HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီမြို့မှ သတင်းထောက်များအား အမှုဖွင့် တရားစွဲဆိုနေမှုများနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချပွဲ ကျင်းပ  

မြဝတီ ဇွန် ၂ ရက်

ကရင်ပြည် နယ်မြဝတီမြို့မှ သတင်းထောက်များအား အမှုဖွင့်တရားစွဲနေမှုများ နှင့်ပတ်သက်၍ မြဝတီမြို့မှသတင်း စာဆရာအသင်းဝင်များက ကန့်ကွက် ရှုတ်ချပွဲတစ်ရပ်ကို မြဝတီမြို့ မြစန္ဒီ ပန်းခြံအတွင်းရှိ City Home  စား သောက်ဆိုင်၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် မြ ဝတီမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌဦးထွန်းထွန်းဦးနှင့် မြဝတီ သတင်းစာဆရာများတက်ရောက် ကြပြီးအသင်းဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားပေးသည်။

ဆက်လက်ဖတ်ရှုရန် ...

ရာဇမဏိ စူဠာကောင်းမှုတော်စေတီကြီးတွင် ကပ်လှူရန်ကျန်နေသည့် ဆေးဖြူသင်္ကန်းနှစ်ထပ်ကပ်လှူမှု လုပ်ငန်းပြန်လည်စတင်  

စစ်ကိုင်း၊ ဇွန် ၁

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေ တီကြီး အဖြူရောင်ဆေးသင်္ကန်းကပ် လှူရန် နှစ်ထပ်ကျန်ရှိနေရာ ဇွန် ၁ ရက်မှစတင်၍ ဆေးဖြူသုတ် လုပ်ငန်းအဖွဲ့မှ ဒုတိယအကြိမ်ပြန် လည်စတင်ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ ဆေးဖြူသင်္ကန်းစတင်ကပ် လှူရန်အတွက် (safety) လုပ်ငန်း ဖြစ်သော Life Line များကို မေ ၃၁ ရက်တွင် စေတီတော်ကြီးပေါ် တပ်ဆင်ခြင်းလုပ်ငန်းအား ဆေး သုတ်လုပ်သားများမှ စတင်ဆောင် ရွက်ခဲ့ပြီး ဇွန် ၁ ရက်တွင် ဒုတိယ အကြိမ်ဆေးဖြူသင်္ကန်းကပ်လှူခြင်း ပထမအဆင့်အနေဖြင့် စေတီတော် ကြီးအား ရေဖြင့်ဆေးကြောသပ္ပါယ် ခြင်းလုပ်ငန်းများကို စတင်ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

နည်းပညာတက္ကသိုလ် (လွိုင်ကော်)အတွက် ငွေကျပ် ၁ဝ၈ ဒသမ ၅ သိန်းနှင့် မော်တော်ယာဉ်တစ်စီး ကယားပြည်နယ်အစိုးရအဖွဲ့ ထောက်ပံ့ပေးအပ်  

လွိုင်ကော်၊ ဇွန် ၁

နည်းပညာတက္ကသိုလ် (လွိုင်ကော်)တွင် လို အပ်သည့်ဆောင်ရွက်မှုနှင့် ပစ္စည်း ဝယ်ယူမှုအတွက် ကယားပြည်နယ် အစိုးရအဖွဲ့မှ ငွေ ၁ဝ၈ ဒသမ ၅ သိန်းကျပ်နှင့် မော်တော်ယာဉ် တစ်စီးတို့ကို မေ ၃၁ ရက် နံနက် ၉ နာရီခွဲက နည်းပညာတက္ကသိုလ် (လွိုင်ကော်) ဘွဲ့နှင်းသဘင်ခန်းမ ၌ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာန၊ နည်းပညာတက္က သိုလ် (လွိုင်ကော်)မှ ဆရာ၊ ဆရာ မများ၊ ဝန်ထမ်းမိသားစုများတွေ့ ဆုံစဉ် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရပိုင်မြေပေါ်မှ သတ်မှတ်ကာလအတွင်း ဖယ်ရှားခြင်းမရှိသည့် ဆိုင်ခန်းများကို အိမ်ဥပစာ(နှင်ထုတ်ခြင်း) ဥပဒေအရဆောင်ရွက်  

