HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာရွှေ့ပြောင်း အလုပ်သမားခုနစ်ဦး တရုတ်နိုင်ငံ၌ မှို အဆိပ်သင့်၊ တစ်ဦးသေဆုံး  

မြန်မာရွှေ့ပြောင်း အလုပ်သမားခုနစ်ဦး တရုတ်နိုင်ငံ၌ မှို အဆိပ်သင့်၊ တစ်ဦးသေဆုံး   

မူဆယ်၊ ဇွန် ၂၇

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဝမ်းဇီးရိုမြို့ မန်တီးကျေးရွာ ကြံစိုက်ခင်းတွင်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားခုနစ်ဦး မှိုအဆိပ်သင့်မှုဖြစ်ပွားခဲ့ပြီး ဇွန် ၂၆ ရက်တွင် တစ်ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ အဆိုပါကြံစိုက်ခင်းတွင် အလုပ်လုပ်နေကြသည့် မကွေးတိုင်းဒေသကြီး စေတုတ္တရာ မြို့နယ်နေ ဦးထွန်းထွန်းဦး(၃၆) နှစ်၊ ပွင့်ဖြူမြို့နယ်နေ ဦးထွန်းလင်း(၄၃)နှစ်၊ မောင်တင်ဆန်း လင်း(၁၈)နှစ်၊ မသိန်းသိန်းဝင်း(၂၈) နှစ်၊ ဦးစူပါ(၂၆)နှစ်၊ မစုမြတ်ခိုင် (၂၃)နှစ်နှင့် မကေဇင်သွယ်(၁၈) နှစ်တို့သည် ဇွန် ၂ဝ ရက်တွင် ၎င်းင်းတို့အလုပ်လုပ်ကိုင်လျက်ရှိသော ကြံစိုက်ခင်းဘေး၌ပေါက်နေသည့် မှိုကိုချက်စားမိရာမှ မှိုအဆိပ်သင့်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

''ကြံခင်းနားမှာပေါက်တဲ့မှိုကို ခူးပြီးချက်စားရာကနေ ခုလို ကမန်တော်တို့ အဆိပ်သင့်မှုဖြစ်ပွားခဲ့တာပါ''ဟု ဦးထွန်းလင်းက ပြောသည်။  ယင်းသို့ မှိုအဆိပ်သင့်မှုဖြစ် ဖြစ်ချင်း ဇွန် ၂ဝ ရက်ညပိုင်းက တရုတ်နိုင်ငံ ဝမ်းဇူးရိုဆေးရုံသို့ ပို့ဆောင်ကုသခဲ့ပြီး ထိုဆေးရုံမှတစ်ဆင့် ကျန်ဖုန်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ရာ ဇွန် ၂၆ ရက်အထိ ကုသမှုခံယူခဲ့သော်လည်း မှိုအဆိပ်သင့်သူလူနာများ၏ အခြေအနေမှာ ထူးခြားမှုမရှိကြောင်း အဆိုပါ မှိုအဆိပ်သင့်လူနာများအား ဇွန် ၂၆ ရက် ညနေ ၃ နာရီခန့်တွင် ယူနန်ပြည်နယ်ရှိ မြန်မာနိုင်ငံကောင်စစ်ဝန်ရုံး၏အကူအညီဖြင့် တရုတ်နိုင်ငံ ကျန်ဖုန်းဆေးရုံမှတစ်ဆင့် မြန်မာနိုင်ငံမူဆယ်မြို့ ပြည်သူ့ဆေးရုံသို့ လွှဲ ပြောင်းရောက်ရှိခြင်းဖြစ်ပြီး မူဆယ် ပြည်သူ့ဆေးရုံမှတစ်ဆင့် ဆက်လက် ကုသမှုခံယူရန်အတွက် မန္တလေး ပြည်သူဆေးရုံသို့ ကရုဏာလူမှုကူ ညီရေးအသင်းကားငါးစီးဖြင့် ပို့ ဆောင်ကာ လွှဲပြောင်းကုသခဲ့ ကြောင်း သိရသည်။


မန္တလေးပြည်သူ့ဆေးရုံသို့ ပို့သည့် လူနာခုနစ်ဦးအနက် ဦးထွန်း ထွန်းဦး(၃၆)နှစ်သည် ဇွန် ၂၆ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်တွင် ကွက်ခိုင်မြို့နယ် ပါဂျလော့ကျေးရွာ နားအရောက်၌ သေဆုံးသွား ကြောင်း၊ ကျန်ခြောက်ဦးကို ဇွန် ၂၇ ရက် နံနက် ၅ နာရီခွဲခန့်က မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်ကုသမှုပေးခဲ့ရာ ကျန်မှိုအဆိပ်သင့်လူနာများမှာ အရေး ပေါ်အခြေအနေဖြင့် ကုသမှုခံယူ လျက်ရှိကြောင်း ကရုဏာလူမှုကူ ညီရေးအသင်းမှ ဦးသောင်းထွန်းက ပြောကြားသည်။ အလားတူ ၂ဝ၁၈ ခုနှစ် ဇွန်လက တရုတ်နိုင်ငံ၌ ကျန်ဖုန်းမြို့ ရှိ ကြံစိုက်ခင်းတွင် ကြံခုတ်ရန် လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများ ''မှိုအဆိပ်သင့်မှု''ဖြစ် ပွားခဲ့ခြင်းကြောင့် တရုတ်နိုင်ငံ ဆေးရုံမှတစ်ဆင့် မူဆယ်ပြည်သူ့ ဆေးရုံ၌ ကုသမှုခံယူသော်လည်း မှိုအဆိပ်သင့်သူခုနစ်ဦးမှ ခြောက်ဦး သေဆုံးမှုဖြစ်ပွားခဲ့သည်။ 

PS

#democracytoday

Rate this item
(0 votes)
back to top