရည်မြင့်မားလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ် စုများမှ ရာအိမ်မှူးများကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင် တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လတတိယပတ်တွင် တိုင်း ဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ရာအိမ်မှူး ၁၆ဝ၉ဝ ကို သင်တန်းပို့ချနိုင်ရန် စီစဉ်ထားပြီး သင်တန်းတွင် ရဲတပ်ဖွဲ့၊ လူဝင် မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေ စာရင်း ဦးစီးဌာနနှင့်ဥပဒေရုံးတို့မှ သိသင့်သိထိုက်သည်များကို ထုတ်နုတ်၍ သင်တန်းများပို့ချသွားမည် ဖြစ်သည်။

''ကောင်းမွန်တဲ့အစိုးရဖြစ်ဖို့အတွက် တရားဥပဒေစိုးမိုးဖို့အတွက် အဓိကဖြစ်တဲ့ဒီသင်တန်းကို ပို့ချစေတာဖြစ်တယ်။ ဖြစ်လာတဲ့ ပြဿနာတွေကို ဒီလိုဖြေရှင်းရ တယ်ဆိုတာသိအောင် Shot To The Point သင်ကြားပေးမှာပါ''ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦး လှမိုးအောင်က ပြောသည်။


ရာအိမ်မှူးများလုပ်ငန်းစွမ်း ဆောင်ရည်မြင့်မားရေးသင်တန်း များကို မြို့နယ်အလိုက် တစ်ပြိုင်တည်းနေရာများခွဲ၍ ဇွန် ၂၃ ရက် မှ ဇွန် ၂၇ ရက်အတွင်း ကျင်းပ သွားမည်ဖြစ်ပြီး အဆိုပါသင်တန်း များဖွင့်လှစ်နိုင်ရန်အတွက် ဇွန် ၃ ရက် မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေး ခန်းမ(၁)၌ လုပ်ငန်းအကြိုညှိနှိုင်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

MM

#democracytoday

Rate this item
(0 votes)
back to top