တာချီလိတ်၊ ဇွန် ၁

ရှမ်းပြည်နယ်၊ အရှေ့ ပိုင်း တာချီလိတ်မြို့၊ အကောက်ခွန်ဦးစီး ဌာနပိုင်မြေပေါ်၌ ငှားရမ်းဖွင့်လှစ်ထား သည့် ဈေးဆိုင်ခန်း ၁၂ ခန်းအား ဖယ်ရှားရန် သတ်မှတ်ထားသည့် ကာလအတွင်းပြောင်း ရွှေ့ပေးခြင်း မရှိသောကြောင့် အိမ်ဥပစာ (နှင်ထုတ်ခြင်း)ဥပဒေအရ ဇွန် ၁ ရက် နံနက် က အရေးယူဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ဇွန် ၁ ရက် နံနက် ၉ နာရီခန့်တွင် တာချီလိတ်မြို့နယ် အကောက်ခွန်ဦးစီး ဌာနမှ တာဝန်ရှိသူများသည် သက်သေများ နှင့်အတူ သတ်မှတ်ကာလအတွင်းဖယ်ရှား ပေးခြင်းမရှိသည့် ဆိုင်ခန်းများထဲမှပစ္စည်း များကို ပြောင်းရွှေ့ဖယ်ရှားခဲ့ပြီး ကားများ ဖြင့်တင်ဆောင်ကာ ပိုင်ရှင်များသယ်ယူလို သည့်နေရာသို့ပြောင်းရွှေ့ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

လမ်းနှင့်မလွတ်သော သက်တမ်းရင့် သစ်ပင်များခုတ်ရန် ၎င်းင်းကိုယ်တိုင် ညွှန်ကြားထားဟု စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ပြော  

မုံရွာ၊ မေ ၃၁ 

စစ်ကိုင်းတိုင်းဒေ သကြီး မုံရွာမြို့ ကျောက္ကာလမ်း ဘေးဝဲယာရှိ သက်တမ်းရင့်တမာ ပင်ကြီးများကို လမ်းနှင့်မလွတ်ပါ က ခုတ်ရန် ¤င်းတို့ကိုယ်တိုင်ညွှန် ကြားထားခြင်းဖြစ်ကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက် တာမြင့်နိုင်က ပြောကြားသည်။ မေ ၃ဝ ရက်က ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တတိယတစ်နှစ်တာလုပ်ဆောင် ချက်များ သတင်းစာရှင်းလင်းပွဲ တွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်မြို့ ၌ ကလေးသုံးမြွှာပူး ခွဲစိတ်မွေးဖွားမှု အောင်မြင်  

ပြည်၊ မေ ၃၁

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ ဗိုလ်ချုပ်လမ်းရှိ ပါရမီရှင် ပုဂ္ဂလိကပိုင်ဆေးရုံကြီး၌ မေ ၂၇ ရက်က ကလေးသုံးမြွှာပူး ခွဲစိတ်မွေး ဖွားမှု အောင်မြင်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြေပုံမြို့နယ်တွင် ခရီးသည်တင်ယာဉ် မြေမြှုပ်မိုင်း ထိမှန်ပျက်စီး  

မြေပုံ၊ မေ ၃၁ 

မြေပုံမြို့နယ် တွင် ခရီးသည်တင်ယာဉ် မြေမြှုပ် မိုင်းထိမှန်ပျက်စီးခဲ့ပြီး ခရီးသည် ထိခိုက်မှုမဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ရခိုင်ပြည်နယ် ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း စစ်တွေမှ ရန်ကုန် သို့ထွက်ခွာလာသည့် ရွှေမန်း ရတနာခရီးသည်တင် Express ယာဉ်မှာ မေ ၃၁ ရက်၊ ညနေ ၅ နာရီခန့်က မြေပုံမြို့နယ်၊ ပင်ကပ် ချောင်းကျေးရွာအုပ်စု၊ ကြအင်း တောင်ကျေးရွာအလွန် ကားလမ်း မိုင်တိုင်(ET၄၇၁/၂၅၉) အ ရောက်လမ်းညာဘက်ခြမ်းမှ မြေမြှုပ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စုံစမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေးတိုင်းဒေသကြီး အတွင်း၌ အသက်ငါးနှစ်ပြည့်ပြီး ကျောင်းစတက်မည့်ကျောင်းသား၊ ကျောင်းသူဦးရေ ၅ဝဝဝဝ ကျော်ရှိ  

မကွေး၊ မေ ၃ဝ

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ်တွင် မကွေး တိုင်းဒေသကြီးအတွင်း အသက် ငါးနှစ်ပြည့်ပြီး ကျောင်းစတက်မည့် ကျောင်းသား၊ ကျောင်းသူဦးရေ ၅ဝဝဝဝ ကျော်ရှိကြောင်း မကွေး တိုင်းဒေသကြီးအခြေခံပညာဦးစီး ဌာနမှသိရသည်။ မကွေးတိုင်းဒေသကြီးအတွင်း ဧပြီလက ကျောင်းနေအရွယ်ကလေး များစာရင်းကောက်ယူရာတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၂ဝဝဝဝ ကျော်ရှိပြီး ယခုနှစ်တွင် အသက်ငါးနှစ်ပြည့်၍ ကျောင်းစ တက်မည့် ကျောင်းသား၊ ကျောင်း သူဦးရေ ၅ဝဝဝဝ ကျော်ရှိကာ KG မပါမူလတန်းကျောင်းသား၊ ကျောင်းသူ ၃ဝဝဝဝဝ ကျော်ရှိသည်။

ဆက်လက်ဖတ်ရှုရန် ...