HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြင်ပလေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေ  

ပြင်ပလေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေ   

မကွေး

ပြင်ပလေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် လေ့လာဆန်းစစ်တွေ့ရှိချက် အရသိရကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည်။  ဇွန် ၅ ရက်နံနက် ၈ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

''လေထုညစ်ညမ်းမှုဟာ ကြောက် မက်ဖွယ်ရာ အသံတိတ်လူသတ် သမားဖြစ်ပြီး ကုလသမဂ္ဂပတ်ဝန်း ကျင်အစီအစဉ်ရဲ့ လေ့လာဆန်း စစ်တွေ့ရှိချက်အရ အိမ်တွင်းမှုနဲ့ စက်ရုံ၊ အလုပ်ရုံအတွင်း လေထု ညစ်ညမ်းမှုကြောင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပြီး နှစ်စဉ်ကမ္ဘာပေါ်မှာ လူဦး ရေ ၄ ဒသမ ၃ သန်းခန့်နဲ့ ပြင်ပ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့် သေဆုံးနေကြရတယ်လို့သိရတယ်။ ဒါ့အပြင် ကမ္ဘာ့မြို့ပြဒေသတွေမှာ နေထိုင်တဲ့လူဦးရေရဲ့ထက်ဝက် ကျော်ခန့်သာ သန့်ရှင်းတဲ့ကျန်းမာ ရေးနဲ့ ညီညွတ်တဲ့လေကိုရှူရှိုက်ခွင့် ရကြောင်း လေ့လာသိရှိရပါတယ်။ လေထုညစ်ညမ်းမှုဟာ ကမ္ဘာကြီးကို ပူနွေးစေပြီး ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကိုပါ ဖြစ်စေပါတယ်''ဟု မကွေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဒေါက်တာအောင်မိုးညိုက ပြောကြားသည်။


အဆိုပါအခမ်းအနားတွင် မ ကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး မြန်မာ နိုင်ငံ အမျိုးသားပတ်ဝန်းကျင် ရေးရာမူဝါဒ၊ မြန်မာနိုင်ငံရာသီဥ တု ပြောင်းလဲမှုဆိုင်ရာမူဝါဒ မ ဟာဗျူဟာနှင့် ပင်မလုပ်ငန်းစဉ်များ စာအုပ်ကို လွှတ်တော်နှင့် အစိုးရ အဖွဲ့မှ တာဝန်ရှိသူများထံပေးအပ် ပြီး သဘာဝပတ်ဝန်းကျင်နှင့်ဆိုင် သည့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူနှင့် အလွတ်တန်းဆောင်းပါး ပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီး များ၊ တာဝန်ရှိသူများက ချီးမြှင့်ခဲ့ ကြသည်။ ဆက်လက်၍ လေထုညစ်ညမ်း မှုဆိုင်ရာ အသိပညာပေးဗီဒီယိုပြ သပြီး တိုင်းဒေသကြီးသဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝမ်းမောင်က လေထုညစ်ညမ်းမှု ဆိုင်ရာ သိကောင်းစရာခေါင်းစဉ် ဖြင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top