HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့ရိုးရာ ဆံပင်ထုံးဖွဲ့မှု ဆံရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံ  

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာ့ရိုးရာ ဆံပင်ထုံးဖွဲ့မှု ဆံရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူများ တွေ့ဆုံ   

မင်းဘူး၊ ဇွန် ၂၇

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် မြန်မာ့ရိုးရာ ဆံပင်ထုံးဖွဲ့မှု ဆံရစ်ဝိုင်းထားရှိသည့် မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့ နယ် ရေပုတ်ကြီးကျေးရွာမှ ဒေသ ခံပြည်သူများနှင့် ဇွန် ၂၇ ရက် နံနက် ၁ဝ နာရီက တွေ့ဆုံခဲ့ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်က ရေပုတ်ကြီး ကျေးရွာတွင် ကျောင်းနေအရွယ် ကလေးများမှာ လေးတန်းအထိ သာနေသူများသဖြင့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားကြ ရန်နှင့် မိဘများမှလည်းကလေး များကို ပညာရေးမြှင့်တင်ပေးရန် မှာကြားခြင်း၊ ထို့ပြင် ကျန်းမာရေး စိုက်ပျိုးရေး၊ စီးပွားရေးနှင့် ပတ် သက်၍ မေးမြန်းဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်သည် ဒေသခံပြည်သူ များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးခြင်း၊ ရွှေညာမြေဓာတ်ပုံပြခန်းသို့ လှည့်လည်ကြည့်ရှုခဲ့ပြီး ရေပုတ် ကြီးကျေးရွာ ရွာဦးဘုန်းကြီးကျောင်း ဆရာတော်ထံသို့ သွားရောက်ဖူး မြော်ခဲ့သည်။ အဆိုပါရေ ပုတ်ကြီးကျေးရွာ မှာ လယ်ယာမြေများရှိသော်လည်း မိုးလေဝသ ရာသီဥတုမကောင်း ခြင်းကြောင့် ဆည်ရေရရှိသည့်ကျေး ရွာများသို့ လယ်ယာများ သွား ရောက်လုပ်ကိုင်ရသဖြင့် ဆည်ရေ ရရှိနိုင်ရေးနှင့် ကျေးရွာအတွင်း လျှပ် စစ်မီးမရှိသဖြင့် လျှပ်စစ်မီးရရှိနိုင် ရေးကို နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ ကျေးရွာသူ၊ ကျေးရွာသား များက တင်ပြတောင်းဆိုခဲ့ကြသည်။


''ကျွန်မတို့ရွာက အရင်တုန်းက လမ်းပန်းဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် ဌာနဆိုင်ရာ အကြီးအကဲဆိုလို့ မြို့နယ် မှူးလောက်သာ ရောက်ဖူးတာပါ။ အခုလိုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြည်သူတွေက ချစ်မြတ်နိုးတဲ့ အမေစု လာတယ်ဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်''ဟု ရေပုတ်ကြီး ကျေးရွာ ဆံရစ်ဝိုင်း ထားရှိသည့် အမျိုးသမီး မပြုံးပြုံးရီ က ပြောသည်။ ရေပုတ်ကြီးကျေးရွာတွင် ဆံရစ်ဝိုင်းထားရှိသည့် မိန်းကလေး ယောက်ျားလေး ၆ဝဝ ကျော်ရှိ ကြောင်း သိရသည်။ အဆိုပါတွေ့ဆုံပွဲတွင် မကွေး တိုင်းဒေသကြီးအတွင်းရှိ မကွေး၊ မင်းဘူး၊ စလင်း၊ ပွင့်ဖြူ၊ နတ် မောက် စသည့် မြို့နယ်များမှ ပြည် သူများ ရေပုတ်ကြီးကျေးရွာအနီး တစ်ဝိုက်ရှိ ပြည်သူများတက် ရောက်ခဲ့သည်။


နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့ရိုးရာဆံပင်ထုံးဖွဲ့မှုဆံ ရစ်ဝိုင်းထားရှိသည့် ရေပုတ်ကြီးကျေးရွာ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲတွင် တင်ပြစာပေါင်း ၂၈ စောင် ပြည်သူများက တင်ပြခဲ့ကြောင်း သိရသည်။ ဇွန် ၂၇ရက် ညနေပိုင်းတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မကွေး မြို့ မြသလွန်စေတီတော်ကို ဝင် ရောက်ဖူးမြော်ခဲ့သည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top